Search This Blog

Showing posts with label အိန္ဒိယ. Show all posts
Showing posts with label အိန္ဒိယ. Show all posts

Wednesday, January 18, 2017

မဟာဗောဓိစေတီတော်


မဟာဗောဓိစေတီတော်
*****************
မဟာဗောဓိစေတီတော်သည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာခဲ့ပြီဖြစ်၍
သီရိဓမ္မာ သောကမင်းကြီး နန်းစံ ၁၀ နှစ် ၁၁ နှစ်ခန့်တွင် စတင် တည်ထားသော ဘုရားရှင်ပွင့်တော်မူရာ အထိမ်းအမှတ် စေတီဖြစ်သည်။

သီရိဓမ္မာ သောကမင်းကြီး၏နောက် ဗုဒ္ဓဘာသာဝင် မင်းများက ထပ်မံမွမ်းမံကြ၍ ဗြိတိသျှ အစိုးရလက်ထက်တွင် မြန်မာဘုရင် မင်းတုန်းမင်း ၏ အလိုတော်အရ ဗြိတိသျှအစိုးရက မွမ်းမံပြင်ဆင်ပေးခဲ့သည်။ အိန္ဒိယ အစိုးရလက်ထက်တွင် ဘုရားကျောင်းကန် အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်၍ မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပေးသည်။

ထိုစေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၁၈၀ ခန့်ရှိသည်။ အရင်းကားပြီးလျှင် အဖျားရှူးသော လေးထောင့်ပုံသဏ္ဌာန်ရှိ၍ ဗိသုကာလက်ရာထူးခြားကောင်းမွန်လှသည်။
စေတီတော်သည် နှစ်ဆင့်ဖြစ်သည်။

အောက်ပိုင်းသည် ဂူကျောင်းပုံစံဖြစ်၍ အတွင်း၌ ရုပ်ပွားတော် တဆူ ကိန်းဝပ်လျက် ရှိသည်။ အပေါ်ပိုင်းသည် စေတီဖြစ်သည်။ စေတီ၏ ဖိနပ်တော် ထောင့်လေးထောင့်၌ စေတီမကြီး၏ ပုံသဏ္ဌာန်မျိုး အရံစေတီ တစ်ဆူစီရှိသည်။

မဟာဗောဓိပင်
************
ဗုဒ္ဓဘာသာဝင် ဘုရားဖူးများ ဗုဒ္ဓဂါယာ၌ အဓိက ဖူးမျှော်ကြသော မဟာဗောဓိပင်သည် ပေတရာခန့် မြင့်သည်။ မဟာဗောဓိစေတီ၏ အနောက်ဖက်တွင် ရှိသည်။ မြတ်စွာဘုရားသခင်၏ ဖွားဖက်တော် တစ်ပါးဖြစ်၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိခဲ့ရာဖြစ်သည့် မူလဗောဓိပင်ကား မဟုတ်ပေ။

သမိုင်းများအဆိုအရ ဟိန္ဒူဘုရင် သသင်္ကသည် ထိုဗောဓိပင်ကို ခုတ်လှဲဖျက်ဆီးခဲ့သည်။ သို့သော် ထိုမဟာဗောဓိပင်၏ အမြစ်နေရာမှပင် ဗောဓိပင် တစ်ပင်ပေါက်လာသည်။

ထိုဗောဓိပင်သည်လည်း ၁၈၇၀ ပြည့်နှစ်တွင် အပင်လဲသွားရာ ထိုအချိန်က မဟာဗောဓိစေတီအား ဗြိတိသျှ အစိုးရအမိန့်ဖြင့် ပြင်ဆင်မွမ်းမံလျက်ရှိသော ဆာအယ်လက်ဇန္ဒား ကန္နင်ဂမ်က မူလဗောဓိပင်နေရာ၌ လဲကျသွားသော ပင်မကြီးမှ အကိုင်းတကိုင်းကို ပြန်၍စိုက်ပျိုးထားခဲ့ရာ ယခုဖူးတွေ့ရသည့် မဟာဗောဓိပင်သည် ထိုဗောဓိပင်ပွား ဖြစ်လေသည်။

စွယ်စုံကျမ်းမှ ကူးယူဖော်ပြသည်။

အိန္ဒိယ နှင့် ဗုဒ္ဓဘာသာ ၂


ဗုဒ္ဓမြတ်စွာဟာ တရားဓမ္မတွေဟောကြားတဲ့အခါ အများအားဖြင့်အရေအတွက် ကြီးမားများပြားတဲ့ ပရိတ်သတ်တွေ မရှိခဲ့ပါဘူး။ တစ်ဦးချင်းသို့မဟုတ်ရင် အရေတွက် အနည်းငယ်သာရှိတဲ့ ပရိသတ်တွေကိုသာ ဟောကြားခဲ့တာများပါတယ်။ ပထမဆုံး တရား ဓမ္မဟောကြားခဲ့ရသူတွေဟာ ရသေ့ ပရိဗိုဇ် ငါးဦးမျှသာဖြစ်တယ်။ ဒီလို ဟောကြားလိုက်လို့ နာကြားသူတစ်ဦးဟာ တရား အသိသက်ဝင်ကိန်းအောင်းသွားပြီး နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်ပြီ၊ ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီ ဆိုတာနဲ့ သူဟာ ဆရာ ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတော်တွေကို ပြန့်ပွားစေဖို့ တာဝန်ကို ထမ်းဆောင်ရပါတယ်။

ဗုဒ္ဓမြတ်စွာဟာ ပရိနိဗ္ဗာန်စံတော် မူဖို့ ညောင်စောင်း မှာ နောက်ဆုံးအချိန်လဲလျောင်းတော်မူခဲ့တဲ့ကာလမှာတောင် တရားဓမ္မဟောကြားပြသဖို့ မောပမ်းတော်မမူခဲ့ ပါဘူး။ ဗုဒ္ဓရှင်တော်ဟာ အဲဒီနောက်ဆုံးအချိန်မှာ ပရိဗိုဇ်တစ်ဦးကို တရားဓမ္မနဲ့ပတ်သက်ပြီး မေးမြန်းခွင့်ပြုခဲ့ကြောင်း ပိဋကတ် တော်မှာတွေ့ကြရတယ်။ ဘုရားဖြစ်ပြီးတဲ့ ဘ၀တစ်လျှောက်လုံးမှာလည်း ဗုဒ္ဓမြတ်စွာဟာ တရားနာကြားနိုင်စွမ်းရှိတဲ့သူတွေ ကို တရားဓမ္မဟောကြားဖို့အတွက် လမ်းအသွယ်သွယ်မှာ တစ်ပါးတည်း ကြွချီတော်မူခဲ့ တယ်။ ပြစ်တင်စော်ကားတဲ့ လူအချို့ ကိုတောင်မှ တရားဓမ္မမဟောကြားဘဲ လှည့်ထွက်သွားတော်မမူခဲ့ဘူး။ ဒီလို အနည်းအကျဉ်းနဲ့ ဗုဒ္ဓမြတ်စွာ စတင်ခဲ့တဲ့ သာသနာ ခရီးဟာ နောက်ဆုံးမှာ အကြီးအကျယ်ပြန့်ပွားသွားခဲ့တယ်။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်ကာလမှာ ဗုဒ္ဓ၀ါဒဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက လူများစွာရဲ့ ကိုးကွယ်ယုံကြည်ရာ ဘာ သာတရားဖြစ်ခဲ့တယ်ဆိုတာကို ပိဋကတ်တော်ထဲက အစောပိုင်း သုတ္တံဒေသနာတော်တွေကို ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

အဲဒီခေတ်ကာလ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ တည်ရှိခဲ့တဲ့ တိုင်းနိုင်ငံ (၁၆) နိုင်ငံအနက်က မာဂဓတိုင်းနဲ့ ကောသလတိုင်းဟာ စီးပွားရေးနဲ့ နိုင်ငံရေးအားဖြင့် ပိုမိုသြဇာကြီးမား ဖွံ့ဖြိုးခဲ့တဲ့ နိုင်ငံတွေဖြစ်တယ်။ ဗုဒ္ဓမြတ်စွာကလည်း ဘုရားဖြစ်ပြီးကာလ ဘ၀ တစ်လျှောက်မှာ အများအားဖြင့် ဒီ တိုင်းဒေသနှစ်ခု အတွင်းမှာ သီတင်းသုံးနေထိုင်တော်မူခဲ့တယ်။ မာဂဓတိုင်းရဲ့ ဘုရင် ဗိမ္ဗိသာရမင်းနဲ့ သားတော် အဇာတသတ်မင်း၊ ကောသလတိုင်းရဲ့ ဘုရင် ပသနဒီ ကောသမင်းတို့ဟာ ဗုဒ္ဓ၀ါဒကို အဓိက ချီးမြှောက်ထောက်ပံ့ခဲ့တဲ့ မင်းတွေဖြစ်ခဲ့တယ်။

ဗိမ္ဗိသာရမင်းဟာ သူ့ရဲ့ဥယျဉ်တစ်ခုဖြစ် တဲ့ ဝေဠုဝန်ဥယျဉ်တော်ကို ဗုဒ္ဓမြတ်စွာ အတွက် ပထမဆုံး ကျောင်းတော်အဖြစ်လှူဒါန်းခဲ့ကြောင်း ကျမ်းဂန်မှာ မှတ်တမ်းတင်ထားတယ်။ ကောသလမင်းကြီးကတော့ ဗုဒ္ဓမြတ်စွာရဲ့ ရှေ့တော်မှာ အလျားမှောက်ပြီး ခြေတော်အစုံကို နမ်းရူံတဲ့အထိ ဗုဒ္ဓမြတ်စွာကို ကြည်ညိုမြတ်နိုးကြောင်းတွေ့ကြ ရတယ်။ ဒီ မင်းကြီးနဲ့ ဗုဒ္ဓမြတ်စွာဟာ ဘယ်လောက် ရင်းနှီးတဲ့ထိတွေ့မူရှိသလဲ ဆိုတာကို သံယုတ္တနိကာယ်က သုတ္တံတရား (၂၅) သုတ် ပါတဲ့ ကောသလသံယုတ် က ဖော်ပြနေပါတယ်။

အခြားတိုင်းနိုင်ငံ အများစုဟာလည်း ဗုဒ္ဓ၀ါဒရဲ့ လွှမ်းမိုးမူအောက်မှာ တည်ရှိခဲ့ကြောင်းကို ဗုဒ္ဓမြတ်စွာရဲ့ အဲဒီတိုင်းနိုင်ငံတွေကို အကြိမ်များစွာ ကြွရောက်တော်မူခဲ့တဲ့ ဒေသစာရီခရီးတွေကတဆင့် သိရှိနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာဟာ ပထမဆုံးတရားတော်ကို ဗာရာဏသီက မိဂဒါဝုန်ဥယျဉ်မှာ ဟောကြားတော်မူခဲ့ပြီး၊ ဗာရာဏသီဟာ ကာသိတိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်တယ်။ငတ်မွတ် ဘေးစိုက်လို့ ပြည်သူပြည်သားတွေရဲ့တောင်းပန်လျှောက်ထားမူနဲ့ ရတနာသုတ်တရားတော်ကို ဟောကြားခဲ့တာဟာ ဝေသာလီ မှာဖြစ်ပြီး၊ ဝေသာလီဟာ ၀ဇ္ဇီတိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်တယ်။

သာသနာတော်မှာ အဆုံးမရခက်သူတွေအဖြစ်ထင်ရှားတဲ့ ဆဗ္ဗဂ္ဂီယ ရဟန်းတော် ခြောက်ဦးဟာလည်း ၀ဇ္ဇီတိုင်းကဖြစ်ပါတယ်။ နောက်ဆုံး ပရိနိဗ္ဗာန်ပြုတော်မူခဲ့တဲ့ နေရာကတော့ ကုသိ နာရုံက အင်ကြင်းဥယျာဉ်တော်မှာဖြစ်ပြီး၊ မလ္လတိုင်းအတွင်းမှာ တည်ရှိတယ်။ ပရိနိဗ္ဗာန်စံတော်မူဖို့ ကုသိနာရုံကို ကြွချီတော် မူရာ လမ်းတစ်လျှောက်မှာ လည်း မြို့၊ ရွာပေါင်းများစွာ ဖြတ်သန်းတော်မူခဲ့ပြီးဝဇ္ဇီတိုင်းသူ၊ပြည်သားတွေကို တရားဓမ္မဟော ကြားတော်မူခဲ့ကြောင်း တွေ့ကြရတယ်။

ဓမ္မ၊ ၀ိနယ နဲ့ ပတ်သက်ပြီး အခြေအတင်အငြင်းပွားမူကြောင့် ဗုဒ္ဓမြတ်စွာကို ပါရိလေယျက တောအုပ်မှာတစ်ပါးတည်းသီတင်းသုံး နေထိုင်တော်မူအောင်ဖြစ်စေခဲ့တဲ့ရဟန်းတော်ရာပေါင်းများစွာဟာ ကောသမ္ဗီက ဖြစ်ပြီး၊ ကောသမ္ဗီဟာ ၀ံသတိုင်းရဲ့ မြို့တော် ဖြစ်တယ်။ ပိဋကတ်တော်မှာ အလွန်အရေးပါတဲ့ သုတ္တံဒေသနာတွေဖြစ်တဲ့ ‘‘မဟာသတိပဋ္ဌာနသုတ်နဲ့ မဟာနိဒါနသုတ်’’ တွေကို ဟောကြားခဲ့ရာဒေသဟာ ကမ္မာသဓမ္မ နိဂုံးရွာကြီးဖြစ်ပြီး၊ အဲဒီ ရွာဟာ ကုရုတိုင်းမှာ တည်ရှိခဲ့တယ်။

ဗုဒ္ဓ၀ါဒရဲ့ လွှမ်းမိုးမူအောက်မှာ တည်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းက နောက်ထပ်တိုင်းနိုင်ငံတစ်ခုကတော့ အ၀န္တိတိုင်း ဖြစ်တယ်။ဗုဒ္ဓမြတ်စွာဘုရား အကျဉ်းအားဖြင့်ဟောကြားတော်မူတဲ့ တရားဒေသနာတော်တွေကို အကျယ်ရှင်းပြရာမှာ အသာဆုံး၊ အမြတ်ဆုံး အဖြစ် ချီးမြှောက်ခြင်းခံခဲ့ရတဲ့ ရှင်မဟာကစ္စာယန မထေရ်ရဲ့ ဇာတိဟာ အ၀န္တိတိုင်းဖြစ်ပါတယ်။ မထုရာမြို့ဟာ အ၀န္တိတိုင်းရဲ့ မြို့တော်ဖြစ်ပြီး ဗုဒ္ဓရှင်တော်ကိုယ်တိုင်ကြွရောက်တော်မူခဲ့ကြောင်း တွေ့ကြရတယ်။ ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီး မကြာ ခင် ကာလတစ်ခုမှာ ရှင်မဟာကစ္စာယန မထေရ်မြတ်က မထုရာဘုရင်ကို ဟောကြားတော်မူခဲ့တဲ့ မဓုရာ သုတ်တော်ကို မဇ္ဈိမ နိကာယ်မှာ တွေ့နိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့ ဘုရားသက်တမ်းတစ်လျှောက်လုံး တရားဓမ္မတော်တွေ မနေမနား ဟောကြားပြသမူ၊ သပ္ပါယ်တော်မူတဲ့ ရုပ်ဆင်းအင်္ဂါတော်၊ နက်နဲတဲ့တရားဓမ္မတော်တွေကို နားလည်အောင်ဟောပြနိုင်စွမ်းနဲ့ လူအများနှစ်သက်လက်ခံဖွယ်ကောင်းတဲ့ သင်ကြားဟောပြမူဂုဏ် ရည် တော်တွေဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဗုဒ္ဓ၀ါဒ အလျင်အမြန် ပြန့်ပွားထွန်းကားခဲ့ခြင်းရဲ့ အဓိကအကြောင်းတ ရားများဖြစ်ခဲ့တယ်။ဗုဒ္ဓမြတ်စွာဟာ ကိုယ်တော်မြတ်ရဲ့ တရားဓမ္မတွေကို လူပေါင်းများစွာထံရောက် ရှိပြန့်နှံ့စေချင်ခဲ့မယ်လို့ ယူဆရပါတယ်။

ဒါကြောင့် မို့ သူ့ရဲ့ တပည့်သာဝကတွေကို တရားဓမ္မဟောကြားဖို့အတွက် တိုင်းပြည် ဒေသအသီးသီးကို စေလွှတ်ခဲ့တာဖြစ်တယ်။ ပထမဆုံးအကြိမ် တပည့်သာဝက ရဟန္တာမထေရ် အပါး (၆၀) ပေါ်ထွန်းခဲ့တဲ့အခါတုန်းက ဗုဒ္ဓမြတ်စွာဟာ ဒီ တပည့်ရဟန်းတော် တွေကို လူ၊ နတ်များစွာ အကျိုးစီးပွားဖြစ်ထွန်းစေအောင် လမ်းခရီးတစ်ခုမှာ နှစ်ပါးမသွားဘဲ တရားဓမ္မဟောကြားတော်မူကြဖို့တိုက်တွန်းစေလွှတ်တော်မူကြောင်း ပိဋကတ်တော်မှာ တွေ့ကြရတယ်။

ဗုဒ္ဓမြတ်စွာရဲ့ တပည့်သာဝက ရဟန္တာမထေရ်မြတ်တွေ အားလုံးဟာလည်း မိမိတို့ကိုယ်တိုင် ရဟန္တာဖြစ်တော် မူပြီးတာနဲ့ သာမာန်လူတွေကြားမှာ သီတင်းသုံးနေထိုင်တော်မူပြီး ဗုဒ္ဓ၀ါ ဒ ပြန့်ပွားထွန်းကားဖို့အတွက် အများကြီးဆောင်ရွက်တော်မူခဲ့ကြတယ်။

ဘိက္ခု ကေသရ
ref: Popularization of Buddhism in India by Prof.Dr. Kapila
Abhayawansa
Posted by bhikkhukesara

အိန္ဒိယ နှင့် ဗုဒ္ဓဘာသာ


ကိရာတ

အိန္ဒိယနိုင်ငံတော်၏ယဉ်ကျေးမှုသည် အေရိယံ၊ ဒရာဘိဒိယံ၊ အေစထရစ်(ကိုလ်)နှင့်မောင်ဂိုလွိုက်စသည့်အကွဲကွဲအပြားပြားတို့ လူမျိုးစုများ၏ဖန်တီးမှုကြောင့်သာ ဖြစ်ပေသည်။

ဤကဲ့သို့ သမိုင်းတစ်လျှောက်တွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့ရာတွင် အေရိယံ(ဗမပညေ)၊ အောစထရစ်(ဗကျအမငခ)နှင့်ဒရာဘိဒိယံ(ီမလေငိငညေ)စသော လူမျိုးစုများအကြောင်းကို အချို့လေ့လာပြီးစီး၍ အချို့က လေ့လာဆဲဖြစ်သော်လည်း မောင်ဂိုလွိုက်(ဩညါသူသငိ) လူမျိုးများနှင့် ပတ်သက်ရာတွင်မူ သေသေချာချာ ခွဲစိတ်ဖြာသုတေသနပြု၍ ယခုမှသာ စတင်လေ့လာရန်သာ ဖြစ်ပါသည်။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနှင့်ယဉ်ကျေးမှုပေါင်းစုံတို့ တွေ့ဆုံရာ အိန္ဒိယနိုင်ငံတော်။

ကမ္ဘာကျော် ကဗျာဆရာကြီး ရာဘင်တရာနတ်တဂိုး(ျွဘေငညိမေညေအွေှ့ေါသမန) သည် သူ၏များပြားလှစွာသော ကဗျာတွေထဲက ကဗျာတစ်ပုဒ်ထဲ၌ အိန္ဒိယတိုင်းပြည်ကြီးကို အကွဲကွဲအပြားပြားသော လူသားတွေ ဝင်ရောက်လာပြီး ညီညွှတ်ပြေပြစ်သွားတဲ့မဟာသမုဒ္ဒ ရာကြီးနှင့်နှိုင်းယှဉ်ခဲ့ပါသည်။
မည်သူမျှမသိတဲ့ မည်သူက ခေါ်လို့မည်သည့်နေရာကလာမှန်းမသိတဲ့ များပြားလှ စွာသော လူ့ရေစီးကြောင်းကြီးတွေသည် ခုခံတားဆီးနိုင်စွမ်းမရှိတဲ့ဒီရေလှိုင်းတွေနှင့်အတူ ပင်လယ်ထဲကို စီးဆင်းဝင်ရောက်ပျောက်ကွယ်သွားကြတယ်လို့ ဆိုတဲ့သူရဲ့(ြ့မေအွှေေငမအေ) ဘာရတာ တာတ၊ သို့မဟုတ် (ှခေမနွျှိအေနမ) မြင့်မြတ်သောရေ လို့ဆိုတဲ့ကဗျာထဲမှာအ
ရောင်ပြပြီး အိန္ဒိယနိုင်ငံ၏အရေးကြီးသောသမိုင်းလမ်းကြောင်းကို မီးမောင်းထိုးပြခဲ့ပါသည်။

မောင်ဂိုလွိုင်လူမျိုးများသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းများမှ လူ
ဦးရေများထဲတွင် အတော်မှတ်သားစရာကောင်းလောက်အောင် ပါဝင်ခဲ့ကြပေသည်။ သူတို့ တစ်တွေသည် အာသံပြည်နယ်၊ မြောက်နှင့်အရှေ့ဘင်္ဂလားပြည်နယ်၊ မြောက်ဘီဟာနယ်နှင့် ဟိမဝန္တာတောင်ကြောနှင့်နီပေါပြည်နယ်များတွင် ခြေကုပ်ယူခဲ့ကြလေသည်။

မောင်ဂိုလွိုင်လူမျိုးများကို သုံးမျိုးသုံးစား ခွဲခြားနိုင်ပါသည်။
(၁) ဟိမဝန္တာတောင်တန်း၊ နီပေါနှင့်အာသံပြည်နယ်များတွင် တွေ့နိုင်သော ရှေးကျသည့်ဦးခေါင်းရှည်လူမျိုး။
(၂) ရှေးမကျတကျနှင့်ပိုမိုတိုးတက်သော မြန်မာနိုင်ငံတွင် ရှိပြီး ရခိုင်မှတစ်ဆင့် စစ်တကောင်းအထိ ဖြန့်ချဲ့လာသောဦးခေါင်းတိုလူမျိုး။
(၃) အရပ်ရှည်ရှည်၊ အသားလတ်လတ် ပိုမို၍ တိုးတက်သော တိဘက်တိုမောင်ဂိုလွိုင်လူမျိုးတို့ ဖြစ်လေသည်။

သိပ္ပံနည်းအရ လေ့လာ၍ စင်နိုတိဘက်တန်(ှငညသွှငဘနအညေ)စကားပြောနည်းများကိ
(၁)တိဘက်တိုဘာမင်(ွှငဘနအသ ကြမာညေ) (၂)ဆိုင်ယမ်းမိချိုင်းနီစ်(ွငောန်န-ဃ့ငညန်န)ဟု
နှစ်မျိုးနှစ်အုပ်စုဟူ၍ အတန်းအစား ခွဲခြားပြနိုင်ပါသည်။
ရှေးဦးတိဘက်မြန်မာ(ွှငဘနအသ-ကြမာညေ)လူမျိုးများသည် လွန်ခဲ့သော ခရစ်မပေါ်မီနှစ်ပေါင်း(၁၀ဝ၀)ကျော် (၁၀ဝ၀.ြ.ဃ)ကပင် အိန္ဒိယပြည်နယ်စပ်ကို ဖောက်ထွင်းဖြတ်ကျော်၍ဝင်လာကာ ဟိမဝန္တာ တောင်ဘက် တောင်ကြော တစ်လျှောက်၌ ခြေချနေထိုင်သည့်အကြောင်းများမှာ များစွာ ဖြစ်နိုင်ပါသည်။
သင်္သကရိုက်ဘာသာ၏ဖွင့်ဆိုချက်များအရဆိုလျှင် ကိရာတ(ုငမအေေ)ဆိုသည်မှာ
ပင်ကိုမောင်ဂိုလွိုက်လူမျိုးဖြစ်၍ အထူးသဖြင့် ဟိမဝန္တာတောင်တန်းနှင့်အရှေ့မြောက်အိန္ဒိယနိုင်ငံတစ်ဝန်းတွင် နေထိုင်သော အေရိယံ(ဗမပညေ)လူမျိုးမဟုတ်သော လူရိုင်းများဖြစ်ကြောင်းကို အိန္ဒိယပညာရှင်များက ယူဆခဲ့ကြသည်။
ကိရာတလူမျိုးများသည် တရုတ်လူမျိုးများ၊ အခြားမောင်ဂိုလွိုက်လူမျိုးများနှင့်
ဆက်နွှယ်ခဲ့ကြသည်။

သူတို့သည် နဂိုရှိရင်းစွဲ ရှေးကျ၍ ရိုင်းစိုင်းသော အောစထရစ်(ဗကျအမငခ)နှင့်မတူတမူကွဲပြားမှု ရှိနေပေသည်။ မောင်ဂိုလွိုက်လူမျိုးများနှင့်ကိရာတလူမျိုးများ အသွင်အပြင် ဟန်ပန်
တူညီခ်က္မ်ားကို စင္ဗိန္လဲဗီး(ွပူလေငည ဴနလင-ၿနစေူ လသူ(ႈ) ဏေမင် ၁၉၀၅. ဏဏ.၇၅အအ)ဆိုတဲ့
ပုဂ္ဂိုလ်ကြီးက ဖော်ပြခဲ့လေသည်။ ၎င်းပုဂ္ဂိုလ်ကြီးကပင် မဟာဘာရတ(ြေ့ဘေ့မေအေေ)နှင့်အ
ခြားသောကျမ်းများကို ကိုးကား၍သော်လည်းကောင်း၊ ရှေးပဝေသဏီက ဟင်ဒီစာရေးဆရာကြီးများ၏သဘောသကန်က ထောက်ပြ၍သော်လညးကောငး၊ မောင်ဂိလွိုက်များနှင့ကိရာတ တို့ပုံပန်းဟန်ပန်များနှင့်ဆက်နွှယ်ပုံများကို ဖော်ပြခဲ့လေသည်။ ထို့ကြောင့် ကိရာတတို့သည်မောင်ဂိုလွိုက်လူမျိုးဖြစ်ကြောင်း ကျွန်ုပ်တို့ ကောက်ချက်ချနိုင်ပေသည်။

ကိရာတတို့သည် ရွှေကဲ့သို့ ဝင်းဝါသော အရောင်အဆင်းများ ရှိကြသည်။ မြေပြန့်မှနေထိုင်ခဲ့ကြသော အခြားများပြားသောလူမျိုးစုများနှင့်အေရိယံခေတ်မတိုင်မီ(ဏမန-ဗမပညေ)က လူမျိုးများကဲ့သို့ မည်းသော မှောင်သော အရောင်အဆင်းရှိသောလူမျိုး မဟုတ်ပေ။

အဝါရောင်ရှိသောကိရာတလူမျိုးများနှင့်သူတို့၏မဟာမိတ်၊ သို့မဟုတ် သူတို့မွေး
ချင်းပေါက်ဖော်များ ဖြစ်ကြသော (ဃငညျေ)တရုတ်လူမျိုးများအကြောင်းကို မဟာဘာရတ(ြေ
့ဘေ့မေအေေ)ဇာတတော်ကြး၌ ကိရာတနှင့တရုတ်စစ်သားများသည ဘဂဒါတ(ြ့ေါေိအေ့ေ)တပ်မတော်တွင် သူတို့၏အရောင်အဆင်းမှာ ရွှေရောင်ပေါက်နေပြီး သူတို့တပ်မတော်ကို
မြင်ရသည်မှာ အဝါရောင်ပန်းများ(ုမေညငုမျေေ)ဖြင့် ဖုံးအုပ်နေသောတောအုပ်ကြီးလိုပင်
ဖြစ်ပါသည်ဟု ဖော်ပြပါရှိခဲ့ပါသည်။ ရာမရန(ျွောပေညေေ)ဇာတ်တော်ကြီး၌လည်း အဝါရောင်
ကိရာတများနှင့်ပတ်သက်၍ ဖော်ပြခဲ့ပါသည်။

ကိရာတများသည် ခေါင်းပုံ၌ ဆံပင်ကို ထောင်၍ချွန်နေအောင် ထုံးထားပြီး ရွှေရောင်တမျှတောက်ပနေသဖြင့် များစွာပင် ကြည့်လို့ကောင်းကြောင်း၊ ရေအောက်တွင်လည်းကျွမ်းကျင်စွာ လှုပ်ရှားကူးခတ်တတ်ပြီး တကယ်ပင် ကြောက်စရာကောင်းသောကျားလူမျိုး(ကျားကဲ့သို့အားမာန်ပြည့်သူများ)ဖြစ်ကြောင်း ဖော်ပြထားခဲ့ပါသည်။

အရှေ့ဘက်နှငတောငပေါ်ဒေသတစလျှောကနေသောကိရာတတိ့မှာ ယင်းတောင်ပေါ်များမှရသော ရွှေများ၊ ငွေများ၊ ကျောက်သံပတ္တမြားများဖြင့် ချမ်းသာကြွယ်ဝသူများဖြစ်ပြီး အဝတ်အစားအမျိုးမျိုးကို ကျွမ်းကျင်စွာ ရက်ထုတ်နိုင်ကြောင်းသိရှိရလေသည်။

ကိရာတလူမျိုးများသည် လွန်စွာကြည့်ကောင်းသူများ ဖြစ်သော်လည်း စစ်ပွဲတွင်မူ
သူတို့လက်နက်များနှင့်အတူ ကြမ်းကြုတ်ရက်စက်တတ်ကြလေသည်။ ၎င်းတို့၏အဝါရောင်အရောင်အဆင်းများက အခြားအခြားသော အိန္ဒိယလူမျိုးများနှင့်သိသာထင်ရှားစွာ ကွဲပြားစေခဲ့လေသည်။

ကိရာတတို့သည် တောင်ပေါ်ဂူတွေထဲတွင် နေထိုင်တတ်ကြသောလူမျိုးများဖြစ်ပြီး၎င်းတို့ထံမှ ဆေးဝါးများ၊ ပရဆေးများ ရရှိကြောင်းကို ဝေဒခေတ် အေရိယံလူမျိုးက သိရှိခဲ့သည်။

အရှေ့မြောက်နှင့်အရှေ့အိန္ဒိယတွင် နေထိုင်ခဲ့သော ကိရာတမောင်ဂိုလွိုက်လူမျိုး
များနှင့်စောစောပိုင်းက ရောက်နေသောအောစထရစ်(ဗကျအမငခ)နှင့်ဒရာဗိဒိရမ်း(ီမလေငိငညေ)တို့ မည်သို့ဆက်သွယ်ခဲ့ကြသည်က မသိရသော်လည်း မြန်မာပြည်နှင့်အင်ဒိုချိုင်းနားပြည်တို့တွင် မောင်ဂိုလွိုက်များက ယင်းအောစထရစ်နှင့်ဒရာဗီဒီရမ်းလူမျိုးများကို လွှမ်းမိုးရောနှောပစ်ခဲ့လေသည်။

မြန်မာပြည်ကို အဆက်မပြတ် ဝင်ရောက်ခဲ့သော တိဘက်မြန်မာအုပ်စုများသည်
နောင်သောအခါ၌ ကွဲကွာသွားကြလေသည်။ တစ်စုက အာသံနှင့်ဗြဟ္မပုတ္တရမြစ်ဝှမ်းအထိ
ဆင်းလာပြီး နောင်တွင် ဘိုဒို(သြိသျ)နှင့်နာဂ(ၿေါေ်)လူမ်ိဳးမ်ား ပေါက်ဖွားစေခဲ့ပေသည်။
တစ်စုကမူ ကချင်နှင့်ဆင်ဖိုးလူမျိုးများအဖြစ် မြန်မာပြည်၌ ကျန်ရစ်ခဲ့ကြသည်။ ကူကီ(ုကုင)သို့မဟုတ် ချင်း(ဃ့ငည)များသည် အနောက်တောင်အာသံနှင့်မြန်မာပြည်တွင် တွေ့ရလေသည်။

နောက်မြန်မာလူမျိုး ၾမေညာေ(ၾပေည ာေ သမ ႀပော ာေ)များဖြစ်ပြီး အချို့က အာ
သံနယ်ကို ဖြတ်၍ စစ်တကောင်းနယ်ထဲသို့ ဝင်ခဲ့ကြသည်။
၎င်းတို့အားလုံးအား တူညီသော ဘာသာစကား၊ ယဉ်ကျေးမှုတူညီမှုအသွင်အပြင်များကြောင့် တိဘက်မြန်မာအုပ်စုကြီး၏အာသံမြန်မာအုပ်စုဟု သတ်မှတ်ရပေသည်။

ဘီစီ-၇၀ဝ မတိုင်မီက အေရိယံမဟုတ်သော တိဘက်မြန်မာလူမျိုးများသည် ဘင်္ဂ လားနှင့်အာသံပြည်မြောက်ပိုင်းတို့၌ တိုင်းကြီးပြည်ကြီးတစ်ခု တည်ဆောက်ခဲ့ကြောင်း အထောက်အထားများ တွေ့ရှိခဲ့ရလေသည်။ ကျူးကျော်တိုက်ခိုက်ရေးသမားများကို ကိုယ်စားပြုသော တိဘက်မြန်မာတို့သည် စိုးမိုးအုပ်ချုပ်သူများအနေနှင့် ရာစုနှစ်ပေါင်းများစွာ ထင်ရှားတည်ရှိခဲ့လေသည်။

စောစောပိုင်းကမူ ကိရာတများအနေနှင့်နီပေါချိုင့်ဝှမ်းမြောက်ပိုင်းဂေါ်
ကာနာ(ွသမုမေညေ)တွင် မြို့တော်တစ်ခု ထားရှိခဲ့ကြောင်း တွေ့ရှိရလေသည်။
ဗုဒ္ဓမြတ်စွာဘုရားလက်ထက်က အလွန်တန်ခိုးအာဏာရှိန်ကြီးမားသော နဂိုမောင်
ဂိုလွိုက်အမျိုး လိစ္စဝီ(ူငခခ့လေငျ)လူမျိုးများကို ဖော်ပြပြီးဖြစ်သည်။
၎င်းတို့၏ယဉ်ကျေးမှုနှင့်ဘဝအကြောင်းအရာများမှာ ဘရာမင်(ဟင်ဒူ)မဟုတ်သော အသွင်လက္ခဏာများကိုလည်း ဗုဒ္ဓ၏ကျမ်းစာများ၌ တွေ့နိုင်လေသည်။
ဤနေရာတွင် ဘရာမင်အယူသည်းသူများက သူတို့ထက အာဏာတန်ခိုးကြီးမား
ပြီး အစစအရာရာ သာလွန်သော လိစ္စဝီ(ူငခခ့လေငျ)များ၏သြဇာအာဏာယုံကြည်မှု၊ လွှမ်းမိုး
မှုများကို အကြောက်အကန် ငြင်းဆန်ခဲ့ကြသည်ဟုဆိုကြလေသည်။ (ှပူလငေညူနလပူန နြ-
စေူ ဠသှူု ဏဏ.၈၇ယ ၈၈။
မောင်ဂိုလွိုက်နှင့်ဆွေမျိုးပေါက်ဖော်များဖြစ်သော အိန္ဒိယပြည်အပြင်မှ မြန်မာ၊ ယိုး
ဒယား၊ တရုတ်စသည်တို့တွင် ဖြစ်ဖြစ်မြောက်မြောက် စာပေထွန်းကားခြင်း မရှိခဲ့ပေ။

အထက်၌ ကျွန်ုပ်သည် နေရင်း ကိရာတ၊ သို့မဟုတ် အင်ဒိုမောင်ဂိုလွိုက်တို့ အိန္ဒိယသမိုင်းတွင် သမိုင်းဝင်လှုပ်ရှားခဲ့ခြင်းမှာ နှစ်ပေါင်း ၃၀ဝ၀ ခန့်ကပင် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အိန္ဒိယပြည်၏ယဉ်ကျေးမှုနှင့်သမိုင်းတို့၏တဖြည်းဖြည်း ပြောင်းလဲတိုးတက်စေမှုအကြောင်းအရာများနှင့်ပတ်သက်၍ စေ့ငစွာ လေ့လာမှုများ ယခုတိုင် မလုပ်နိုင်သေးချေ။

၎င်းအခြင်းအရာများကိုလည်း အမျိုးမျိုးသော လူမှုရေးသိပ္ပံနည်းမျိုးစုံဖြင့် ပြင်းပြင်း
ထန်ထန် အနီးကပ်လေ့လာဖို့ လိုပေသည်။

တစ်ကယ်တော့ မောင်ဂိုလွိုက်များမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ဝ ကျော်လောက်ကစ၍ အိန္ဒိယပြည်ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ ဖြစ်ပါသည်။ သူတို့သည် ဟင်ဒီယဉ်ကျေးမှု၏ချန်ပီယံများ ဖြစ်လာကြပြီး ရေရှည်စစ်ပွဲကြီးများတွင် ဟင်ဒီတို့၏နိုင်ငံရေးလွတ်လပ်မှုတိုက်ပွဲများအတွက် ခုခံကာကွယ်တိုက်ခိုက်ပေးသူများအဖြစ် ပြောင်မြောက်စွာ သမိုင်းတင်ကျန်ရစ်သူများ ဖြစ်သည်။

ထို့ကြောင့် သူတို့သည် အိန္ဒိယနိုင်ငံ၏အရေးကြီးသောနိုင်ငံရေးအစိတ်အပိုင်းများ ဖြစ်လာရသည်။ အဆက်မပြတ် ဖော်ပြခဲ့သော အကြောင်းအရာပုံပြင်များတွင် သူတို့(မောင်ဂိုလွိုက်) ၏အိန္ဒိယနိုင်ငံအပေါ် ကိုယ်စွမ်းဉာဏ်စွမ်းများကို လုပ်အားပေးပြီး သက်စွန့်ကြိုးပမ်းဆောင် ရွက်မှုများအား ဘယ်လိုမှမမေ့အောင်၊ သေးသိမ်အောင် လုပ်လို့မရနိုင်ပါချေ။

ယခု ဖော်ပြပြီးခဲ့သော အကြောင်းအရာများမှာ ကလကတ္တားတက္ကသိုလ်မှဆရာကြီး
ဒေါက်တာချာတာဂျီ(ှကညငအငုကာမေ ဃ့မေအနမငြြ.ဗ.(ဃေူခကအအေ)ီ.ူငအအ.(ူသညိသည) င်္.ျွ.ဗ.
ှ.ြ.)၏စွမ်းဆောင်ချက်များကို ဆီလျော်အောင် အတိုချုံးရေးသားဖော်ပြရခြင်းဖြစ်ပါသည်။
ဆရာကြီးချာတာဂျီက လိမ္မာပါးနပ်စွာဖြင့် နောက်ပညာရှင်များအား ဆက်လက်
ထုတ်ဖော်ရန် ပြောဆိုခဲ့ပေသည်။ သို့သော်လည်း ဆရာကြီးချာတာဂီသည် အထက်ဖော်ပြပါအကြောင်းအရာများကို အထောက်အထားများအရ ရေးသားဖော်ပြခဲ့ခြင်းသာ ဖြစ်ပေသည်။

၎င်းအဆိုအရ ယနေ့ ကျွန်တော်တို့ မြန်မာပြည်တွင် ရှိနေသော မြန်မာလူမျိုးများအပြင် အခြားပြည်ထောင်စုဖွား တိုင်းရင်းသားများဖြစ်သော ချင်း၊ ကချင်၊ ကရင်၊ ကယား၊ နာဂ၊ဝ၊ ပလောင်၊ ရှမ်း အစရှိသည်တို့မှာ မောင်ဂိုလွိုက်လူမျိုးစုအုပ်စုငယ်များမှ ဆင်းသက်လာသူများ ဖြစ်ပြီး မွန်လူမျိုးမှာမူ ရှေးနှစ်ထောင်ပေါင်းများစွာက မောင်ဂိုလွိုက်များနှင့်ပရိုတိုအောစ ထရစ်(ဏမသအသ ဗကျအမငခ)တို့ ရောနှောမွှေနှောက်ပေါက်ဖွားလာသူများ ဖြစ်ဟန်တူ၏ဟုဖော်ပြပါ
ရှိလေသည်။

အိန္ဒိယရာဇဝင်ကို ဖော်ထုတ်ရာ၌ ခတ္တိယ-ကိရာတ မောင်ဂိုလွိုက်တို့အကြောင်းမှာ အခြားအေရိယံ(ဗမပညေ)၊ ဒရာဗိဒီယန်(ီမလေငိငညေ)နှင့်အောစထရစ်(ဗကျအမငခ)စသောလူမျိုးအကြောင်းထက်စာလျှင် များစွာနောက်ကျခဲ့ကြောင်း၊ နှစ်ပေါင်းများစွာ အမှတ်မထင်နေခဲ့ပြီးနောက်ကျမှ သုတေသနပြုရကြောင်း၊ ထို့ကြောင် သမိုင်းသုတေသီများက မောင်ဂိုလွိုက်သမိုင်းကြောင်းကို ယခုထက် အားထုတ်လေ့လာဖော်ပြသင့်ကြောင်း ဒေါက်တာချာတာဂျီက ရေးခဲ့ပါသည်။

ပြည်သိန်းကျော်