Search This Blog

Wednesday, January 18, 2017

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ၂

မဟာမောဟ ကို ကိုးကွယ်တဲ့ သူတွေဟာ နောက်ဆုံးမှာ နတ်တွေရဲ့ ဖျက်စီးခြင်း ကို ခံခဲ့ရတယ် လို့ ရေးသားထားပါတယ်။ ရှရီမဒ် ဘာဂ၀တ် ကျမ်းကတော့ ဗုဒ္ဓ၀ါဒကို မှားယွင်းတဲ့ ၀ါဒ လို့ဆိုတယ်။ နာမည်ကျော် ယုတ္တိဗေဒ ကျမ်းဆရာ ဂနေသောပါဒယာယ ဟာ သူ့ရဲ့ကျမ်းဂန်ထဲမှာ ဗုဒ္ဓ၀ါဒီ တွေကို ပရစဏ္ဍ ပါသဏ္ဍ လို့ သုံးထားတယ်။ ဥဒ ယာန ရဲ့ ကျမ်းတစ်ကျမ်းအမည်ဟာ ဗုဒ္ဓ ဒိက္ကာရ ဖြစ်တယ်။ ဒီ စကားလုံးဟာ ဗုဒ္ဓ၀ါဒ အပေါ်မှာ သူ့ရဲ့ ရန်လို မုန်းထားမူ ကို ဖော်ပြနေတယ်။ ဒိက္ကာရ ဟာ ပြစ်တင်ရူတ်ချမူ လို့ ဆိုလိုတယ်။ ကရဏပုရာဏ်ကျမ်း မှာတော့ တောင်ပိုင်းက ဗုဒ္ဓ၀ါဒီ တွေဟာ ပါသဏ္ဍ သူယုတ်တွေ ဖြစ်တယ် လို့ ဆိုထားတယ်။
ဗုဒ္ဓ၀ါဒဟာအိန္ဒိယနိုင်ငံတောင်ပိုင်းမှာလည်း ဗြာဟ္မဏ၀ါဒီဘာသာရေးခေါင်းဆောင်တွေနဲ့ တရားဟောဆရာတွေရဲ့ ရူတ်ချ ဟောပြောမူတွေကြောင့် အရှိန်အ၀ါ ကျဆင်းခဲ့ရတယ်။ အဲဒီ အထဲမှာ ကုမာရိဠ ဘဋ္ဋဟာ အပြင်းထန်ဆုံးဖြစ်တယ်။ သူဟာ ဝေဒ ပူဇော်ကိုးကွယ်မူ၊ ဝေဒ ဘာသာရေးနဲ့ ဗြာဟ္မဏတွေရဲ့ သာလွန် မြင့်မြတ်မူ ကို အစွမ်းဆုံး ဟောပြောခဲ့သူဖြစ်တယ်။ ဗုဒ္ဓ၀ါဒ ကို ပျောက်ကွယ် မသွားစေခဲ့ရင်တောင် အလဲထိုး ရူံးနိမ့်စေခဲ့တဲ့ တစ်ကျော့ပြန်ထွန်းကားလာတဲ့ ဟိန္ဒူဝါဒဟာ ကုမာ ရိဠ ဘဋ္ဋ (အေဒီ ၇၅၀) နဲ့ သင်္ကရ (အေဒီ ၈၀၀) တို့ရဲ့ အမည်တွေနဲ့ ဆက်စပ်နေတယ် လို့ စီ. အီးလီးယက် က သုံးသပ်ပြထား ပါတယ်။
သလောက၀ါရတ္တိက ကျမ်းမှာ ကုမာရိဠ ဟာ ဝေဒ ဘာသာရေးဆိုင်ရာ ပူဇော်မူ အခမ်းနားတွေမှာ အထူးကျွမ်းကျင်လိမ္မာကြောင်း
ဗုဒ္ဓ၀ါဒ သဘောတရားတွေကို မှားယွင်းဖောက်ပြန်တယ် လို့ ပုံဆောင်သက်သေပြခဲ့ကြောင်း ရေးသားထားတယ်။ ပြီးတော့ သူဟာ ဗုဒ္ဓဘာသာဝင် တွေ ဘာသာကိုးကွယ်မူကြောင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စမှာ အရေးပါတဲ့ နေရာက တာဝန်ရှိခဲ့ကြောင်း သိရတယ်။ ဥဇ္ဇေနီပြည် ဘုရင် သုဓန၀န ဟာ သူ့ရဲ့ အကြံပေးချက်ကြောင့် ဗုဒ္ဓဘာသာဝင် များစွာကို သတ်ခဲ့တယ် လို့လည်း တွေ့ရပါတယ်။ မာဓ၀ ရဲ့ သံကရဒိဂ်ဝိဇယကျမ်းနဲ့ အာနန္ဒာ ဂိရိ ရဲ့ သံကရ၀ိဇယ ကျမ်းတွေမှာ သုဓန၀န ဘုရင်ဟာ ကုမာရိဠ ရဲ့ လှုံဆော်တိုက်တွန်းမူကြောင့် ဗုဒ္ဓဘာသာဝင်များစွာကို ဘာသာတရား ကိုးကွယ်မူ အကြောင်းပြုပြီး သတ်ခဲ့တယ် လို့ တွေ့ရပါတယ်။ ရွှင်ကျန်ရဲ့ ခရီးသွားမှတ်တမ်းမှာတော့ ဥဇ္ဇေနီပြည်မှာ ၀ါဒအယူရေးရာနဲ့ ပတ်သက်ပြီး အလွန်ကျွမ်းကျင်နှံ့စပ် တဲ့ ဗြာဟ္မဏတစ်ဦး အုပ်ချုပ်စိုးစံနေတယ်၊ သူဟာ ဗုဒ္ဓ၀ါဒီ မဟုတ်ဘူး လို့ ရေးသားထားတယ်။ မရ စ္ဆက ဋီကာ ကျမ်းမှာတော့ ဗုဒ္ဓ၀ါဒီ ရဟန်းတော်တွေကို ဥဇ္ဇေနီဘုရင်ရဲ့ယောက်ဖတော်ကနှောက်ယှက်တိုက်ခိုက် တယ်လို့ ဆိုထားတယ်။ သံကရဒိဂ်ဝိဇယ ကျမ်း၊ သံကရ ၀ိဇယကျမ်း၊ ရွှင်ကျန်ရဲ့ ခရီးသွားမှတ်တမ်းနဲ့ မရ စ္ဆက ဋီကာ အရ ဥဇ္ဇေနီပြည်မှာ ဗုဒ္ဓ၀ါဒီ တွေ ဟာ ဗြာဟ္မ ဏတွေရဲ့ ပြောင်ပြောင်တင်းတင်း ဆန့်ကျင့်မူကို ခံခဲ့ရတယ် လို့ ဖော်ပြနေ ပါတယ်။ ကေရလပြည်ရဲ့ သမိုင်းကို ရေးသားထားတဲ့ ကေရလ ဥတ္ပတ္တိကျမ်းမှာလည်း ကေရလပြည်က ဗုဒ္ဓဘာသာဝင်များစွာ သတ်ဖြတ်ခံခဲ့ရတာဟာ ကုမာရိဠရဲ့ စနက်မကင်းကြောင်းရေး သားထားတယ်။ ဒါကြောင့်မို့လို့ သက္ကတစာပေပညာရှင် ဂေါပိနာထ က၀ိရာဇက ကုနာရိဠ ဟာ ဗုဒ္ဓ၀ါဒရဲ့ သြဇာအရှိန်အ၀ါကို အိန္ဒိယနိုင်ငံမှာ ကျဆင်းစေခဲ့တဲ့ စွမ်းအားအထက်ဆုံး တိုက်ဖျက်ရေးအင်အားစုတွေထဲက တစ်ဦးဖြစ်ခဲ့တယ် လို့ ဆိုထားပါတယ်။
သံကရာစာရ်ယ သို့မဟုတ် သင်္ကရ ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းက ဗြာဟ္မဏတစ်ဦးဖြစ်ပြီး ဝေဒ နဲ့ ဝေဒန္တ၀ါဒ ထွန်းကားတောက် ပအောင် အကြီးအကျယ်ဆောင်ရွက်ခဲ့သူ ဖြစ်တယ်။ ပြီးတော့ ဗုဒ္ဓ၀ါဒကို ဆန့်ကျင်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ သရင်္ဂေရီ ဟိန္ဒ္ဒူ ဘုန်းကြီးကျောင်းကို ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဟောင်း တစ်ကျောင်းနေရာပေါ်မှာ တည်ဆောက်ခဲ့တယ်။ သူ့အကြောင်း အတ္ထုပ္ပတ္တိတွေ မှာ သူ ဟာ ဗုဒ္ဓ၀ါဒ ဆန့်ကျင်ရေး လှုပ်ရှားမူတွေဆောင် ရွက်ခဲ့ကြောင်း၊ ပြီးတော့ ဟိမ၀န္တာဒေသ ကနေ အိန္ဒိယ သမုဒ္ဒရာ တစ်လျှောက်ထိ ဗုဒ္ဓဘာသာဝင်များစွာ သတ်ဖြတ်ခံခဲ့ရခြင်းနဲ့ ပတ်သက်ပြီး အရေးပါတဲ့နေရာက ပါဝင်ခဲ့ကြောင်းရေး သားထားပါတယ်။ သူ့ရဲ့ ဗုဒ္ဓ၀ါဒ ဆန့်ကျင်ရေးလှုပ်ရှားမူတွေကြောင့် ဗုဒ္ဓ၀ါဒဟာ ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေဟာ သူ့လက်အောက်မှာ ထိတ်လန့် တုန်လှုပ်ခဲ့ကြရပြီး ၊ ဗုဒ္ဓဘာသာ ရဟန်းတော်တွေဟာ ကစဉ်ကလျား ထွက်ပြေးခဲ့ရတယ် လို့ ဆိုပါတယ်။ သို့သော်လည်း အချို့ သမိုင်းပညာရှင်တွေ ဟာ သင်္ကရ ဗြာဟ္မဏဟာ ဗုဒ္ဓ၀ါဒကို ဘယ်တုန်းက မှ မဆန့်ကျင်ခဲ့ဘူး၊ ဆန့်ကျင်ရေး လှုပ်ရှားမူတွေ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး လို့ ပြောကြပါတယ်။ အာစီ မိတြကတော့ သင်္ကရရဲ့ရေးသားမူတွေထဲမှာဗုဒ္ဓဘာသာဝင်တွေကိုထူးထူးခြားခြားအမုန်းထားတယ် ဆိုတာ မတွေ့ရဘူး လို့ ဆိုထားပါတယ်။ သို့ပေမဲ့ ဗြာဟ္မဏသုတ္တ သင်္ကရဘာသယ ကျမ်းထဲမှာ သင်္ကရဗြာဟ္မဏရဲ့ ဗုဒ္ဓ၀ါဒ ဆန့်ကျင်ရေး ၀ါဒကို တွေ့နိုင်ပါတယ်။ အဲဒီကျမ်း ထဲမှာ ‘‘ဗုဒ္ဓဟာ လူထုရဲ့ ရန်သူဖြစ်တယ်၊ သူဟာအကြောင်းအကျိုးညီညွတ်မူမရှိတဲ့ ၊ နားလည်ရခက်ခဲတဲ့ တရားတွေ ကိုဟော ကြားခဲ့တယ်’’ လို့ ရေးသားပါရှိပါတယ်။

ဆိုခဲ့ပြီးတဲ့ အကြောင်းရာတွေကို ချုပ်လိုက်ရင် ကုမာရိဠ ဘဋ္ဋနဲ့ သင်္ကရ ဗြာဟ္မဏတို့ရဲ့ ပြင်းထန်တဲ့ ဗုဒ္ဓ၀ါဒ ဆန့်ကျင်ရေး လှုံဆော်မူတွေကြောင့် အိန္ဒိယနိုင်ငံက ဒေသတော်တော်များများမှာ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခဲ့ရတယ် လို့ ကောက်ချက်ဆွဲရမှာ ဖြစ်တယ်။ အေဒီ (၁၂) ရာစု အစောပိုင်းမှာ ပဉ္စာလတိုင်းက ဗောဍမာယုဋာ ကို မရောက်လာခင် ၀ါရမသီဝ တစ်ဦးဟာ တောင် ပိုင်းဒေသက ဗုဒ္ဓဆင်းတုတော် တစ်ဆူကို ဖျက်ဆီးခဲ့ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုထားတာကို ဗောဒန် ကျောက်စာမှာ တွေ့ရတယ်။

စာလုကျကျောက်စာမှာတော့ ၀ီရပုရုသ လို့ခေါ်တဲ့ မြေပိုင်ရှင် အကြီးကဲ တစ်ဦးဟာ ဗုဒ္ဓ၀ါဒကို ရန်လိုမုန်းထား ဆန့် ကျင်ခဲ့ကြောင်း၊ သူကြောင့် ဗုဒ္ဓ၀ါဒဟာ အဲဒီ အရပ်မှာ မထွန်းကားခဲ့ကြောင်းနဲ့ သူဟာ ပလ္လင်ပေါ်မှာ ရှီဝ ရဲ့ လိင်အင်္ဂါကို ကိုးကွယ်ခဲ့ကြောင်း ရေးသားထားတယ်။ ၀င်္ဂါလ စစ်တပ်ဟာ သောမပုရမှာ ရှိတဲ့ နာမည်ကျော် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းရဲ့ တစ်စိတ်တစ်ပိုင်းကို မီးရို့ ဖျက်စီးခဲ့ကြောင်း၊ ဒီ ဖျက်စီးမူကြောင့် ကရုဏာမိတြာဘွဲ့တော်ရှိတဲ့ ရဟန်းတစ်ပါး ပျံလွန်ခဲ့ကြောင်း မှတ်တမ်းတစ်ခု မှာ ဖော်ပြထား တယ်။ ဒါကြောင့်မို့ လို့ ဗြာဟ္မဏတွေရဲ့ ဗုဒ္ဓ၀ါဒအပေါ် ရန်လိုမုန်းထားမူတွေဟာ အိန္ဒိယနိုင် ငံမှာ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေ အနက်က တစ်ခု ဖြစ်တယ်လို့ ကောက်ချက်ဆွဲ
တာဖြစ်တယ်။ အဲဒီနောက် ပိုင်း ဗြာဟ္မဏ၀ါဒဟာ ဥဒ္ဓယောတကရ၊ ကုမာရိဠ၊ သင်္ကရ၊ ဥဒယန၊ ၀ါစသပတိ မိသရ တို့ရဲ့ ပံ့ပိုးထောက်ပံ့မူ၊ ချီးမြှောက်အားပေးမူ နဲ့ အိန္ဒိယနိုင်ငံရဲ့ ဒေသများစွာမှာ ထွန်းကားပြန့်ပွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ... ၅
=============================
အုပ်ချုပ်သူ ဘုရင်တွေရဲ့ နှိပ်စက်ပိတ်ပင်ခြင်း ကလည်း အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓ၀ါဒပျောက်ကွယ်သွားခဲ့ခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့တယ်။ သမိုင်းဆရာ အချို့ကတော့ အထူးသဖြင့် ဗြာဟ္မဏ၀ါဒီ ဘုရင်တွေရဲ့ ဗုဒ္ဓဘာသာဝင်တွေ အပေါ်နှိပ်စက် ပိတ်ပင်ခြင်း ဟာ အိန္ဒိယ မှာ ဗုဒ္ဓ၀ါဒ ကျဆုံးစေခဲ့တဲ့ အဓိကကျဆုံး အကြောင်းရင်းတစ်ခု ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။
ဗြာဟ္မဏဘုရင် ပုသျှမိတြ သုင်္ဂ (ဘီစီ ၁၈၇ - ၁၅၁) ဟာ ဗုဒ္ဓဘာသာဝင်တွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ် လို့ ဆိုပါ တယ်။ တိဘက် သမိုင်းဆရာ တရာနာထ ကတော့ သူဟာ ဗုဒ္ဓ၀ါဒကို နှိပ်ကွပ်ခဲ့သူ ရက်စက်တဲ့ ဗြာဟ္မဏ ဘုရင်တစ်ပါးဖြစ်တယ် လို့ ရေးသားခဲ့တယ်။ တရုတ်နဲ့ ဂျပန် သမိုင်းအချို့မှာ လည်း ပုသျှမိတြ အမည်ဟာ ဗုဒ္ဓ၀ါဒကို နှိပ်ကွပ်ခဲ့တဲ့ ဘုရင်တွေရဲ့ အမည်
စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေကြောင်းတွေ့ရတယ်။ ပုရာဏ်ကျမ်းမှာ စစ်သေနာပတိ စစ်သူကြီး ပုသျှမိတြဟာ မောရိယ အင် ပါယာ ရဲ့ နောက်ဆုံးဘုရင် ဗြဟဒြထ ကို လုပ်ကြံသတ်ဖြတ်ပြီး မာဂဓ ထီးနန်းကို သိမ်းပိုက်ခဲ့တယ်။ ပြီးတော့ သုင်္ဂမင်းဆက်ကို စတင် တည်ထောင်ခဲ့ပြီး အဲဒီ မင်းဆက်ဟာ နှစ်ပေါင်း (၁၁၂) ကြာ (ဘီစီ ၁၈၇ - ၇၅) ထီးနန်း စိုးစံခဲ့တယ် လို့ ဆိုပါတယ်။ ဗြဟဒြ ထ လုပ်ကြံခံခဲ့ရခြင်းဟာ နှစ်ပေါင်း (၁၃ရ) နှစ်ကြာစိုးစံခဲ့တဲ့ မောရိယာ အင်ပါယာကို အဆုံးသတ်သွားစေခဲ့တယ်။ ပုသျှမိတြ ရဲ့ မျိုးရိုး အဆက် အနွယ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေ အယူဆ အမျိုးမျိုးကွဲကြပေမဲ့ သူဟာ သုင်္ဂ မင်းဆက်ကို စတင်တည်ထောင်ခဲ့သူ ပထမဆုံး ဘုရင် ဖြစ်တယ် ဆိုတာကိုတော့ အားလုံး လက်ခံထားကြတယ်။ ဒိဗျာဝဒါနကျမ်း နဲ့ တာရာနာထ ရဲ့ ရေးသားမူအရ ပုသျှ မိတြ ဘုရင်ဟာ ဗုဒ္ဓ၀ါဒကို အပြင်းအထန် ရန်လိုမုန်းတီးသူ ဖြစ်ကြောင်းသိကြရတယ်။ သူဟာ စေတီတွေကို ဖြိုဖျက်ခဲ့တယ်။ မဇ္ဈိမ ဒေသ ကနေ ပန်ဂျပ်ပြည်နယ်က ဇာလန္ဓရာ ထိ ဒေသတစ်လျှောက်လုံးက ဘုန်းကြီးကျောင်းပေါင်းများ စွာကို မီးတိုက် ခဲ့ပြီး ကျမ်းတတ် ရဟန်းတွေကိုလည်း သတ်ဖြတ်ခဲ့တယ် လို့ ဒိဗျာဝဒါန မှာ ရေးသားထားတယ်။ သူဟာ ပါဋလိပုတ် က နာမည်ကျော် ကုက္ကုဋာရာမ ကျောင်းတိုက်ကြီးကိုတောင် ဖျက်စီးဖို့ ကြိုးစားခဲ့တယ် လို့ ဆိုပါတယ်။ သို့ပေမဲ့ ကျောင်းတိုက်ကြီးကို အန္တာရာယ် မပြုနိုင်ခဲ့ကြောင်း သိရတယ်။ ပညာရှင်အချို့ကတော့ ပုသျှမိတြဘုရင်ဟာ တစ်ဖက်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို ဖျက်စီးခြင်းနဲ့ အခြားတစ်ဖက်က သူနဲ့ ခေတ်ပြိုင် ဗြာဟ္မ ဏ ဘာသာရေးခေါင်းဆောင်တွေရဲ့ အကူအညီနဲ့ ဗြာဟ္မဏ၀ါဒ ယဇ်ပူဇော်ခြင်း ဓလေ့ အခမ်းအနားတွေကို ပြန်လည်ထွန်းစေခြင်းဖြင့် သူ့ဟာ ဗြာဟ္မဏ ၀ါဒ ပြန်လည်ထွန်းကားရေးအတွက် ဦးဆောင် ဘုရင်ဖြစ်ကြောင်း ပြသခဲ့တယ် လို့ဆိုပါတယ်။ ၀ါဒြဘ နဲ့ ယ၀နတိုင်း စစ်ပွဲတွေ အပြီးမှာ မြင်းနှစ်ကောင် ယဇ် ပူဇော် ပွဲ ပြုလုပ်ခဲ့ခြင်းဟာ ပုသျှမိတြရဲ့ ဗြာဟ္မ၀ါဒအပေါ် နက်နက်ရှိုင်းရှိုင်း သက်ဝင်ခြင်းကို ဖော်ပြနေပါတယ်။

ရွှင်ကျန်ဟာ ၀ိကြမဒိတျာ လို့ ထင်ရှားတဲ့ ဘုရင်တစ်ပါးနဲ့ ပတ်သက်ပြီး သူ့မှတ်တမ်းမှာ ရေးသားထားခဲ့တယ်။ အဲဒီ ဘုရင်ဟာ ၀ါသုဗန္ဓုရဲ့ ဆရာ
ဗုဒ္ဓ ဒ ဿ န ပညာရှင် မနောရထ မထေရ် ကို ဖိအားပေး နှောက်ယှက်ခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီ ဘုရင် ဟာ မနောရထ မထေရ်နဲ့ တိတ္ထိဆရာ အယောက် (၁၀၀) တို့ကို အယူဝါဒရေးရာ စကားစစ်ထိုးဖို့ အစည်းဝေးကြီးတစ်ခု ကျင်းပ ပေးခဲ့ပြီး အကယ်၍ မနောရထ ဟာ ဒီစကားစစ်ထိုးပွဲမှာ ရှုံးနိမ့်ခဲ့ရင် ဗုဒ္ဓဘာသာဝင်တွေဟာ သေဒဏ်ခံရမယ် လို့ အမိန့် ထုတ်ပြန် ခဲ့ကြောင်း ရေးသားထားတယ်။ မနောရထ မထေရ် ဟာ ပြိုင်ဘက် တိတ္ထိခေါင်းဆောင် (၉၉) ယောက်ကို အနိုင်ယူခဲ့ တယ်။

ဒါပေမဲ့ နောက်ဆုံး တတ္ထိ ခေါင်းဆောင်နဲ့ ဆက်လက်ပြီး အယူဝါဒရေးရာ ပြိုင်ဆိုင်ဆွေးနွေးတဲ့အခါ ဘုရင်နဲ့ ဗုဒ္ဓဘာသာ ၀င် မဟုတ်သူ ပြည်သူတွေဟာ အော်ဟစ် ကန့်ကွက်ကြတယ် လို့ ဆိုပါတယ်။ ဒီ ဖြစ်ရပ်ကြောင့် မနောရထ မထေရ် ဟာ စိတ် မကောင်းဖြစ်ခဲ့ပြီး ‘‘ပရိသတ် ဟာ တရားမျှတမူ မရှိဘူး’’ လို့ သူ့တပည့် ၀ါသုဗန္ဓုထံ စာရေးသား ပြောဆိုခဲ့ကြောင်း ဖော်ပြ ထားတယ်။ ဒီ ဘုရင်ဟာ နောက်ပိုင်းမှာ စစ်ရှုံးခဲ့ပြီး ပညာရှိတွေကို ပူဇော် အသိမှတ်ပြုတဲ့ ဘုရင်တစ်ပါးက ဆက်ခံ အုပ်စိုးခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီ ဘုရင် လက်ထက်မှာ ၀ါသုဗန္ဓု ဟာ တိတ္ထိဆရာတွေ အားလုံးကို အယူဝါဒ ရေးရာ စကားပြိုင်ဆိုင်ပြီး အနိုင် ယူခဲ့ကြောင်း ဆက်လက်ရေးသားထားတယ်။ ပညာရှင်တွေကတော့ ၀ိကြမာဒိတျာ မင်းဟာ ကြမာဒိတျာဘွဲ့ နဲ့ ၀ိကြမာဒိတျာ ဘွဲ့အမည်တွေနဲ့ ထင်ရှားတဲ့ သ္က န္တဂုပတ ဘုရင်ဖြစ်တယ် လို့ ဆိုပါတယ်။

ဗုဒ္ဓ၀ါဒကို ရန်လိုနှိပ်ကွပ်ခဲ့တဲ့ နောက် ဘုရင်တစ်ပါးကတော့ အာဏာရှင် တုရုရှကလို့ အမည်တွင်တဲ့ မိဟိရကုလ (မိဟိရဂုလ)ဘုရင်ဖြစ်တယ်။
သမိုင်းဆရာ တာရာနာထနဲ့ ဘူစတန်တို့ရဲ့ ရေးသားမူအရ သူဟာ ကသ္မီိရ တိုင်းကို သိမ်းပိုက်အုပ်စိုးခဲ့တဲ့ တုရုရှက ဘုရင်ဖြစ် တယ်။ ကသ္မီရတိုင်းရဲ့ နာမည်ကျော်သမိုင်းဆရာ နဲ့ ရာဇတရ င်္ဂိဏီ ကျမ်းဆရာဖြစ်တဲ့ ကာဠှဟန က ဒီဘုရင်ဟာ ဗုဒ္ဓ၀ါဒကို ရန်လို နှိပ်ကွပ်ခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်ပြီး သူ့ရဲ့ ရက်စက်မူတွေကြောင့် သူဟာ ယမမင်းနဲ့ ဥပမာပေးရမှာ ဖြစ်တယ် လို့ ဆိုပါ တယ်။ ပြီးတော့ သူ့ရဲ့ရက်စက်မူတွေနဲ့ မကောင်းမူတွေကို အသေးစိတ် မှတ်တမ်းတင်ရရင် မှတ်တမ်းတင်သူပါ မကောင်းမူတွေ နဲ့ ငြိစွန်းသွားနိုင်တယ် လို့တောင် ရေးသားခဲ့တယ်။ မဟိရကုလ ဘုရင်ဟာ ဟိန္ဒူဝါဒ ထွန်းကားပြန့်ပွားဖို့ အတွက် အရေးပါတဲ့ ဆောက်ရွက်မူတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း အဲဒီ မှတ်တမ်းကတစ်ဆင့် သိကြရတယ်။ သူဟာ ရှီဝ နတ်ဘုရားကို ကိုး ကွယ်သူဖြစ်ပြီး ရှရီနဂရ မှာ ရှီဝနတ်ဘုရားကျောင်း တစ်ကျောင်း ဆောက်လုပ်ကိုးကွယ်ခဲ့တယ်။

သူဟာ ဗုဒ္ဓ၀ါဒီတွေကို နှိပ် ကွပ်ခဲ့ပြီး ရက်ရက်စက်စက် ဆက်ဆံပြုမူခဲ့တယ်။ သူ့ရဲ့ ဦးဆောင်လှုံဆော်မူကြောင့် ပန်ဂျပ်ပြည်နယ်နဲ့ ကသ္မီရ မှာ ရှိခဲ့တဲ့ ဗုဒ္ဓ ဘာသာဝင်များစွာ သတ်ဖြတ်ခံခဲ့ရရုံမျှ မကဘူး၊ ဂူကျောင်းဘုရားစေတီများစွာနဲ့ ဗုဒ္ဓသာသနိက အဆောက်အဦးများစွာလည်း ဖျက်စီးခံခဲ့ရတယ်။ သူဟာ ဗုဒ္ဓဘာသာဝင်တွေကို အကျင့်ပျက်ပြီး အာဏာဖီဆန်သူတွေလို့ ယူဆခဲ့တယ်။ ဗုဒ္ဓဘာသာ ဂူကျောင်း ဘုရား၊ စေတီပေါင်း (၁၆၀၀) ကို ဖျက်စီးခဲ့တယ် လို့ ဆိုပါတယ်။ ပြီးတော့ ဗုဒ္ဓဘာသာဝင် အရေအတွက်ပေါင်း ကောဋိ ကိုးရာ ကိုလည်း သတ်ခဲ့တယ် လို့ ဆိုထားတယ်။ သမိုင်းဆရာ အာ.စီ မိတြ ကတော့ ကသ္မီရတိုင်းမှာ ဗုဒ္ဓ၀ါဒ ဟာ မိဟိရ ကုလ ဘုရင် လက်ထက်လောက်က စနစ်တကျနှိပ်ကွပ်ဖျက်စီးခံခဲ့ရတာ နဲ့ ဟရရှ မင်းဆက်နဲ့ ကလသ မင်းဆက်တွေ အတွင်း မကြာခဏ နှိပ်ကွပ်ခံခဲ့ရတာတွေ ပေါင်းမိပြီး အထူး ကံဆိုးခဲ့တယ် လို့ ပြောရမှာဖြစ်ကြောင်း ရေးသားထားတယ်။

ကြာ ပွင့်မျက်နှာတော် သုတ္တံမှာတော့ မိဟိရကုလ ဘုရင်ရဲ့ ဗုဒ္ဓ၀ါဒ အပေါ် ဖိနှိပ်ရန်လိုမူ ကို ဖော်ပြထားတယ်။ သူဟာ ကိပန် မှာရှိတဲ့ ဗုဒ္ဓ၀ါဒီတွေကို သတ်စေခဲ့သလို သူ့ရဲ့ လှုံဆော်မူကြောင့် ဗုဒ္ဓမြတ်စွာရဲ့ သပိတ်တော်လည်း ကွဲခဲ့ရတယ် လို့ ဆိုပါတယ်။ တရုတ် မှတ်တမ်းကျမ်းတစ်ကျမ်းမှာတော့ သူဟာ ကိပန် က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများစွာကို ဖြိုဖျက်စေခဲ့ပြီး သံဃာတွေကို သတ်စေခဲ့တယ်။ ၂၃ ပါးမြောက် နာယက မထေရ်မြတ်ဖြစ်တဲ့ သိံဟ မထေရ် ဟာ ဒီ ဘုရင်ရဲ့ အမိန်နဲ့ သေဒဏ်ကျခံခဲ့ရတယ် လို့ ဆိုပါတယ်။
ကောသမ္ဗီက ဃောသိတာရာမ ကျောင်းတော် အကြွင်းကျန် အပျက်စီးတွေထဲကနေ နောက်ထပ် ဟန်း လူမျိုး ဘုရင်တစ်ပါး ဖြစ်တဲ့ တောရမာဏရဲ့ အမိန့် တံဆိပ်တုံးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီ အချက်က တောရမာဏ ဦးဆောင်ခဲ့တဲ့ ဟန်းလူမျိုး တွေဟာ ဒီ ကျောင်းတော်ကြီးကို ဖျက်စီးခဲ့တယ် လို့ ညွှန်းဆိုနေတယ်။ ဂျိုးဇက် အက်ဒင် ရဲ့ မှတ်တမ်း အရ (၆) ရာစုနှစ် အစ မှာ တရုတ်ပြည်ထဲကို ၀င်ရောက်လာတဲ့ အိန္ဒိယနိုင်ငံသား အရေတွက်ဟာ (၃၀၀၀) လောက်ရှိမယ် လို့ ဆိုပါတယ်။ သူတို့ဟာ ဗြာဟ္မဏ ဘုရင်ရဲ့ နှိပ်စက်မူ ဒဏ်ကို မခံနိုင်လို့ ထွက်ပြေးလာခဲ့တဲ့ဗုဒ္ဓ၀ါဒီတွေဖြစ်ကြောင်း ရေးထားတယ်။ အဲဒီ ဗြာဟ္မဏဘုရင်
ဆိုတာ ဟန်းလူမျိုး ဘုရင်တွေ ဖြစ်နိုင်စရာ အများကြီးရှိတယ်။

နောက်ထပ် ဗုဒ္ဓ၀ါဒကို ရန်လို နှိပ်ကွပ်ခဲ့တဲ့ ဘုရင်ကတော့ ဂေါဒပြည် ဘုရင် သသင်္က ဖြစ်တယ်။ ဂျို ရှီ ရဲ့ မှတ်ချက်အရ ရှေး ခေတ် အိန္ဒိယသမိုင်းက ဗုဒ္ဓ၀ါဒကို ဆန့်ကျင်ခဲ့တဲ့ ဗြာဟ္မဏ ဘုရင်တွေထဲမှာ ပုသျှမိတြ သုင်္ဂ မင်း ပြီးရင် သသင်္က မင်းဟာ အထင်ရှားဆုံး ဥပမာပြုစရာ မင်းဖြစ်တယ် လို့ ဆိုပါတယ်။ ဒီ ဘုရင် ဟာ ပါဋိလိပုတ်မှာ ဗုဒ္ဓဘာသာဝင်တွေ အမြတ်တနိုးပူ ဇော်ခဲ့တဲ့ ဗုဒ္ဓခြေရာတော် တွေပါတဲ့ ကျောက်တုံးတော်ကို ဂင်္ဂါမြစ်ထဲ ပစ်ချစေခဲ့တယ်။ သူဟာ ဗုဒ္ဓဂါယာမှာ ရှိတဲ့ မဟာဗောဓိ ညောင်ပင်ကြီးကို အမြစ်ကနေ တူးဖြိုစေခဲ့ ရုံမျှ မက ကြွင်းကျန်နေတဲ့ အပင်နေရာကိုလည်း မီးတိုက်စေခဲ့တယ် လို့ ဆိုပါတယ်။ မဟာဗောဓိပင်ရဲ့ အရှေ့ဘက်မှာ ထားရှိပူဇော်ထားတဲ့ ဗုဒ္ဓဆင်းတုတော်ကို ဖယ်ရှားစေခဲ့ပြီး ရှီဝ နတ်ဘုရား ရုပ်တုကို ထားရှိ ပူဇော်ခဲ့တယ်။ မဉ္ဇူ သီရိ မူလက္လပ ကျမ်းမှာ ရေးသားမှတ်တမ်းတင်ထားတဲ့ သသင်္ကမင်းရဲ့ ဗုဒ္ဓ၀ါဒ အပေါ်ရန်လို နှိပ်ကွပ်မူ တွေ ဟာ ရွှင်ကျန်ရဲ့ မှတ်တမ်း ထဲက အတိုင်းပါဘဲ။
ရွှင်ကျန်ရဲ့ ဘ၀ခရီး မှတ်တမ်းထဲမှာ ဟရရှ ဘုရင်လက်ထက်အတွင်း ကနောဂ်ျက ဗြာဟ္မဏတွေရဲ့ ဗုဒ္ဓ၀ါဒအပေါ် ရန်လိုမူကို လည်း တွေ့ရတယ်။ ကနောဂ်ျ က ပညာတတ် ဗြာဟ္မဏတွေဟာ ဟရရှဘုရင်က ဗုဒ္ဓဘာသာကို အထူးထောက်ပံ့ ချီးမြှောက်ခဲ့မူ အပေါ် မနာလို ဖြစ်ပြီး တရုတ် ဗုဒ္ဓဘာသာ ဘုရားဖူးတွေ နားခိုဖို့ တည်ဆောက်ထားတဲ့ တည်းခိုဇရပ်ကို ဖျက်စီးပစ်ခဲ့ပြီး ဘုရင် ကြီး ရဲ့အသက်ကို တောင် လုပ်ကြံဖို့ကြိုးစားခဲ့တယ် လို့ ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ... ၆
==============================

အေဒီ (၇) ရာစု ပါရှား ကျဆုံးသွားတဲ့အခါ အာရပ် အောင်နိုင်သူတွေဟာ ပါရှန် အင်ပါယာရဲ့ မြောက်ဘက်ပိုင်းမှာ လှည့်လည် နေထိုင်ကြတဲ့ တူရကီ လူမျိုးစုတွေနဲ့ ပေါင်းစည်းသွားခဲ့ကြတယ်။ သူတို့ဟာ ဘုံရန်သူကို တိုက်ခိုက်ရာမှာ အထူးသဖြင့်အောင် နိုင်ခဲ့တဲ့ အာရပ်တွေရဲ့ အယူဝါဒကို လွယ်လင့်တကူ လက်ခံခဲ့ကြပါတယ်။ အဲဒီ အချိန်က အယူဝါဒ များစွာထွန်းကားနေပေမဲ့ ဗုဒ္ဓ၀ါဒီ အများစု နေထိုင်တဲ့ အာရှအလယ်ပိုင်း ကိုလည်း အာရပ်တွေ အောင်နိုင်ခဲ့ပြီး အစ်စလာမ်ဘာသာ သွတ်သွင်းခဲ့တယ်။ အီရန် နိုင်ငံအတွင်းမှာတော့ အဲဒီ ခေတ်ကာလ က အနောက်ဘက် အကျဆုံး တိုင်းပြည်ဖြစ်တဲ့ အိန္ဒိယ ဂျ ဂုဍ မင်းဆက် အုပ်စိုးရာ ဒေသ ထိရောက်လာခဲ့ပြီး အေဒီ ၆၅၀ မှာ တန်ပြန် ခုခံမူနဲ့ ကြုံခဲ့ရတယ်။ (အဲဒီ မင်းဆက်ဟာ ယာဒ၀ မင်းဆက် က ဂဂျနီ ကို ဗဟိုပြုပြီး တည်ထောင်ခဲ့တဲ့ ဒီနေ့ခေတ် ကန်ဒဟာ ဒေသဖြစ်တယ်)။ အေဒီ (၈) ရာစု အစောပိုင်းမှာ အာရပ်တွေ ဟာ သိန္ဓုနိုင်ငံကို ကုန်းကနေရော၊ ပင်လယ်ကနေပါ တိုက်ခိုက်ခဲ့ပြီး တဖြည်းဖြည်း သိမ်းပိုက်နိုင်ခဲ့တယ်။ အေဒီ (၈) ရာစု နှောင်းပိုင်းရောက်တဲ့အခါ သိန္ဓု ဒေသ ကို ခြေကုပ်ယူပြီး တက္ကသိုလ်နဲ့ တကွ ၀လဘိ ဒေသ ကို ဖျက်စီးနိုင်ခဲ့တယ်။ သို့သော်လည်း အိန္ဒိယ ‘‘ရာဇပုတ်’’ မင်းတွေ အထူးသဖြင့် ပရတိဟာရ က မင်းတွေရဲ့ တန်ပြန်ခုခံမူကြောင့် အာရပ်တွေဟာ သိန္ဓု ဒေသ ကို တဖန် ဆုတ်ခွာခဲ့ရပြန်တယ်။ အဲဒီ ခေတ်ကာလမှာ အနောက်ဘက် တိုင်းနိုင်ငံက ဗုဒ္ဓဘာသာ ရဟန်းတော်များစွာဟာ ပါလ အင်ပါယာ ကို စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရတယ်။ တူရကီ တွေဟာ အာရှမှာ အင်အားအကောင်းဆုံး အစ်လာမ်ဘုရင် တွေဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ အိန္ဒိယနိုင်ငံရဲ့ရတနာမြေ၀င်ပေါက်ကို ပိတ်ဆို့နေတဲ့ ဂျဂုဋ မင်းဆက် ကို အကြိမ်ကြိမ်တိုက်ခိုက် ခဲ့ပြီး အေဒီ (၉) ရာစု အကုန်လောက်မှာ အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့တယ်။ ယာဒ၀ အဆက်နွယ်တွေကတော့ ရာဂျသန်ကိုဆုတ် ခွာခဲ့ပြီး ဂျိုင်ဆလမီယား မှာ အခြေပြုနေခဲ့တယ်။ ရှေးဟောင်း ယာဒ၀မင်းဆက်ရဲ့ မြို့တော် ဂဂျနီဟာ ဂန္ဓာရတိုင်းကိုတိုက်ဖို့ အတွက် တူရကီတွေရဲ့ ခြေကုပ်နေရာဖြစ်ခဲ့တယ်။ ကာပိရှနဲ့ ကုဘ (ကာဗူးလ်) အပါအ၀င် ဂန္ဓာရတိုင်းဟာ အရင်က ကူရှန် မင်းဆက်ရဲ့ အဆက်အနွယ်ဖြစ်ပုံရတဲ့ ဆာဟိ သို့မဟုတ် ခတ္တိယမင်းဆက်တွေ အုပ်စိုးခဲ့တာဖြစ်တယ်။ သို့သော်လည်း အေဒီ (၉) ရာစု အလယ်ပိုင်းရောက်တဲ့အခါ ဗြာဟ္မဏမင်းဆက် ဖြစ်တဲ့ ဆာဟိ မင်းဆက်က လုပ်ကြံသိမ်းပိုက်ပြီး ကျယ်ပြန့်တဲ့ အင်ပါယာ တစ်ခုထူထောင်ခဲ့နိုင်ခဲ့လို့ တူရကီတပ်တွေကို နောက်ထပ် တစ်ရာစုလောက် တန်ပြန်ခုခံထားနိုင်ခဲ့တယ်။ အဲဒီ နောက် ဂဂျနီ (ဂန်ဇနီ) မှာ တူရကီမင်းဆက်တစ်ဆက် (ယမီနီမင်းဆက်) တက်လာပြီး ဂန္ဓာရတိုင်းကို အပြင်းထန်ဆုံး စစ်ဆင် ခဲ့တယ်။ အဲဒီ စစ်ပွဲဟာ အိန္ဒိယနိုင်ငံအတွက် ရှည်ကြာလွန်းတဲ့ စစ်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး မကြုံဘူးလောက်အောင် ရက်စက်ပြင်းထန် ခဲ့တယ်။ ခေတ်ပြိုင်သမိုင်း မှတ်တမ်းဆရာတွေက ‘‘တူရကီစစ်ပွဲတွေ’’ ဟာ အိန္ဒိယမှာ ဘုရင်အချင်းချင်း အင်အားပြိုင်ဆိုင်တိုက် ခိုက်တဲ့ စစ်ပွဲတွေနဲ့ အများကြီးကွာခြားပြီး စစ်ပွဲ ပုံစံသစ်ဖြစ်တယ်လို့ မှတ်တမ်းတင်ခဲ့ကြရတယ်။ အိန္ဒိယနိုင်ငံဟာ ယဉ်ကျေးမူကြီး တစ်ခုလုံး လုံးဝ ပြိုလဲမသွားအောင် ခုခံတိုက်ခိုက်ခဲ့ရတယ်။ အေဒီ (၁၀) ရာစုအကုန်နဲ့ (၁၁) ရာစုအစ အတွင်း မှာ တိုက် ပွဲ အကြိမ်ကြိမ် ဆင်နွှဲပြီး ဆာဟိစ် တပ်တွေဟာ ကာပိရှနဲ့ ဂန္ဓာရတောင်ကြားရောက်အောင် တိုက်ထုတ်ခံခဲ့ရတယ်။
အေဒီ ၁၀၂၀ ကို ရောက်တဲ့အခါ ဆာဟိစ်မင်းဆက် ဟာ နယ်မြေအားလုံး ဆုံးရူံးခဲ့ရပြီး သူတို့ရဲ့ လက်ကျန်တပ်တွေကတော့ကက် ရှ်မီးယား သို့မဟုတ် မာလ၀ ဒေသက ပရမာရ ရာဇပုတ် တိုင်းပြည်မှာ ခိုလှုံခဲ့ရတယ်။ အဲဒီနောက် တူရကီ ခေါင်းဆောင် ဆူလ်တန် မိုဟာ မဒ် ဟာ ပရတိဟာရ ပြည်ကို တိုက်ခိုက်ခဲ့ပြန်တယ်။ သူ့ အတွက် ကံကောင်းတာက အဲဒီ အချိန်က ပရတိဟာရ မှာ အင်ပါယာ ပြိုကွဲနေပြီး မြေရှင်တွေ တကွဲတပြား ကြီးစိုးနေတာဖြစ်တယ်။ အဲဒီ နောက် ဆက်ပြီး ကျယ်ပြန့် တဲ့ ဒေသတစ်လျှောက် ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြန်တယ်။ သိမ်းပိုက်ရာဒေသ တစ်လျှောက်မှာ လုယက်ဖျက်ဆီးမူတွေအကြီးကျယ်လုပ်ခဲ့ သလို၊ ကျေးကျွန်ပေါင်းများစွာကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်။ ရတနာ ပစ္စည်းပေါင်းများစွာစုနေတဲ့ ဘုရားကျောင်းပေါင်း ထောင်ချီကိုလည်း ဖြိုချဖျက်စီးခဲ့တယ်။ မထုရာ မြို့လည်း လုယက်ဖျက်ဆီး ခံခဲ့ရတယ်။ ပရတိဟာရ တပ်မကြီးတစ်ခုလုံးကျ သွားတဲ့အခါ မြို့တော် ကာညကုဗ်ဂ်ျ လည်းဘဲ ဖျက်ဆီးခံခဲ့ရပါတယ်။ ဘုရားကျောင်းပေါင်း (၁၀၀၀၀) လောက်ဟာ လက်မူပစ္စည်းတွေနဲ့ အတူ ဖျက်ဆီးခံခဲ့ရပြီး အဲဒီကျောင်းတိုက်တွေမှာ မပြေးဘဲ ကျန်ရစ်သူတွေ သတ်ဖြတ်ခံခဲ့ရတယ် လို့ ဆိုပါတယ်။ နောက်ဆုံး စန္ဒြာတရိယ ဘုရင် ၀ိဓျဓရ ဟာ တူရကီတပ်တွေကို တားဆီးနိုင်ခဲ့တယ်။ သို့သော်လည်း မိုဟာမက်ဒ်ရဲ့ တပ်တွေဟာ ပန်ဂျပ်ပြည်နယ် အပါဝင် သိန္ဓုနယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး သူ့ရဲ့ အင်ပါယာအတွင်း သွတ်သွင်းနိုင်ခဲ့လို့ အိန္ဒိယမှာ ကျယ်ပြန့်တဲ့ တူရကီအင်ပါယာတစ်ခု တည်ထောင်နိုင်ခဲ့တယ်။ ဒီလို တူရကီတပ်တွေနဲ့ အိန္ဒိယက ဒေသခံ တိုင်းပြည် ငယ် အသီးသီးက တပ်တွေရဲ့ ဆက်တိုက် စစ်ပွဲတွေပြီးတဲ့အခါ နောက်ထပ် နှစ်ပေါင်း (၁၅၀) လောက်ကြာတဲ့အထိ ထူးခြားတဲ့ ပြောင်းလဲမူတွေ ကို မတွေ့ခဲ့ကြရဘူး။
အဲဒီ ခေတ်တစ်လျှောက် ထူးခြားချက်တစ်ခုကဘာလဲဆိုတော့ အိန္ဒိယနိုင်ငံအတွင်းမှာ တိုင်းပြည်ငယ်များစွာ တကွဲတပြားရှိနေခဲ့ တာဖြစ်ပြီး ဘယ်တိုင်းပြည်ကမှ အင်ပါယာတစ်ခုဖြစ်အောင် မစုစည်းနိုင်ခဲ့တဲ့အချက်ဖြစ်တယ်။
အေဒီ ၁၁၇၃ မှာ အာရှအလယ်ပိုင်းက တူရကီဘုရင် မိုဟာမဒ်ဟာ ယာမီနီမင်းဆက်ကို ဖြုတ်ချခဲ့တယ်။ အေဒီ ၁၁၇၈ မှာသူဟာ ဂူဂျာရတ်ပြည်ကို တိုက်ခိုက်ခဲ့ပေမဲ့ မအောင်မြင်ဘဲ တပ်များစွာ ဆုံးရှုံးခဲ့ရတယ်။ အဲဒီ ခေတ်မှာ တကွဲတပြားဖြစ်နေတဲ့ အိန္ဒိယ က တိုင်းပြည်ငယ်တွေဟာ ခုပြောခဲ့သလိုတိုင်းပြည်ငယ် တစ်ခုက တူရကီတပ်တွေကို တိုက်ခိုက်အောင်နိုင်ခဲ့တယ်ဆိုရင် သူတို့အတွက် အဲဒီ တူရကီတပ်တွေဟာ ခြိမ်းချောက်နိုင်ခဲ့ပုံမရဘူး။ အင်အားကြီးထွားလာတဲ့ ရာဇပုတ် ပြည်ငယ်တစ်ခုဖြစ်တဲ့ စာဟမာနပြည် ဟာ ကာညကုဗ်ဂ်ျ ကနေ အင်ပါယာထောင်ဖို့ ကြိုစားလာတဲ့ ဂါဟဍ၀ါလပြည်ကို စစ်ကြေငြာတိုက်ခိုက်ခဲ့တယ်။ တူရကီအင်ပါယာနဲ့ အိမ်နီးချင်းတိုင်းပြည်ငယ်တွေဖြစ်တဲ့ ဂူဂျာရတ်နဲ့ စန္ဒြာတရေယ ပြည်တို့ကိုလည်း စစ်ကြေငြာခဲ့တယ်။