Search This Blog

Wednesday, January 18, 2017

အနောက်ဘက်လွန်မင်း နန်းတက်ခြင်း


အနောက်ဘက်လွန်မင်း နန်းတက်ခြင်း

သီဟသူရ မဟာဓမ္မရာဇာ ဘွဲ့ခံ ညောင်ရမ်းမင်းတရားကြီးသည် သက်တော် ၄၂ တွင် မင်းအဖြစ် ဘိသိတ်ခံ ပြီး ၈ နှစ်တိုင်အောင် နန်းစံပြီး သက်တော် ၅၀ တွင် နတ်ရွာစံလေသည်။ နတ်ရွာစံသော် သားတော် အိမ်ရှေ့မင်းသား (အနောက်ဘက်လွန်မင်း) မှ အင်းဝနန်းတော်ကို အေဒီ ၁၆၀၆ ဖေဖော်ဝါရီလ ၂၃ တွင် သိမ်းကာ ဘုရင် လုပ်လေ၏။

မင်းဖြစ်သော် မှူးမတ်များ နှင့်တိုင်ပင်ပြီး ခမည်းတော်လက်ထက်မပြီးပြတ်သေးသော လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်လေ၏။ အနောက်ဘက်လွန်မင်းသည် ပြည်မြို့ကို သိမ်းပိုက်လိုသဖြင့် အင်းဝသြဇာခံစော်ဘွားများကို စစ်ကူတပ်များပို့ရန် စာပို့လေ၏။ ရှမ်းစော်ဘွားများ၏ စစ်ကူတပ်များ အင်းဝ သို့ရောက်လျှင် မင်းကြီးသည် တပ်မကြီး ၇ တပ်ဖွဲ့ကာ စစ်ဗိုလ်ချုပ် ၇ ဦးစီ ဦးစီးစေလျက် အေဒီ ၁၆၀၇ အောက်တိုဘာလ ၁၃ တွင် ပြည်မြို့ကို သိမ်းရန် စစ်ချီလေ၏။

ပထမစစ်ဆင်ရေးအဖြစ် မြေထဲခံတပ်မြို့ကို စတင်တိုက်ခိုက်လေ၏။မြေထဲခံတပ်မရောက်မီ အင်အားကြီးသော လှေတပ်ရှိရာ ထိုလှေတပ်ကို အင်းဝတပ်များအပြင်းအထန်တိုက်သဖြင့် ပြည်၏လှေတပ် သည် မခံနိုင်ဘဲ ဆုတ်ရလေ၏။ လှေတပ်ဆုတ်လျှင် အင်းဝတပ်များသည် မြေထဲမြို့ထဲသို့ အလုံးအရင်းဝင်တိုက် သဖြင့် မြေထဲမြို့ လည်း အင်းဝလက်သို့ ကျရလေသည်။

ပြည်မင်းလည်း ရခိုင်ဘုရင်ထံသို့ စစ်ကူတောင်းလေ၏။ ပြည်မင်းမှ ရခိုင်မင်းကို စစ်ကူတောင်းမည်ကို ရိပ်မိသော အနောက်ဘက်လွန်မင်း လည်း ရခိုင်ဘုရင်ထံ စစ်ကူမပို့ရန် သံတမန်အရေးတွင် လိမ္မာသောအမတ်ကို ဦးဆောင်စေလျက် ရခိုင်ဘုရင်ထံ လွှတ်လေ၏။ အင်းဝတပ်များသည် ပြည်မြို့ကို အလုံးအရင်းဝင်တိုက်သော်လည်း မြို့မှ သေနတ်များ၊စိန်ပြောင်းများဖြင့် အကြီးအကျယ် ပြန်လည် ခုခံသဖြင့် မြို့ရိုးကို မကပ်နိုင်ဘဲ ရှစ်လတိတိ ၀ိုင်းရံ ထားရလေ၏။

အင်းဝတပ်များ ပြည်မြို့ကို ရှစ်လတိုင်အောင် ၀ိုင်းရံထားလေ၏။ ပြည်မင်းလည်း ရခိုင်ဘုရင်မှ ပြန်စာမလာ သဖြင့် စိတ်ဓါတ်ကျနေလေ၏။ အင်းဝဘက်မှလည်း ရံခါရံခါ အမြှောက်ကြီးများဖြင့် ပြည်မြို့အတွင်း သို့ ပစ်သွင်းလေ၏။ သို့သော်လည်း ပြည်မြို့ဘက်မှ ကြံကြံခံကာ အောက်ကျမခံသဖြင့် အနောက်ဘက်လွန်မင်း လည်း ယခင်ဘုရင်နောင်အမိန့်ထုတ်သည့်အတိုင်း အမိန့်ထုတ်လေ၏။ တပ်သားအပေါင်းသည် တူးရွင်း၊ လှေကား များဖြင့် မြို့ရင်းကို ချဉ်းကပ်ရမည် မည်သူမှ နောက်ပြန်မပြေးရ၊ ပြေးလျှင် သေဒဏ် ဟု ပြတ်ပြတ်သားသား အမိန့်ပြန်လေ၏။

ထိုအမိန့်အတိုင်း နောက်မိုးသောက်လျှင် အင်းဝတပ်များလည်း ပြည်မြို့ကို အလုံးအရင်း ၀င်တိုက်လေ၏။
ပြည်မြို့ဘက်မှ အပြန်းအထန် အမြှောက်များသေနတ်များဖြင့် ပစ်လွှတ်သော်လည်း အင်းဝတပ်များ နောက်မ
ဆုတ်သောကြောင့် ပြည်မြို့ မခံနိုင်ဘဲ မြို့တံခါးပျက်ကာ အင်းဝတပ်များအလုံးအရင်းဝင်လာလေ၏။

ပြည်မြို့ကို အင်းဝတပ်များ အလုံးအရင်းဝင်ရောက်သော် ပြည်ဘုရင်သည် နန်းတော်ဘက် ဆုတ်ပြီး နန်းတော်တံခါးပိတ်ကာ ခုခံပြန်၏။ အင်းဝတပ်များလည်း နန်းတော်တံခါးကို ရအောင်ဖျက်ပြီး နန်းတော်တခု လုံး ၀ိုင်းမှသာ နန်းတွင်းရဲမက်များ လက်နက်ချလေ၏။ သို့သော် ပြည်ဘုရင်သည် ရာဇပလ္လင် ပေါ်မှ နေပြီး ဓါးကိုင်ကာ လက်နက်မချဘဲ ခုခံရန် ပြင်ဆင်နေလေ၏။ အင်းဝတပ်မှူးများလည်း ဘုရင့်အမိန့်မရှိသဖြင့် နန်းတော်ပေါ်သို့ မတက်ဘဲ အပြင်ကသာ ၀ိုင်းရံထားလေသည်။

ပြည်ဘုရင်၏ ကိုယ်ရံတော်အားလုံး လက်နက်ချနေချိန်တွင် အသက် ၁၃ နှစ်သာ ရှိသေးသော ငထင် ဟု အမည်ရသည့် လူငယ်တဦးတည်းသာ ပြည်ဘုရင်ရှေ့တွင် ဓါးကိုင်လျက် ဘုရင်ကို စောင့်ရှောက်ပေး
နေလေ၏။ ထိုအခြင်းအရာ ကို ဦးလေးတော်သူ စစ်သူကြီး ဘယဂါမဏိ မြင်လျှင် လက်နက်ချ ရန် အဝေးမှ အော်သော်လည်း ငထင်ကမူ" သခင့်ဆန်စားရသော်ကြောင့် ရဲရတော့သည်" ဟု ဆိုကာ လက်နက် မချပေ။ (ငထင်သည် ပြည်ဘုရင် အင်းဝသို့ ပါတော်မူပြီးနောက် ပြည်ဘုရင် နတ်ရွာလွန်သည်အထိ ကိုယ်ရံတော်အဖြစ် အမူထမ်းခဲ့၏)

အနောက်ဘက်လွန်မင်းလည်း မင်းခန်းမင်းနားဖြင့် ပြည်နန်းတော်အတွင်း ၀င်လာပြီး ကိုယ်ရံတော်များဖြင့် နန်းတော်သို့ တက်ကာ ပြည်ဘုရင်ကို စကားများဆိုလေရာ ပြည်ဘုရင်လည်း လက်နက်ချအညံခံလေသည်။ အနောက်ဘက်လွန်မင်းလည်း ပြည်ဘုရင်နှင့်တကွ မိဖုရားများကို အလုပ်အကျွေး လူတစ်ရာကျော် ဖြင့် အင်းဝသို့ ပို့ကာ အင်းဝတွင် မင်းသား တို့၏ အဆောင်အယောင်အတိုင်း အိမ်ရာပေးကာ နေစေလေ၏။

အနောက်ဘက်လွန်မင်း၏ တောင်ငူတိုက်ပွဲ
အနောက်ဘက်လွန်မင်းသည် ပြည်မြို့ကို အလိုတော်ပြည့်လျှင် ပြည်ရှိမှူးမတ်များကို သစ္စာပေးလေသည်။
ပြည်နန်းတော်ကိုလည်း မီးရို့ဖျက်စီးလေ၏။ ညီတော် မင်းရဲသိင်္ခသူအား ပြည်မြို့စားခံပြီး ၁၅ စက်တင်ဘာ ၁၆၀၈ တွင်နေပြည်တော်သို့ ပြန်လေ၏။ အနောက်ဘက်လွန်မင်း၏ ပြည်သိမ်းသော စစ်ပွဲသတင်းသည် အဘက်ဘက်သို့ ပြန့်သွားရာ တောင်ငူဘုရင်၊ရခိုင်ဘုရင်၊ဇင်းမယ်ဘုရင် အစရှိသော ပြည်ထောင်မင်းများ သည် အနောက်ဘက်လွန်မင်းနှင့် အမျိုးတော်ရန်အလိုငှာ လက်ဆောင်များဖြင့် ကမ်းလှမ်းလာလေ၏။ သို့သော်လည်း အနောက်ဘက်လွန်မင်းသည် ထို ကမ်းလှမ်းချက်များကို တုံ့ပြန့်ခြင်းမရှိခဲ့ပေ။

ထိုနှစ်တွင် အနောက်ဘက်လွန်မင်းသည် တောင်ငူသို့ ချီတက်လေ၏။ တောင်ငူသို့ ချီတက်သော စစ်အင်အားမှာ စုစုပေါင်း တစ်သိန်းကျော် ရှိလေသည်။ ထိုအချိန်တွင် တောင်ငူတွင် နတ်ရှင်နောင် နန်းတက်ပြီး ဘုရင်ပြုနေချိန်ဖြစ်၏။ ပထမတိုက်ပွဲအဖြစ် နတ်ရှင်နောင်သည် အနောက်ဘက်လွန်မင်း၏ တပ်များ တောင်ငူနယ်တွင် မချမိစေရန် စစ်အင်အားအများဖြင့် ချီတက်လာပြီး အင်းဝတပ်ကို တိုက်လေ၏။ အင်းဝဗိုလ်မှူး သီရိဇေယျနော်ရထာမှ မြင်းတပ် သုံးရာ ဖြင့် ခံလေ၏။

သီရိဇေယျနော်ရထာ၏ မြင်းတပ်သည် တောင်ငူတပ်ကို မခံနိုင်ဖြစ်ပြီး သီရိဇေယျနော်ရထာလည်း ခေါင်း
ဖြတ်ခံရလေ၏။ ထိုအကြောင်းကို အနောက်မှ ချီတက်လာသော အနောက်ဘက်လွန်မင်းကြားလျှင် မြင်း တပ် ၅၀၀ ကျော်ကို အပြင်းချီစေပြီး တောင်ငူမြင်းတပ်ကို တိုက်စေလေ၏။ တောင်ငူမြင်းတပ်လည်း တပ်ကို ဆုတ်ပြီး မြို့တွင်းသို့ ၀င်လေသည်။

ထိုနောက် နတ်ရှင်နောင်သည် တောင်ငူဗိုလ်မှူး ဘယကျော်စွာကို ဆင်တပ်ဖြင့် ထွက်တိုက်စေပြန်၏။ ဘယကျော်စွာသည် အနောက်ဘက်လွန်မင်း၏ သားတော် ကျွန်းဆုံမင်းသားရှိရာ သို့ အပြင်းချီတက်၏။ ကျွန်းဆုံမင်းသားလည်း အပြင်းချီတက်လာသော ဆင်တပ်ကို မြင်လျှင် အနီးအနားရှိရာ ဆင်ပေါ်သို့ ပြေး တက်ပြီး ခုခံရန် ပြင်ဆင်လေ၏။ သို့သော်လည်း ဘယကျော်စွာ၏ ဆင်သည် အင်အားကြီးသဖြင့် ကျွန်းဆုံ မင်းသား၏ ဆင်သည် ကော်ပစ် ခံရလေ၏။ ကျွန်းဆုံမင်းသားလည်း ဆင်ပေါ်မှ ခုန်ချကာ မြင်းပေါ်သို့ အလျင်တက်ကာ ဆုတ်လေ၏။

ဘယကျော်စွာလည်း အနောက်က တိုက်ပြန်ရာ မြင်းပေါ်မှ လဲကျပြန်၏။ ထိုသို့ ဘယကျော်စွာသည် ကျွန်းဆုံမင်းသားကို သတ်ရန် အပြင်းလိုက်နေစဉ် အင်းဝသေနတ်တပ်မှ တပ်သားတစ်ဦးမှ ပစ်လိုက်သော ကျည်စေ့သင့်ပြီး ဆင်ဦးတွင် ကွယ်လွန်လေ၏။ ဘယကျော်စွာ၏ဆင်သည် မိမိသခင် လွန်သည်ကို မသိ ရန်သူဆင်များကို လိုက်လံတိုက်ခိုက်နေလေ၏။ အင်အားကြီးသော ဆင်ဖြစ်သောကြောင့် မည်သူမှ မရပ် နိုင်ဖြစ်နေလေ၏။

ထိုသို့ တိုက်ဆင် သောင်းကျန်းနေသည်ကို မြင်လျှင် အနောက်ဘက်လွန်မင်းသည် ထိုတိုက်ဆင်ပေါ်သို့ တက်ရန်ကြိုးစားလေ၏။ သို့သော်လည်း တိုက်ဆင်မှ အတက်မခံဘဲ ဝှေ့ရမ်းနေစဉ် မြင်းတပ်မှ ရဲမက်တစ်ဦး
မှ ဘယကျော်စွာ၏ ဆင်မြီးကို ဖြတ်လိုက်မှ တိုက်ဆင်သည် ရပ်သွားလေ၏။ ထိုသို့ ရပ်သွားမှ ထိုဆင်ကို ဖမ်းနိုင်လေသည်။

အနောက်ဘက်လွန်မင်းသည် သဘောတော်ကျပြီး ဘယကျော်စွာအား ပစ်သတ်နိုင်သော သေနတ်လုလင် ကို မြစ်ခြေရွာစားအဖြစ်ခံလေ၏။ တုရင်ဗညားဟူသော ဘွဲ့ကိုလည်း ပေးလေ၏။ ဆင်မြီးဖြတ်နိုင်သော ရဲမက်ကိုလည်း တုရင်ဗလ ဟူသောဘွဲ့ပေးကာ ရေနံ့သာရွာစား အဖြစ်ခံလေ၏။

ရဟန်းတော်များ၏မေတ္တာရပ်မူ့ကြောင့် တောင်ငူစစ်ပွဲ ငြိမ်းရခြင်း
တောင်ငူဘုရင် နတ်ရှင်နောင်လည်း စစ်ပွဲ နိုင်မည့်အရေးကို မမြင်သဖြင့် တောင်ငူရှိ ရဟန်းဆရာတော်များ ထံ ချဉ်းကပ်ကာ မိမိတို့ဘက်က အညံ့ခံမည့်အကြောင်းကို ရပ်ခံပေးပါရန် လျှောက်ထားလေ၏။ ဆရာတော် များလည်း စစ်ပွဲကိုမမြင်တွေ့လိုသဖြင့် တိုင်းပြည်သာယာမည့်အရေးအတွက် အင်းဝတပ်ထံသို့ သွားရောက်
ကာမေတ္တာရပ်ခံပေးပါမည်ဟု မိန့်ကြားကြလေ၏။

ဆရာတော်များလည်း မေတ္တာရပ်ခံရန် အင်းဝဘုရင်၏ ဘထွေးတော်ခံတပ်ဆီသွားလေ၏။ သို့သော်လည်း ဘထွေးတော်မှ မိမိအရေးမပိုင်ကြောင်း အင်းဝဘုရင်ထံ သွားပါရန် လျှောက်ထားသဖြင့် ဆရာတော်များ
လည်း အင်းဝဘုရင်တပ်တော်ဆီသွားရာ လမ်းခုလတ်တွင် ၀န်ရှင်တော်မင်းတို့မှ မသွားရန် တားမြစ်ကြ သဖြင့် ဘုရင်ဆီမရောက်ဘဲ ဖြစ်နေလေ၏။

ဆရာတော်များလည်း လက်မလျော့ဘဲ အင်းဝဘုရင့်ညီတော် မင်းရဲသိင်္ခသူထံ သွားကြလေ၏။ ညီတော် မင်းရဲသိင်္ခသူလည်း တပည့်တော် မလျှောက်ဝံ့ပါ ဟု ပြန်လည်လျှောက်ထားသဖြင့် ဆရာတော်များလည်း အင်းဝဘုရင့်ယာယီခံတပ်ထံသို့ ထပ်မံသွားပြန်လေ၏။

ထိုအချိန်တွင် အင်းဝဘုရင်မှ တပ်တော်ကို စစ်ဆေးနေရာ ဆရာတော်များကို အဝေးမှ တွေ့သဖြင့် ပင့်လာ ရန် မိန့်ကြားလေ၏။ ၀န်မင်းတို့လည်း ဆရာတော်များကို ပင့်ပြီး ယာယီနန်းတဲတွင် သီတင်းသုံးစေလေ၏။ ဘုရင်လည်း တပ်တော်ကို စစ်ဆေးပြီးလျှင် ယာယီနန်းတဲသို့ ၀င်ကာ ဆရာတော်များကို အကျိုးအကြောင်း
မေးမြန်းလေ၏။ တောင်ငူဆရာတော်များလည်း ခပ်သိမ်းသော လူအပေါင်းတို့ ချမ်းငြိမ်းမည့်အကြောင်းကို
မေတ္တာရပ်ခံပါ သည်ဟု မိန့်ကြားကြလေ၏။

အင်းဝမင်းလည်း တောင်ငူဘုရင်၏ ညီတော်များဖြစ်သော မင်းရဲကျော်စွာ၊မင်းရဲသီဟသူ၊မင်းရဲကျော်ထင် တို့ အဆောင်အယောင်တို့ဖြင့် မြို့တွင်းမှ ထွက်လာကာ ခံတပ်တော်အထိ လာရောက်ရန် စကားပြန်ပါးလိုက်၏။
ဆရာတော်တို့လည်း အင်းဝဘုရင်မှာသည့်အတိုင်း မိန့်ကြားရာ နတ်ရှင်နောင်လည်း ညီတော်များကို အခမ်းအနားဖြင့် အင်းဝဘုရင်ခံတပ်သို့ စေလွှတ်လိုက်လေ၏။

တောင်ငူဘုရင် ညီတော်များ အင်းဝခံတပ်သို့ ရောက်လျှင် အင်းဝဘုရင်သည် နေရာအထိုင်အခင်း ပေးပြီး စကားများပြောကြားပြီး မင်းသားများကို ပြန်လွှတ်လိုက်လေ၏။ ထိုနောက် ယာယီတဲနန်းတွင် မိမိ၏ ရာဇပလ္လင်ထက် အနည်းငယ်နိမ့်သော ပလ္လင်ငယ်တခုကို ပြုလုပ်စေပြီး တောင်ငူဘုရင်ကို မည့်သည့်နေ့ရက်
တွင် မိမိထံ လာပါစေ ဟု မင်းသားများနှင့် စကားပါးလိုက်လေ၏။

နတ်ရှင်နောင်လည်း သတ်မှတ်သည့်ရက်တွင် အင်းဝယာယီခံတပ်သို့ ၀င်လေသည်။ ယာယီနန်းတဲ သို့ ရောက်လျှင် အင်းဝဘုရင်မှ ထွက်တော်မမူသေးသဖြင့် နတ်ရှင်နောင်အပါအ၀င် မှူးမတ်များအားလုံး ယာယီနန်းတဲ၏ အပြင်တွင် ရပ်ကာ စောင့်နေကြရလေ၏။ အချိန်အတော်အတန်ကြာမှ အင်းဝဘုရင် ထွက်တော်မူလေ၏။ ထိုအခါမှ နတ်ရှင်နောင်လည်း ယာယီနန်းတဲထဲသို့ ၀င်ပြီး စီစဉ်ထားသော နေရာ တွင် ထိုင်လေ၏။

အင်းဝဘုရင်လည်း နတ်ရှင်နောင်နှင့် စကားများ ပြောပြီးသော် နတ်ရှင်နောင်၏ လျှောက်ထားချက်များကို သဘောကျသဖြင့် တောင်ငူထီးနန်းကို ပြန်လည်ပေးအပ်ပြီး တောင်ငူလွှတ်တော်ဝန်ရှင်တော်မင်းကိုမူ မိမိ၏ လူယုံ စစ်ကိုင်းမြို့စားကို ခံအပ်လေ၏။

ငဇင်ကာ နှင့် အနောက်ဘက်လွန်မင်း
အနောက်ဘက်လွန်မင်းမှ တောင်ငူကို အောင်နိုင်ပြီးသော် နတ်ရှင်နောင်ကို ဘုရင်ခံအဖြစ် ပြန်လည် ခန့်အပ်ပြီးနောက် အင်းဝနေပြည်တော်သို့ ပြန်ကြွတော်မူလေ၏။ ထိုအခွင့်အရေးကို စောင့်နေသော သန်လျင်ငဇင်ကာသည် အေဒီ ၁၆၁၂ ဇူလိုင်လတွင် တောင်ငူသို့ အပြင်းချီတက်လာလေသည်။ တောင်ငူမြို့ စစ်သူကြီးဖြစ်သော မင်းရဲကျော်စွာလည်း ရဲမက်အများဖြင့် မြို့ပြင်မှခံတိုက်လေ၏။ ငဇင်ကာ၏ တပ်များကို မခံနိုင်သဖြင့် မြို့တွင်းဝင်ကာ ခုခံပြန်၏။ သို့သော်လည်း တောင်ငူမြို့ရိုးက ကျယ်ပြီး ခုခံသော ရဲမက်များနည်း
သောကြောင့် ငဇင်ကာတပ်သားများ မြို့ရိုးကို ကျော်နိုင်ကာ တောင်ငူမြို့ကိုရလေသည်။

မင်းရဲကျော်စွာလည်း မြို့တွင်းရောက်လာသော ပေါ်တူဂီတပ်သားများကို အပြင်းခုခံရာ တိုက်ပွဲတွင် သေနတ် သင့်ပြီး ကျရူံးလေ၏။ နတ်ရှင်နောင်၏ မယ်တော် နှင့် မိဖုရားတချို့လည်း ဝေါစီးကာ အခြွေအရံနှင့် မြို့မှ ထွက် ပြေးရလေ၏။ နတ်ရှင်နောင်မယ်တော် နှင့် မိဖုရား အင်းဝသို့ ရောက်လာရာ အနောက်ဘက်လွန်မင်း မှ ပင်းယမြို့လယ်တွင် နန်းတော်ဆောက်ပေးကာ နေထိုင်စေလေ၏။

ငဇင်ကာလည်း နတ်ရှင်နောင်နှင့်တကွ ကိုယ်လုပ်တော်မောင်းမများကိုသန်လျင်သို့ ခေါ်ဆောင်သွားလေ၏။
တောင်ငူတွင်ဖြစ်ပျက်ခဲ့သည်ကိုများကို အကြောင်းစုံသိရပြီးသော် အနောက်ဘက်လွန်မင်းသည် ရဲမက်အများအပါးဖြင့် သန်လျင်သို့အပြင်းချီတက်လေသည်။

သန်လျင်သို့ ရောက်လျှင် ငဇင်ကာထွက်မပြေးအောင် ပင်လယ်ဘက်မှ လှေတပ်ကြီးများဖြင့် ပိတ်ဆို့ထား
စေလေ၏။ ထိုနောက် သန်လျင်မြို့ ပတ်ပတ်လည်တွင် တပ်တော်များကို ချလေသည်။ သန်လျင်မြို့တွင်းတပ် လည်း အမြှောက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်၏။သန်လျင်မြို့၏ မြို့ရိုးမှာ အခိုင်အခံရှိသဖြင့်
မြို့ရိုးပျက်အောင် ဥမင်တူးပြီး ဖြိုစေပြီးနောက် ပတ်ပတ်လည် ၀ိုင်းရံနေသော အင်းဝတပ်သားများ အလုံးအရင်း ၀င်တိုက်သဖြင့် သန်လျင်မြို့ကျလေသည်။

ငဇင်ကာနှင့်တကွ အပေါင်းအပါကိုလည်း ဖမ်းမိလေ၏။ငဇင်ကာမှ နတ်ရှင်နောင်အကူအညီတောင်းသဖြင့် စစ်ချီရခြင်းဖြစ်ကြောင်း လျှောက်ထားသဖြင့် အနောက်ဘက်လွန်မင်းလည်း နတ်ရှင်နောင်ကို စစ်ဆေး မေးမြန်းပြန်၏။ နတ်ရှင်နောင်မှ မိမိမစေဟုသာ ပြန်လည် မိန့်ကြားလေသည်။ ထိုအခါ ကြက်ရိုးပင်ရွာကို စားသော ရွာစားမှ နတ်ရှင်နောင်သည် ငဇင်ကာကို စာတခု ပို့ကြောင်း သို့သော် ထိုစာ တွင် မည်သည့်အကြောင်းအရာ ပါသည်ကို မိမိမသိပါဟု လျှောက်ထားရာ အနောက်ဘက်လွန်မင်းလည်း နတ်ရှင်နောင်ကို မြို့လယ်တွင်သတ်စေဟု အမိန့်တော်ချလေသည်။

ငဇင်ကာကိုလည်း တံကျင်တင်ပြီး မြို့လယ်တွင်ထားလေ၏။ သန်လျင်ကိုရပြီးသော် တလခန့်ကြာလျှင် သင်္ဘောငါးစင်းနှင့် ကုလားပသီ ( parsee လူမျိုး၊ အီရန် လူမျိုးမှ ဆင်းသက်လာသူများဖြစ်၏) ၃ ထောင်ကျော်ခန့် သန်လျင်ကိုရောက်လာ၏။ ထိုသူများသည် ငဇင်ကာမှ စစ်ရေးအတွက် အကူအညီတောင်းထားသူများ ဖြစ် လေ၏။အနောက်ဘက်လွန်မင်းလည်း လှေအတွင်းဝန်ကို သူတို့ဘက်မှ စတိုက်လျှင် အပြင်းအထန်ပြန်တိုက်စေဟု အမိန့်ပြန်လေ၏။

ပသီကုလားတို့လည်း သန်လျင်ရောက်လျှင် ငဇင်ကာ၏ အရိပ်အယောင်ကို မမြင်သဖြင့် အင်းဝလှေတပ်ကို စတင်တိုက်ခိုက်လေ၏။ လှေအတွင်းဝန်လည်း အပြင်းအထန်ပြန်လည်ခုခံ၏။ ထိုအခါ သင်္ဘောငါးစင်း အနက် တစင်းမှာ ထွက်ပြေးသွားပြီး လေးစင်းကို ဖမ်းမိလေသည်။ အသက်ရှင်လျက်ရှိသော ကုလားပသီ တို့ကိုလည်း မကွပ်မျက်ဘဲ သန်လျင်တွင်နေရာချပေးလေ၏။

အနောက်ဘက်လွန်မင်းမှ သန်လျင်ကိုတိုက်ခိုက်သိမ်းနိုင်သော သတင်းကို မုတ္တမစားကြားလျှင် ရွှေငွေများ ကို လှေအပြည့်တင်ကာ အင်းဝဘုရင်ထံအညံခံ ၀င်လေ၏။ အနောက်ဘက်လွန်မင်းလည်း မိမိ၏ ညီတော် စစ်ကိုင်းစားကိုရေးမြို့သို့ စေလွှတ်ကာ နယ်စပ်ရေးရာကို ခိုင်မာအောင်လုပ်ဆောင်စေလေ၏။ စစ်ကိုင်းစား ရေးမြို့တွင် ရှိနေသည်ဟု ယိုးဒယားမင်းကြားလျှင် လူသူအများဖြင့် ၀င်ရောက်တိုက်ခိုက်ကာ စစ်ကိုင်းစားကို ဖမ်းမိပြီး ထားဝယ်သို့ ယူဆောင်သွားလေ၏။ (ထိုအချိန်က ထားဝယ်သည် ယိုးဒယားလက် အောက်တွင်ရှိ၏။)

အနောက်ဘက်လွန်မင်းလည်း မိမိညီတော်သတင်းကို ကြားလျှင် ထားဝယ်သို့ချီတက်ရန် စစ်ပြင်ဆင်
လေသည်။
ဇင်းမယ်သို့ အနောက်ဘက်လွန်မင်းချီတက်ခြင်း အကြောင်း
အနောက်ဘက်လွန်မင်း၏ ညီတော်မင်းရဲကျော်စွာ ကို ယိုးဒယားမင်းမှ ဖမ်းယူသွားသဖြင့် ညီတော်အား
ပြန်လည် ကယ်ရန် အေဒီ ၁၆၁၃ နိုဝင်ဘာလ ၇ တွင် ဟံသာဝတီမြို့ဟောင်းမှ ချီတက်လေ၏။ ညီတော် မင်းရဲသီဟသူ ကို ဗိုလ်မှူးခန့်ပြီး စစ်ကြောင်းတခုဖြင့် ထားဝယ်မြို့ကို အလျင်ချီတက်စေသည်။ မင်းရဲသီဟသူ လည်းအပြင်းချီတက်ရာ ထားဝယ်နယ်စပ်သို့ ရောက်လေ၏။

ထားဝယ်စားလည်း အသင့်စောင့်ကြိုနေရာ တပ်ဦးချီတက်လာသော သီပေါစော်ဘွား၏ တပ်နှင့်တွေ့ကာ အပြင်းအထန် တိုက်ပွဲဖြစ်ကြလေ၏။သီပေါစော်ဘွားနှင့်ထားဝယ်စားတို့လည်း လယ်ပြင်တွင် စီးချင်းထိုး
လေ၏။ ထိုအချိန်တွင် သီပေါစော်ဘွားတပ်မှ သေနတ်လုလင်သည် ၀ါးရုံကြားမှ သေနတ်ပစ်လွှတ်လိုက် သဖြင့် ထားဝယ်စားကို ထိကာ ဆင်ဦးပေါ်မှကျပြီး ကျဆုံးလေ၏။

ထားဝယ်စားကျသော်လည်း ထားဝယ်မြို့မှအမတ်များက မြို့တံခါးကိုပိတ်ကာ အပြင်းအထန်ပြန်လည် ခုခံကြ လေ၏။ မင်းရဲသီဟသူတပ်များလည်း ရောက်လာပြီး ၃ ရက်တိုင်အောင် အပြင်းအထန်တိုက်ရာ ယိုးဒယားမှ စစ်ကူမရောက်သဖြင့် ထားဝယ်မြို့ကျလေ၏။ မင်းရဲသီဟသူလည်း ထားဝယ်မြို့ကိုရလျှင် မြို့စောင့် ထားခဲ့ပြီး အနောက်ဘက်လွန်မင်းရှိရာ ရေးမြို့သို့ ပြန်ပြီး အကြောင်းပြန်လေ၏။

အနောက်ဘက်လွန်မင်းလည်း တနင်္သာရီသို့ ချီတက်ရန်စစ်ပြင်ဆင်ပြန်လေသည်။ ထိုသို့ ချီတက်ရန်ပြင်
နေစဉ် ဇင်းမယ်နန်းတွင်းအရေးတော်ပုံ( ဇင်းမယ်သည်အင်းဝလက်အောက်ခံဖြစ်၏) ဖြစ်လေ၏။ ဖြစ်ပုံမှာ ဇင်းမယ်ဘုရင် အနော်ရထာမင်းစောမှ မိမိ၏ သားတော် မင်းသားတုလောင်း ကို အိမ်ရှေ့အဖြစ်ခန့်ထား၏။ ဇင်းမယ်ဘုရင် ကံကုန်သော် အမတ်တို့မှ ယိုးဒယားတွင်အလည်အပတ်ရောက်နေသောအိမ်ရှေ့မင်းသားကို
ပြန်လာပြီး နန်းဆက်ခံရန် လျှောက်ကြလေရာ မင်းသားလည်း ဇင်းမယ်သို့ ပြန်လာ၏။

မင်းသားသည် ယိုးဒယားဘုရင်၏ သမီးတော်တပါးနှင့်လက်ထပ်ထားရာ ယိုးဒယားဘုရင်လည်း မိမိ၏ သားမက်တော်ကို စစ်အင်အားအလုံးအရင်းထည့်ပေးလိုက်လေ၏။ ထိုသို့ ချီတက်နေစဉ် ဇင်းမယ်နန်းတွင်း မှ သြဇာကြီးသော အမတ်နှစ်ဦးမှ မိမိတို့၏ လူယုံမင်းသား တစ်ပါးဖြစ်သော မင်းရဲစွာကို ဘုရင်အဖြစ်တင်
မြှောက်လေ၏။

မင်းသားတုလောင်း လည်း ထိုသတင်းကိုကြားသိလျှင် အလျင်အမြန်ချီတက်ပြီး ဇင်းမယ်မြို့ကို ၀ိုင်းရံထား လေ၏။ သို့သော် ကံအကြောင်းမလှဖြစ်ပြီး မင်းသားတုလောင်းသည် လည်ချောင်းသွေးအန်ကာ သမားတော်များကုမရဖြစ်ပြီး ကံကုန်လေ၏။ (ဇင်းမယ်အမတ်ကအဆိပ်ခပ်သတ်သည်ဟုလည်း ယိုးဒယားပါးစပ် ရာဇာဝင်ကဆို၏)။

မင်းသားတုလောင်းကံကုန်သော် ယိုးဒယားတပ်များလည်း ယိုးဒယားသို့ပြန်လေသည်။ သိပ်မကြာပြီ ဇင်းမယ်ဘုရင်ကို အမတ်များမှ ထပ်မံနန်းချပြီး သတိုးကျော်ဆိုသူကို နန်းတင်ပြန်လေ၏။ ထိုသို့ ဇင်းမယ်နန်းတွင်းတွင် အမတ်များမှ အာဏာကို ချယ်လှယ်နေသဖြင့် အနောက်ဘက်လွန်မင်းထံ သတင်း ပေးပို့ကြလေရာ မင်းကြီးကိုယ်တိုင် ဇင်းမယ်သို့ အေဒီ ၁၆၁၄ ဧပြီ ၁၈ တွင် ချီတက်လေသည်။

ဇင်းမယ်စစ်ပွဲအပြီး ရခိုင်သို့ ထပ်မံစစ်ချီရခြင်းအကြောင်း

အနောက်ဘက်လွန်မင်းမှ ဇင်းမယ်သို့ ချီတက်သွားကြောင်း ယိုးဒယားမင်းကြားသိလျှင် တနင်္သာရီသို့ အပြင်းချီတက်လာ၏။ သို့သော်လည်း တနင်္သာရီတွင် မင်းရဲသီဟသူ နှင့် မင်းရဲကျော်ထင် ဦးဆောင်သော အင်းဝတပ်များမှ အပြင်းအထန်ခုခံလေရာ ယိုးဒယားမင်းမှ မထိုးဖောက်နိုင်ဘဲ တပ်ပျက်ကာ ပြန်လည် ဆုတ်ခွာသွားရလေ၏။

ထိုသတင်းကို အနောက်ဘက်လွန်မင်းကြားလျှင် သဘောကျသဖြင့် မင်းရဲသီဟသူကို ချီးမြှောက်လေ၏။ အင်းဝတပ်များ ဇင်းမယ်သို့ ချီတက်လာကြောင်းကို သိသောဇင်းမယ်ဘုရင်သည် လင်းဇင်းမှ စစ်ကူအမြှောက်အများခေါ်ယူားကာ မြို့ကို အခိုင်အမာလုပ်ပြီး အနောက်ဘက်လွန်မင်းအလာကို စောင့် နေ
လေ၏။

ဇင်းမယ်မြို့ကိုရောက်သော် ရှေးဘုရင်တို့လုပ်ထုံးအတိုင်းကို မြို့ကို ၀ိုင်းရံထားလေ၏။ လေးလလောက်ကြာ
သော် အစာရေဆာ မလုံလောက်သဖြင့် မှူးမတ်များကိုခေါ်ကာ တိုင်ပင်လေ၏။ ထိုအခါ ဗဒုံစားမှ မကျန်းမာ သူများကို တဖြည်းဖြည်း ပြန်စေ၊ ကျန်းမာသူများကို ဇင်းမယ်မြို့ရိုးထက်ကြီးအောင် မြေဖြင့် ပြုလုပ်သော
မြို့ရိုးကြီးများကို ဆောက်စေကာ ထိုမြို့ရိုးကြီးများမှ တံတားဖွဲ့ပြီး ၀င်တိုက်ပါမည် ဟု လျှောက်ထားလေ၏။

ထိုအကြံကို ဘုရင်မှ သဘောကျသဖြင့် ဗဒုံစားကို တာဝန်ပေးလေ၏။ ဗဒုံစားလည်း လင်းဇင်းမြို့ရိုးသမျှ ကြီး အောင်မြေကြီးများကို ဖို့စေလေသည်။ ထိုသို့ ကြီးမားသော မြို့ရိုးကို ဇင်းမယ်အမတ်များတွေ့လျှင်
ကြောက်လန့်ကြလေ၏။ ထိုသတင်းကြားလျှင် ဇင်းမယ်လက်အောက်ခံ မောက်နန်းမြို့ စားမှ ဆန်များဖြင့် အညံခံလေ၏။ ငါးရက်ခန့်ရှိသော် ဇင်းမယ်အမတ်များလုပ်ကြံမူကြောင့် ဇင်းမယ်ဘုရင်သတိုးကျော် လွန်ကာ ဘုရင့်ကျက်သရေဆင်တော်နှင့် ရွှေငွေများစွာကို တင်ကာ အနောက်ဘက်လွန်မင်းထံ အညံခံကြလေသည်။

အနောက်ဘက်လွန်မင်းလည်း ဗဒုံမင်း၏ ဥာဏ်ပညာကြောင့် စစ်မတိုက်လိုက်ရဘဲ ဇင်းမယ်ကို ရသည်ဟု ဆိုကာ သဘောတော်ကျသဖြင့် သက်တော်ရှည်ဘွဲ့ပေးလေ၏။ အရင်ဆုံးအညံခံဝင်လာသော မောက်နန်း
မြို့စားကိုလည်း ဇင်းမယ်ဘုရင်ခံအဖြစ် ခံအပ်လေ၏။

အနောက်ဘက်လွန်မင်းလည်း ဇင်းမယ်တွင် အတန်ကြာနေပြီးနောက် အေဒီ ၁၆၁၅ မေလ တွင် ဇင်းမယ် မှ ပြန်တော်မူလေသည်။ ထိုနောက် အင်းဝနေပြည်တော်သို့ ရောက်ပြီး တိုင်းရေးပြည်မူကို လုပ်နေစဉ် စက်တင်ဘာလအရောက်တွင် ရခိုင်ဘုရင်မှ အင်းဝဘုရင်၏ ရွှေကွမ်းအစ်ကို ပေးလှည့်ပါဟု စာဖြင့် ရန်စသည့်သဘောဖြင့် တောင်းလာသောကြောင့် အနောက်ဘက်လွန်မင်း သည်အလွန် ဒေါသထွက်ကာ ရခိုင်ကို စစ်ချီရန် အမိန့်ထုတ်ပြန်လေ၏။

သားတော်လုပ်ကြံသဖြင့် အနောက်ဘက်လွန်မင်း နတ်ရွာစံခြင်း
အနောက်ဘက်လွန်မင်းသည် ရခိုင်ဘုရင်၏ စာသံကြောင့်ဒေါသအမျက်ထွက်ကာ ရခိုင်သို့ ချီရန် ရာဇသင်္ကြ ဘွဲ့ရအမတ်ကို စစ်ကဲမှူးခန့်ပြီး စစ်အင်အား ငါးသောင်းဖြင့် သံတွဲသို့ချီတက်စေလေ၏။ သံတွဲစားလည်း ချီတက်လာသော အင်းဝတပ်များကို ခုခံလေ၏။သို့သော်လည်း အင်အားမမျှတသဖြင့် သံတွဲမြို့ရိုးပျက်ကာ သံတွဲကို ရလေ၏။ အနောက်ဘက်လွန်မင်းလည်း သံတွဲစားကိုသာ ဖမ်းပြီး ပြန်လာရန် အမိန့်ထုတ်ပြန်လေ၏။

အနောက်ဘက်လွန်မင်းသည် စစ်သည်များစစ်ပန်းနေသဖြင့် စစ်ချီခြင်းမပြုဘဲ ဟံသာဝတီမြို့ ဟောင်းရှိ
စေတီတော်များကို ပြုပြင်လေ၏။ ပုညစေတီ ဘုရားရှင်ကိုလည်း ရွှေသင်္ကန်းကပ်တော်မူ၏။ အေဒီ ၁၆၁၇ ဒီဇင်ဘာ ၁၂ တွင် မဏိပူရအနောက်ဘက်ရှိ ကချာပြည်ထောင် မှ သံအဖွဲ့များ သံလျင်သို့ရောက်လာ
ကြောင်း နေပြည်တော်သို့သတင်းပို့သဖြင့် အခမ်းအနားဖြင့် ကြိုရန် အမိန့်တော်ပြန်လေ၏။

ထိုနောက် ဂေါ်ကွန်းဒါး ပြည်ထောင် (Golconda Kingdom-India) မှ သံအဖွဲ့လည်းထပ်မံ
ရောက်လာပြန်၏။ ထိုနှစ်ထဲတွင် ဂိုအာရှိ ပေါ်တူဂီဘုရင်ခံ Goa Viceroy ၏သံအဖွဲ့လည်း အင်းဝ သို့ ရောက်လာပြန်၏။ အနောက်ဘက်လွန်မင်းလည်း သံအမတ်များကို အခမ်းအနားဖြင့် ကြိုဆိုလေ၏။

အနောက်ဘက်လွန်မင်းသည် ကျိုင်းတုံစော်ဘွား၏ ပန်ကြားမူဖြင့် ကျိုင်းရုံးနှင့်ကျိုင်းခေါင်းကို ချီတက်တိုက်ခိုက် သိမ်းပိုက်လေ၏။ ထိုနောက် ထိုနယ်များကို ကျိုင်းတုံစော်ဘွားလက်အောက်တွင်ထားကာ
နေပြည်တော်သို့ ပြန်လေ၏။ ကျိုင်းတုံစော်ဘွားလည်း မိမိ၏သမီးတော်မင်းသမီးကို အနောက်ဘက်လွန်မင်း
နှင့်လက်ဆက်စေလေ၏။

ထိုနောက်နေပြည်တော်သို့ ပြန်လေ၏။ မင်းကြီး၏ ဗေဒင်တတ်တို့မင်းကြီးဇာတာမကောင်းဟု ဟောကြ သဖြင့် ဇာတာကောင်းစေရန် ဟံသာဝတီတွင် ယာယီနန်းဆောက်ကာ နေလေ၏။ ထိုအချက်ကို အခွင့်ကောင်းယူပြီး သားတော် မင်းရဲဒိဗ္ဗမှ လုပ်ကြံသဖြင့် နတ်ရွာစံလေ၏။ လုပ်ကြံရခြင်းအကြောင်းမှ မင်းကြီးကျိုင်းတုံမှအပြန် လက်ထပ်လာသော ဂုံရှမ်းမင်းသမီးကို မင်းရဲဒိဗ္ဗမှ ချစ်ကြိုက်ကာ မင်းသမီးနှင့် နီးစပ် အောင်ကြိုးစားလေ၏။

အနောက်ဘက်လွန်မင်းသည် အသက်ကြီးသူဖြစ်ရာ တိုင်းပြည်အရေးများပြားပြီး မိမိ၏ မိဖုရားများ

No comments:

Post a Comment