Search This Blog

Showing posts with label စလေဦးပုည. Show all posts
Showing posts with label စလေဦးပုည. Show all posts

Wednesday, January 18, 2017

စလေဦးပုည


စလေဦးပုည

၁၂၁၄ ခု၌ နန်းတက်သော မန္တလေးမြို့တည် နန်းတည် မင်းတုန်းမင်းတရား လက်ထက်၌ စလေဦးပုည​သည် စာရေးပညာရှိတစ်ဦး အဖြစ်ဖြင့် အလွန်ကျော်စောလေ၏။ ငယ်မည် မောင်ပုတ်စည်။ ရှင်မည် ဦးပုည။ မင်းလှသင်္ခယာဘွဲ့နှင့် ရွာစည်ရွာကို စားရသည်။

၁၂၂၈ ခု၌ မင်းတရားကြီး၏ သားတော်များ မြင်ကွန်းနှင့် မြင်းခုံတိုင် မင်းသားနှစ်ပါးတို့ ထကြွပုန်ကန်သော အရေးတွင် ဦးပုညက ထိုသို့ထကြွရန် အချိန်အခါပေးသည်ဟု ဖမ်းဆီး အသတ်ခံရလေသည်။ (စင်စစ် အသတ်မခံရ။ တစ်နည်းနည်းဖြင့် ထွက်ပြေး ပုန်းရှောင် သွားလေသည် ဟုလည်း အချို့ မှတ်ယူကြ၏။)
ဤသို့ အပြစ်ရောက်၍ အသက်အန္တရာယ် ရောက်စဉ်တွင် ရေးသွားသော ကဗျာများကား

လေးချိုး
ဟုတ်ပလေ နှုတ်ချွေဟရမှာဖြင့် ပုဗ္ဗေစ ထင်ပါရဲ့လေ။
ကောသလရယ်လို့ ဘဝမှာ သရေလန်းပါတဲ့
ရွှေနန်းစံရာနရိန်မှ ခါချိန်တန် ပျက်စမြဲပေမို့ စွဲမိသံဝေ။
အကုသိုလ် ဃာတကတ်ကယ်က ယခုလို လာလို့ဖြတ်တာကြောင့်
ဇရပ်သို့ပြေးရချေ ခွေးသေသို့ သေရငြား။
သိလျက်နှင့်ပင် ဝိပါတ်ကြမ္မာထင်ငဲ့
ရွှေနန်းရှင် မဝေခွဲနိုင်ဘူး ပွဲတွေ့အမှား။
(ရွှေဉာဏ်ရှင် မဝေခွဲနိုင်ဘူး ဟုလည်း တွေ့ရသည်)

တေးထပ်
လက္ခဏာ ဟန်မကျချင်တော့ အနန္တခက်ထွေ ၊
ကံမမှ အသက်ရှည် (ရှေ)မယ် ကျမက်ရေယိုဆင်း။
တွေးမိတိုင်း စိတ်နာတယ် မအိပ်တာလေးညဉ့်အလင်း။
ကာလကို ထောင်းချင်ပြီ ကြောင်းအင်နော်မရှင်း။
ကောင်းချင်သော်နုံဖျင်းလို့ ဒုံရင်းသို့လှည့် (လှဲ့) မယ်။
မချိလို့ ပေါ်တံသွားတောင် ရယ်သလား မေးကြရှာတယ်။
စကားကြောင့် တရားကွယ် အလားဝယ်ကုန်ခန်းလို့
ဘုံနန်းမြင့် အဆောင်ဆောင် ကင်းရလေအောင် ၊
' မင်း ' ဆိုသမျှ ကွင်းရှောင်မယ် ထမင်းတောင် စာချင်ဘူးလေး။

ရာဇဝတ်သင့်နေစဉ် စလေဦးပုညကို မြို့ဝန် ဦးသာအိုးထံ အပ်ထားရာ အသတ်ခံရသည်ဟု ကြားသောအခါ မင်းတရားကြီးက " လူကို ခွေးသတ်လေရဲ့ " ဟု ဆိုမြည်တော်မူသော ဟူ၏။

မင်းအရိပ်