Search This Blog

Wednesday, October 26, 2016

ဓမ္မဒူတ အရှင်ဆေကိန

 
ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ထေရုပ္ပတ္တိအကျဉ်း
ဓမ္မဒူတ အရှင်ဆေကိန္ဒ အလောင်းအလျာကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် ခမည်းတော် ဦးအောင်သန်း+ မယ်တော် ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း (၉)ရက်၊ (28-1-1958) အင်္ဂါနေ့၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
၁၉၇၅-ခုနှစ်၌ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ၁၀-တန်းကို အောင်မြင်ခဲ့ပြီး ၁၉၇၉-ခုနှစ်၌ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံ၏ A.G.T.I (civil) မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ကို ရရှိအောင်မြင်ခဲ့ပါသည်။
၁၉၈၃-ခုနှစ်၌ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်း ဓမ္မဒူတတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ်ကို ယူခဲ့ပါသည်။ အရှင်မြတ်သည် တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်ကြီး၌ပင် ပရိယတ္တိ စာပေတို့ကို မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက် အောင်မြင်တော်မူခဲ့ပြီး ၁၉၉၃-ခုနှစ်တွင် စာချတန်း၌ ကျမ်းရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်းဖြင့်ပင် အောင်မြင်တော်မူခဲ့၍ အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။
သဒ္ဓမ္မနေပုည ဓမ္မာစရိယဘွဲ့နှင့် သာသနဇောတိပါလ ဓမ္မာစရိယဘွဲ့တို့ကိုလည်း ရရှိတော်မူခဲ့ပြန်ပါသည်။ထို့ပြင် နိုင်ငံတော် အစိုးရမှဆက်ကပ်သော မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ M.A (Buddhism) နှင့် Ph.D ဘွဲ့တို့ ကိုလည်းရရှိခဲ့ပါသည်။ ပရိယတ္တိစာပေများကို တောင်စွန်း ဓမ္မဒူတတောရ၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်၊ စစ်ကိုင်းမြို့ ဇေယျသိန်ပါဠိတက္ကသိုလ်၊ စစ်ကိုင်းမြို့ သုဗောဓာရုံ စာသင်တိုက်စသော ကျောင်းတိုက်တို့ရှိ ဆရာမြတ်တို့၏ အထံတော်မှ နည်းနာခံယူ သင်ယူခဲ့ပါသည်။
၁၉၉၈ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် လက်ထောက်ကထိက၊ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။
အရှင်မြတ်သည် ဓမ္မဒူတနာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ် သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (၀ိပဿနာ) ပါမောက္ခ၊ မဟာဌာနမှူး ဆရာတော်စသော တာဝန်တို့နှင့် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်တော် မူလျက်ရှိသည်။
http://dhammadutaonline.org/

သီတဂူဆရာတော်ဘုရားကြီး

 
သီတဂူဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ
သီတဂူဆရာတော် ဦးဥာဏိဿ ရ (၁၉၃၆ခုနှစ်) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။
အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင် ပညာ သင်ကြား ခဲ့ပါသည်။
အသက်(၁၅)နှစ် အရွယ်တွင် ရှင်သာမဏေ ပြုခဲ့ပါသည်။ သက္ကရာဇ် ၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ် အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြုခဲ့ပြီး ရှင်သာမဏေပြုချိန်မှ စ၍ ပိဋကတ် အခြေခံ ကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်းကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ - ဓမ္မာစရိယတန်းအောင်။ ရန်ကုန်မြို့၊ တာမွေ သိမ်ကုန်းတိုက်၊ မန္တလေးမြို့ အနောက် ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ် ကျမ်းစာများကို သင်ကြား ခဲ့ပါသည်။
၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များ သင်ကြား ခဲ့ပါသည်။ ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ ဘီအမ်အေ ကောလိပ် (မြန်မာ ဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက် ခဲ့ပါသည်။ ၁၃၂၉ - ၁၃၃၃ - စစ်ကိုင်းတောင် အနီးစခန်း ဆရာတော်ထံ၌ ပိဋကတ် ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ခဲ့ပါသည်။ ၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရ စခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့ပါသည်။ ၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင် တည်ဆောက်ခဲ့ပါသည်။ ၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း (၉၀၀)ခန့်အတွက်-သီတဂူ ရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။
(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိပြီး ဧရာဝတီမြစ် အတွင်းမှ ရေများကို စစ်ကိုင်းတောင်ရိုးပေါ် အရောက် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ ) ၁၃၄၇ - ၀ါခေါင်လပြည့်နေ့မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်ခဲ့ပါသည်။ (တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း (၂၀)ခန့်ဖြင့် ဆေးဝါး ကုသ ဒါနပြုလျှက် ရှိပါသည်။) ၁၃၅၁ - ဆေးရုံပြီးမြောက် (ကုတင်-၁၀၀ဆန့် ကျပ် သိန်း ၅၀၀ကျော် ကုန်ကျပါသည်။ ) ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါန အလှူတော် သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိပါသည်။
ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့် ဧရာဝတီ အလှူတော်လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် (ချင်းပြည်နယ်) နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများ တည်ဆောက်နေသည်။ ဆေးရုံ ၈ ရုံ ရှိပြီး ဆေးရုံ တရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း ၁၅၀ ကုန်ကျမှာ ဖြစ်သည်။ မျက်စိ အလင်းရရန် ခွဲစိတ် ကုသပေးနေပြီး ပြည်သူ ၁ သောင်းခွဲ ရှိသည်။ နှစ်စဉ် ၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။
ပြည်ပသာသနာပြုခရီး
၁၉၈၁ခုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ် သွားရောက် သာသနာပြုခဲ့ပြီး အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ၀ါကပ် ဆိုခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ၀ါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာ ကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချ ဟောကြား ခဲ့ပါသည်။ ပြည်ပတွင်လည်း ဒါနပြုခဲ့၊ ပြည်ပမှ မျက်စိကု ဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များ အား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့ပါသည်။ သက္ကရာဇ်-၁၄၅၄ - ၀ါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ် (၁၅)ယောက်တို့ဖြင့် ထေရ၀ါဒ ဓမ္မအသင်းကို တည်ထောင်ခဲ့ပါသည်။ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ် တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့ပါသည်။ ထိုဟောပြောချက်မှ ဓမ္မအနှစ် စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့ပါသည်။ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၁၉၉၁ ခုနှစ်မှ စတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ပို့ချပေးခဲ့ပါသည်။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။ ၁၉၉၄ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ အော်စတင်မြို့၌ သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် တည်ထောင်ခဲ့ပါသည်။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဗုဒ္ဓ၊ ဓမ္မ စာစောင်များ ထုတ်ဝေခဲ့ပါသည်။ ဓမ္မသင်တန်း များပို့ချခဲ့ပါသည်။် ၂၀၀၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေ ပို့ချခဲ့ပါသည်။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။
အစိုးရက ဆက်ကပ်သည့် ဘွဲ့များ
၁၉၉၃ - မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့
၁၉၉၅ - အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
၁၉၉၆ - အဂ္ဂမဟာပဏ္ဍိတဘွဲ့
၂၀၀၂ - ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Literature (Hononur-Causa)
၂၀၀၉တွင် "အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့" တို့ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။
၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံး ဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။
ရေးသားပြုစုခဲ့သည့် စာပေများ
၁။ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇) ၂။ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁) ၃။ဝေဒနာနုပဿနာ သတိပဌန်တရားတော်(၂၀၀၂) ၄။လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘ၀ဖြစ်စဉ်အကျဉ်း)(၂၀၀၂) ၅။စကားလေးခွန်းတရားတော်(ရဌပါလသုတ်အနှစ်ချုပ်)(၂၀၀၃) ၆။လောကမျက်လုံး ကွယ်ပျောက်ခြင်းတရားတော် ၇။တက္ကသိုလ်တရားတော်(၂၀၀၄) ၈။ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ(၂၀၀၄) ၉။မမေ့အပ်သောလေးနေရာ(သံဝေဇနိယသုတ္တန်တရားတော်) ၁၀။ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်)
၁၁။ကဿပဂုဏ်ရည် တရားတော် ၁၂။သံဃာ့ဂုဏ်ရည်တရားတော် ၁၃။ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် ၁၄။သာသနာပြု သူရဲကောင်းတရားတော် ၁၅။သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော် ၁၆။ကုမုဒြာတွေပွင့်တဲ့ည တရားတော် ၁၇။ဘ၀တန်ဖိုး တရားတော်(၂၀၀၄) ၁၈။သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄) ၁၉။ယုံအသင်း၏ယုံမင်းတရားတော်(သသပဏ္ဍိတဇာတ်)(၂၀၀၃) ၂၀။နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော်
၂၁။မေတ္တာသုတ်တရားတော် ၂၂။ညီတော်အာနန္ဒာ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ်၁၃၃၄ - ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ် တရားပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ကျော်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။
အောင်အောင်(မကစ)
Posted by ကျော်ဇင်

ရွှေဥမင် ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လ မဟာထေရ်

 
ရွှေဥမင် ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လ မဟာထေရ်

သည် ၁၃၆၄-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက် (၂၀-၁၁-၂၀၀၂) နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်။ ပျံလွန်တော်မူချိန်တွင် သက်တော် ၉၀-နှစ် သိက္ခာတော် ၇၀-ရှိပြီ။

ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က တရားနာပရိသတ်တို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးလေ့ရှိသည်။ ထိုထိုတိုက်ကျွေးခဲ့သော တရားများထဲက ကျွန်တော် အနှစ်သက်ဆုံးနှင့် ပီတိအဖြစ်ဆုံး တရားတပုဒ်ကို ဓမ္မဒါန ထပ်ဆင့်ပြုပါမည်။ နာကြည့်တော်မူပါ။

အများအားဖြင့် သူတော်မှ ကိုယ်ကကောင်းကြတာ၊
သူတော်မှ ကိုယ်ကကောင်းတာ သူတော်ကောင်း မဟုတ်ဘူး။
သူတော်ကောင်းဆိုတာ သူတော်တော် မတော်တော် ကိုယ်ကကောင်းမှ သူတော်ကောင်း ဖြစ်တာ။

သစ်ပင်ဟာ မလဲမချင်း သစ်ပင်ခုတ်တဲ့လူကို အရိပ်ပေးသွားတယ်။
အမွှေးနံ့သာတုံးဟာ မီးရှို့တဲ့သူကို မကျွမ်းမချင်း အမွှေးနံ့သာ ပေးသွားတယ်။
သူတော်ကောင်းဟာ မသေမချင်း ကိုယ့်ကို နှိပ်စက်တဲ့ရန်သူကိုတောင် အကျိုးဆောင်သွားတယ်။

ဘုရားလောင်း မျောက်မင်းဟာ မုဆိုးတဦး ချောက်ထဲကျနေတာ ကယ်ထုတ်ခဲ့တယ်။ သယ်ဆောင်ဖို့ နိုင်-မနိုင် စမ်းသပ်တဲ့အနေနဲ့ မုဆိုးရဲ့ ကိုယ်အလေးချိန်နဲ့အမျှ ကျောက်တုံးတတုံးကို ထမ်းပြီး ခုန်တက်ပြီးမှ မုဆိုးကို ချီပြီး ကယ်တင်တာ။ နှစ်ကြိမ်တောင် ခုန်လိုက်ရတော့ ပင်ပန်းလွန်းလို့ မုဆိုးရဲ့ ပေါင်ပေါ်မှာ ခေါင်းမှီပြီး နားနေရတယ်။

အဲဒီမှာ မုဆိုးက စဉ်းစားတယ်။ အိမ်ပြန်ရင် ဟင်းစား မပါဘူး။ မျောက်သားဟင်း စားရအောင်ဆိုပြီး မျောက်မင်းရဲ့ ဦးခေါင်းကို ခဲနဲ့ထုတယ်။ အသက်သခင်ကိုတောင် ယုတ်ယုတ်မာမာ ကြံစည်ရက်တယ်။ မျောက်မင်း ဦးခေါင်း ကွဲသွားတယ်။

မျောက်မင်းက စဉ်းစားတယ်-ဒီမုဆိုး သေတွင်းက လွတ်ပေမဲ့ တောထဲမှာ မျက်စိလည်ပြီး ကျားစာဖြစ်တော့မှာပဲ။ မသေအောင် လမ်းပြပေးဦးမှ-လို့တွေးပြီး မုဆိုး ငါ သစ်ပင်ပေါ်က လမ်းပြပေးသွားမယ်။ ငါ့သွေးစက်ကျတဲ့ လမ်းအတိုင်း လိုက်ခဲ့-ဆိုပြီး ရွာစပ်နားအထိ လိုက်ပို့ပေးလိုက်တယ်။

သူတော်ကောင်းဆိုတာ ကိုယ့်ကိုသတ်တဲ့ ရန်သူကိုတောင် သွေးနဲ့ ချွေးနဲ့ရင်းပြီး ကောင်းကျိုးဆောင်ရွက်ပေးတယ်။ အဲဒီလို ဆောင်ရွက်နိုင်အောင် မသေမချင်း သူတော်ကောင်းစိတ် မွေးရတယ်

လူကောင်း စိတ်ကောင်း ဉာဏ်ကောင်းဖြစ်အောင် တရားအားထုတ်ကြရတာ။ ဉာဏ်ကောင်းဖြစ်သွားရင် ယုတ်ညံ့တဲ့ တကိုယ်ကောင်းဆန်တဲ့ စိတ်၊ လစ်ရင် လစ်သလို၊ အခွင့်သာရင် သာသလို ထင်တိုင်းကြဲချင်တဲ့ စိတ် မရှိတော့ဘူး။

လောဘ ဒေါသ အယုတ်တမာတွေကို လက်မခံရဘူး။ မွေးမြူရေးမလုပ်ဘဲ ပယ်နိုင်အောင် ကြိုးစားကြရမယ်။ ဘုရားသာသနာနဲ့ အခွင့်ကြုံတဲ့အခါ သာသနာနဲ့စပ်တဲ့ ကုသိုလ်အထွတ်အမြတ်တွေကို လေးလေးစားစား တန်ဖိုးထားပြီး လက်လှုပ်တိုင်း ခေါင်းလှုပ်တိုင်း ပါးစပ်လှုပ်တိုင်း ကုသိုလ်ရအောင် တန်ဖိုးထားရမယ်။

လူကောင်း စိတ်ကောင်း ဉာဏ်ကောင်းဖြစ်အောင် အားထုတ်နိုင်ကြပြီး ဉာဏ်ကောင်းက ပို့ဆောင်သည့် နိဗ္ဗာန်သို့ အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြပါစေ။

Posted by: mingala

တောင်တန်း သာသနာပြု ဆရာတော်ဘုရားကြီး

 
(တောင်တန်း သာသနာပြု ဆရာတော်ဘုရားကြီး
၏ပုံတော်အား ကိုယ်တိုင်ရေးဆွဲ ပူဇော်လှူဒါန်းပါသည်)

တောင်တန်းသာသနာပြုဆရာတော်ဦးဥတ္တမသာရ (သို့ )
မတ္တာဝိဟာရီ ဆရာတော်လောင်းလျာကို ၁၂၇၂ ခု၊ ပြာသို လပြည့်ကျော် ၁ ရက်၊ (၁၅ ဇန်န၀ါရီ ၁၉၁၁)တနင်္ဂနွေနေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နွေတွင်းကုန်းကျေးရွာ တွင် ခမည်းတော် ဦးဘိုးညို မယ်တော်ဒေါ်သေးတာ မှ ဖွားမြင်ခဲ့သည်။၁၂၈၄ ခုနှစ်တွင် ရွာကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ မိဘ နှစ်ပါး တို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ် ရောက်တော် မူသည်။ ၁၂၉၂ ခုနှစ်၊ နွေတွင်းကုန်းရွာ ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။
စာပေလေ့လာ ဘ၀မှာ
ဆရာတော်သည် မုံရွာမြို့ ရွှေသိမ်တော်တိုက်၊ မဟာ လယ်တီတိုက်၊ စစ်ကိုင်းတောင် မဟာ သမယချောင်၊ မန္တလေးမြို့ ချမ်းသာကြီး မြောက်တိုက်၊ အမရပူရမြို့ တူးမောင်းတိုက်၊ ပခုက္ကူမြို့ မဟာ ဝိသုတာ ရာမတိုက် ဆရာတော်များ ထံတွင် ပိဋကတ် ကျမ်းစာများ ကို တတ်စွမ်းသမျှ သင်ယူ ခဲ့သည်။ ရှေးခေတ်စာသင်နည်းအရ ကျမ်းကြီးပေါက် သင်ယူ တတ်မြောက် တော်မူခဲ့ပြီး အင်္ဂလိပ်စာ၊ ချင်းစာပေ၊ ချင်းဘာသာ စကား တို့ကိုလည်း လေ့လာ တတ်မြောက် ခဲ့သည်။ ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ဝါဆိုကျောင်းနှင့် လှိုင်မြို့နယ် အောင်ချမ်းသာ ကျောင်းတို့၌ စာဝါများ ပို့ချခဲ့သည်။
သာသနာပြုတို့ အတုယူစရာ
စာပေများ သင်ယူတတ်မြောက်ပြီး၍ သပိတ်တလုံး ပိုက်ကာ တောထွက်တော်မူခဲ့သည်၊ နှစ်ပေါင်း ၅၀ ကျော်ကာလပတ်လုံး ချင်းတောင်တန်းတလျောက် သာသနာပြုတော်မူပြီး ရံဖန် ရံခါမှသာ ပြည်မကြီးမှာ ဒကာဒကာမတို့ ပင့်လျောက်ချက်အရ ကြွေ၇ာက် ချီးမြှောက်တော်မူသည်၊
တဘ၀ ချုပ်ငြိမ်းချိန်
၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ ( ၆း ၃၀) နာရီ အချိန်၌ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာမှ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် ကြွရောက်တော်မူစဉ် မန္တလေး လေဆိပ်မှာပင် တဘ၀ ချုပ်ငြိမ်းတော်မူခဲ့သည်။
ရေးသားခဲ့သော စာအုပ်များ
1. ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၈၉ ခုနှစ်
2. ချမ်းမြေ့စွာ ဘဝ နေနည်း တရားတော် - ၁၉၈၉ ခုနှစ်
3. ဂုဏ်တော်ကွန်ချာ ပုတီး စိပ်နည်းများ - ၁၉၈၉ ခုနှစ်
4. ဆရာတော် အရှင် ဦးဥတ္တမသာရ၏ ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၅၄ ခုနှစ်
5. တောင်တန်းတရား (ပထမတွဲ) - ၁၉၉၁ ခုနှစ်
6. တောင်တန်း သာသနာပြု ဆရာတော် ဦးဥတ္တမသာရ - ၁၉၉၄ ခုနှစ်
7. ပရိတ် မေတ္တာ တန်ခိုး ထက်စေသောနည်း - ၁၉၉၂ ခုနှစ်
8. ဘဝ တံခွန်အောင် လမ်းညွှန် တရားတော် - ၁၉၉၂ ခုနှစ်
9. ဘဝ အောင်မြင်ရေး လမ်းညွှန် ဒေသနာ - ၁၉၉၃ ခုနှစ်
10. ဘုန်ကြီးမှတ်စု - ၁၉၉၇ ခုနှစ်
11. မေတ္တာ စွမ်းအား လက်တွေ့ အကျိုးများ - ၁၉၉၄ ခုနှစ်
12. မေတ္တာရှင်ကြီး၏ မေတ္တာစာ - ၁၉၉၂ ခုနှစ်
13. ရဟန်း ဘဝ ချမ်းသာ (ပထမတွဲ) - ၁၉၉၂ ခုနှစ်
14. ရဟန်း ဘဝ ချမ်းသာ (ဒုတိယတွဲ) - ၁၉၉၃ ခုနှစ်
15. သံသရာဝဋ်ကို လွတ်အောင် ရုန်းကြစို့ရဲ့ - ၁၉၉၄ ခုနှစ်
စာစောင်အသီးသီးတွင် ရေးသားခဲ့သော ဓမ္မဆောင်းပါးများ
1. ကိုယ်က ဖန်တီး၍ သံသရာ ကျင်လည် နေကြသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၈) အမှတ် (၁၈) မှ (၂၁) အထိ
2. ချင်းစော်ဘွားကြီး ဦးဝမ်မှုံ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၉၊ ၁၁၊ ၁၉၃၇)
3. ချင်းတောင်တန်း သာသနာပြု၊ ဒဂုန် မဂ္ဂဇင်း (၅/ ၁၉၄၁)
4. တောင်တန်း သာသနာပြုရေး၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁) (၁၊ ၁၊ ၁၉၄၇)
5. တောင်အစဉ်စဉ် တောအထပ်ထပ် သာသနာ ရောင်ခြည် ထင်ဟပ်ခဲ့ပြီ၊ ဂျာနယ်ကျော် မဂ္ဂဇင်း အတွဲ
(၁၀) အမှတ် (၉) (၈၊ ၁၁၊ ၁၉၄၇)
6. ဒေသန္တရ ဗဟုသုတ ရှာမှီးကြရာ၌ ကြုံကြိုက်တတ်သော အခက်အခဲများ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၃) (၆/၁၉၄၁)
7. နာဂ တောင်တန်းသားတို့၏ နောက်ကွယ်မှ ဤရက် ဤရွာများ၊ ဂျာနယ်ကျော်မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
8. နှစ်ပြည်ထောင် အခြေကျ အလယ်က ကျောက်ဆောင် မျှော်လို့သာ မှန်းမိတော့ လွမ်းခမ်းငဲ့ ရစ်သီ၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၇) (၇/၁၉၄၇)
9. နိဗ္ဗာန် ရလိုလျှင် သွားရောက်နည်း အဖုံဖုံရှိသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၀) အမှတ် (၁၄)
10. ဘုန်းကြီး ကျောင်းတိုက်များသည် လောက အယူဝါဒကို လိုက်နာ သင့်သလော၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၅) (၁၊ ၈၊ ၁၉၄၁)
11. မဏိပူရ နယ်ခြား တမူးမြို့၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၀/၁၉၄၇)
12. မြေပေါက်လွတ် ဆွမ်းကျွေးတဲ့ ပွဲတဲ့၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၁၃) အမှတ် (၃၆) မှ အမှတ် (၄၀) အထိ
13. မြို့တော် ဖလမ်း၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁၀) (၁၀၊ ၁၁၊ ၁၉၄၇)
14. မြို့တို့ ဌာနေ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၁၊ ၁၊ ၁၉၄၁)
15. မြို့တော် ဘုတလင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၃၊ ၇၊ ၁၉၄၁)
16. ယဉ်ကျေးလာသော ချင်းတောင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉) (ဧပြီလ)
17. ရွှေပြည်ဝင် စာတမ်း၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၄) (၃၊ ၉၊ ၁၉၄၀)
18. သာသနာပြု ပန္နက်စွဲရန် အကောင်းဆုံး ဌာနကြီး တခု၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၊ ၉၊ ၁၉၄၇)
19. သာသနာ့ သူရဲကောင်းများ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
20. အာသံပြည် သာသနာရေး၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၉) အမှတ် (၁၀)
21. အယ်ဒီတာသို့ လွမ်းဖွယ် ချင်းဝိသေသတိုင်းမှ ပေးစာ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၀၉) ခုနှစ်၊
ချင်းတောင်တန်း ရဲ့ သခင်ကြီး
ချင်းတောင်တန်း တစ်ကြောလုံး မိုးမရွာတာကြာပြီ၊ ဘယ်လိုတွေဖြစ်နေပါလိမ့် --- --
ဒါဆို သခင်ကြီး လုပ်ထားတာပဲ ဖြစ်မယ် - လာ သွားကြစို့ သခင်ကြီးကို သွားပြောကြမယ် ---
ဒီနေ့ နေမပွင့်နိုင်လောက်အောင် မြူခိုးတွေ ပိတ်သဲနေတာပဲ၊ တောင်ယာ လုပ်ချင်တာတောင် လုပ်လို့ မရကြဘူး၊ မြူတွေ ဆိုင်းနေတာ သခင်ကြီး လုပ်ထားလို့ ဖြစ်မယ် --
လာ သွားကြစို့ရဲ့ သခင်ကြီးကို သွားပြောပြီး နေပူအောင် လုပ်ပေးခိုင်းကြမယ် -- -
ဒကာတို့-- ဒီနေ့ တောလိုက် မသွားကြပါနဲ့၊ အန္တရာယ်နဲ့ တိုးလိမ့်မယ်၊ သားကောင်လဲ ရမှာ မဟုတ်ဘူး၊
သခင်ကြီး -- -- ကယ်ပါအုံး - ဒီမှာ လူတယောက် တောဝက် အပက်ခံလိုက်ရလို့ပါ - --
အဲလို အဲလိုမျိုး ဒုက္ခအားလုံး တို့ရဲ့ ကယ်တင်ရှင်၊ ချင်းတမျိုးသားလုံးရဲ့ ကျေးဇူးရှင် ဗိုက်ကြီးသည် ကလေးမမွေးနိုင်တာက အစ လိုက်လံ ကူညီပေးခဲ့ရတဲ့ သခင်ကြီး ခေါ် တောင်တန်းဆရာတော်ကြီးရဲ့ ဘ၀ဟာ ခက်ခဲကြမ်းတမ်း ပင်ပန်းခဲ့ပါတယ်။
ဆောင်းတွင်းကာလရဲ့ တခုသော ညမှာတော့ ဆရာတော်ကြီး သီတင်းသုံးတဲ့ တောင်ပေါ်ကျောင်းဝင်း
ပြင်လေးထဲမှာ ကပ္ပိယချင်းဒကာတယောက်ရယ်၊ ဆရာတော်ကြီးရယ် မီးလှုံနေပါသတဲ့၊ ကျားတကောင်
ကလည်း ချမ်းလွန်းလို့ ထင်ပါရဲ့ မီးပုံဘေးနားအထိ ရောက်လာပြီး ငြိမ်ဝပ်စွာ မီးလှုံနေတယ်၊ ဒီမှာတင် ချင်းဒကာက ကျားကြီးကို ကြည့်ကာ သတ်ပြီး ရောင်းစားလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ လို့ စိတ်တွင်းက ကြံစည်ကာ အကုသိုလ်စိတ်များ ဖြစ်လာတာနဲ့ တပြိုင်နက်ထဲ ကျားကြီးဟာ အမှတ်မထင် ဟောက်လိုက်ပါသတဲ့၊ ဒီမှာတင် ဆရာတော်ဘုရားကြီးက --
ဒကာကြီးက သူ့ကို ရန်ပြုဖို့ ဘာကြောင့် စိတ်ကူးရတာလဲ ပါဏာတိပါတ ကို မလုပ်ရဘူးလေ -
တင်ပါ တပည့်တော် စောစောကတော့ ကြောက်နေတာပါ၊ နောက်တော့ သူက ရန်မပြုမှန်း သိတာကြောင့် အကုသိုလ်စိတ်တွေ ၀င်လာမိတာပါဘုရား -- ဟု လျောက်ထားသတဲ့၊
ချင်းတောင်တန်းက အတွေ့အကြုံများ
အသွားအလာ ခက်ခဲ၍ ဝေးလံ ခေါင်းပါးသော တောင်တန်း ဒေသ များတွင် နှစ်ပေါင်း ၅၀ မျှ သီတင်းသုံး နေထိုင်လျက် ဒေသခံ တိုင်းရင်းသား များအား ဗုဒ္ဓ တရားတော်များကို မျိုးစေ့ချ ပေးတော်မူခဲ့ပြီး အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်၊ မဏိပူရ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း များနှင့် ဥရောပ နိုင်ငံများအထိ လှည့်လည့် သာသနာ ပြုတော် မူခဲ့သည်။
အထူးအားဖြင့် မေတ္တာအရာတွင် ကြီးမားတော်မူကာ သတ္တဝါတို့ အပေါ် နူးညံ့သော စိတ်ထားဖြင့် လက်နှိပ်ဓာတ်မီးမပါ နေ့ရော ညပါ ကြမ်းတမ်းသော တောတောင် ခရီးဝယ် တောင်ဝှေးတစ်ချောင်းဖြင့် ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း သွားလာ၍ သာသနာ ပြုတော်မူခဲ့ပြီး အစားအသောက် ကအစ ချိုးခြံချွေတာကာ သာသနာပြုတော်မူခဲ့သည်၊
တနေ့တနေ့ ဘုန်းပေးစရာ မရှိ၍ ပိန်းဥပြုတ် ကန်စွန်းဥပြုတ်ဖြင့်လည်း ဆွမ်းတနပ် ပြီးတော်မူခဲ့ရသည်လည်း ရှိခဲ့၏။ ဒေသခံ ချင်းတိုင်းရင်းသားတို့သည်ကား ကိုးကွယ်ခံ တန်ခိုးရှင်ကြီးဟူ၍လည်းကောင်း၊ သခင်ကြီး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြကာ ချစ်ကြောက် ရိုသေလေးစားကြပေသည်၊ တခါတရံ ချမ်းအေးသော ဆောင်းတွင်းကာလ၀ယ် ထူထဲသော စောင်အထပ်ထပ် ခြုံထားသော်လည်း တောင်ပေါ်ကျောင်း၌ သီတင်းသုံးတော်မူသော သခင်ကြီး ကျောင်းသင်္ကန်းထက်မှ စောင်များကို ဖောက်ထွက်ကာ ထူးဆန်းသော အလင်းရောင်တန်းများ
ဖြာထွက်နေခြင်း၊ ကျောင်းသင်္ကန်းတခုလုံး လင်းထိန်နေခြင်း စသော ထူးဆန်းဖွယ်ရာများကို တောင်ခြေမှ ချင်း တိုင်းရင်းသား ဒကာ ဒကာမများ မကြာခဏ တွေ့မြင်ကြရသည် ဟု ဆရာတော်ကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်တွင် ဖတ်ရှု့ရပေသည်၊ ထိုအတွက်ကြောင့်လည်း ဆရာတော်ကြီးအား မေတ္တာဝိဟာရီ ( မေတ္တာဖြင့် အမြဲမပြတ်နေလေ့ရှိသော ) မထေရ်ကြီး ဟူ၍ ရဟန်းရှင်လူ အများက လက်ခံ ကြည်ညိုခဲ့ကြ၇သည်။
အနည်းဆုံး တနှစ်တခေါက်အနေဖြင့် မြန်မာပြည် အလယ်ပိုင်း အောက်ပိုင်းဒေသများသို့ ကြွတော်မူကာ သက်တော်ကြီးရင့်တော်မူသည်အထိ ဒကာ ဒကာမတို့အား မေတ္တာဖြင့် ချီးမြောက်တော်မူခဲ့သည်။ ဆရာတော်ကြီး ပရိတ်ရွတ်တိုင်း တရားဟောတိုင်းမှာလဲ ရေအိုးရေခွက် ပုလင်း စသည်တို့၌ရှိသောေ၇များ ဆူဝေ လျံတက် လေ့ရှိသောကြောင့် ရေဆူဆရာတော် ဟုလည်း ကျော်ကြားတော်မူခဲ့ပေသည်။
လူဖြစ်လေရ၊ ဒုလ္လဘ၌
ဖြည့်ကြရောင်ဝါ၊ လထက်သာသည်၊
ပညာအလင်း ကိုယ်မှာဝင်းစေ၊
ဇင်မင်းဆယ်ဆ၊ မျှမကသည့်
စာဂအကျင့်၊ မွှေးသဖြင့်လျှင်၊
အခွင့်ထိုက်တန် နေရာမှန်၌
သက်ပန်ရာပြည့် တည်စေသတည်း။ ။
ဘ၀မှာ ထိုက်တန်စွာ ဘာဝနာ ပွားများအားထုတ် ထားသူအတွက် ကောင်းရာ သုဂတိ ရောက်စေဖို့ ဆုတောင်း ပေးနေစရာ မလိုတော့ပါဘူးလေ၊
တက္ကသိုလ်ဘုန်းနိုင်က သဇင်ပန်းကို တင်စားသလို စာရေးသူကလဲ ၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ ( ၆း ၃၀) နာရီ အချိန်၌ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာမှ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် ကြွရောက်တော်မူစဉ် မန္တလေး လေဆိပ်မှာပင် တဘ၀ ချုပ်ငြိမ်းတော်မူခဲ့သော ဆရာတော်ကြီး၏ သီလ သမာဓိ ပညာဂုဏ်တို့ကို ပူဇော်သောအားဖြင့်ရေးသား ပူဇော်အပ်ပါသည်၊
Posted by ဓမ္မဂီရိ

မဟာစည်ဆရာတော်ဘုရားကြီး


 
မဟာစည်ဆရာတော်ဘုရားကြီး၏ထေရုပတ္တိ
မဟာစည်ဆရာတော် အလောင်းအလျာ ဖြစ်သူကို ၁၂၆၆-ခုနှစ်၊ ဒုတိယ ၀ါဆိုလပြည့်ကျော် (၃) ရက် ၂၉-၇-၁၉၀၄ ခု သောကြာနေ့ နံနက် (၃) နာရီခန့်အချိန်၌ ရွှေဘိုမြို့ အနောက်ဘက် ခုနစ်မိုင်ကွာ ဆိပ်ခွန်ရွာ၊ ခမည်းတော် ဦးကန်တော်၊ မယ်တော် ဒေါ်အုတ်တို့မှ ဖွားမြင်တော်မူပါသည်။
ခြောက်နှစ်သား အရွယ်တွင် ဆိပ်ခွန်ရွာတောင်ဘက် ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး အရှင်အာဒိစ္စ မထေရ်မြတ် အထံ၌ တပည့်ခံလျက် မြန်မာစာရေးစာဖတ် ပညာကို ဆည်းပူးခဲ့ပါသည်။ ၁၂-နှစ်သား အရွယ်တွင် မိဘနှစ်ပါးတို့က ရပ်ရွာထုံးစံအရ ရှင်ပြုမင်္ဂလာ အခမ်းအနားပြု၍ အရှင်အာဒိစ္စ မထေရ်ထံ၌ပင် ရှင်သာမဏေပြုလျက် ချီးမြှောက်ခဲ့ပါသည်။ ဥပဇ္ဈာယ် ဆရာတော် အရှင်အာဒိစ္စ မထေရ်မြတ်က သာမဏေငယ်၏ ဉာဏ်ပညာ အရည်အချင်းကို ချင့်ချိန်၍ ရှင်သောဘနဟု ဘွဲ့အမည် ပေးတော်မူခဲ့ပါသည်။
ဥပဇ္ဈာယ်ဆရာတော် အရှင် အာဒိစ္စမထေရ်သည် ပါဠိစာပေ အခြေခံဖြစ်စေရန် ဇာတ်ကြီးဆယ်ဘွဲ့ကို သင်စေရာတွင် ဉာဏ်ပညာ ထက်မြက်ခြင်းကို အကြောင်းပြု၍ မဟော်သဓာ ပါဠိအနက်ကို အထူးမကျက်ရတော့ဘဲ ဆရာ့အထံ၌ သင်ယူရင်းပင် နှုတ်တက် အာဂုံရလျက် ရှိခဲ့ပါသည်။ ထို့အပြင် ၀ိနည်းပါဠိတော်ကို အနက်ဖော် သင်ယူရာ၌လည်း သင်ယူရင်းပင် ထိုပါဠိတော်ကို အာဂုံနှုတ်တက် ရခဲ့ပါသည်။
၁၆-နှစ် အရွယ်တွင် ရှင်သောဘနသည် ဆရာမရှိဘဲ ဂဏန်းသချာင်္ စာအုပ်များကိုသာ ကြည့်၍ ဂဏန်းသချာင်္ကို တတ်မြောက်အောင် လေ့လာခဲ့ပါသည်။ ယင်း ဂဏန်းသချာင်္ကို တတ်မြောက်ခဲ့သောကြောင့် နောင်ကာလ ဆန်းကျမ်းကို သင်ယူစဉ် ပတ္ထရာဖြန့်နည်း (အတန့်ပျောက် ရှာနည်း) စသည်တို့ကို လွယ်ကူစွာဖြင့် သဘောပေါက်ခဲ့ ပါသည်။
၁၉-နှစ်အရွယ်တွင် ဆိပ်ခွန်ရွာ သူကြီးကျောင်း ဆရာတော် အရှင်ပရမ မထေရ်မြတ်ထံ၌ နျာသကျမ်း၊ မူလဋီကာကျမ်း စသော ကျမ်းကြီးများကို ဆိုဝါဖြင့် သင်ယူခဲ့ပါသည်။ ထိုကျမ်းတို့ကို သင်ယူသောအခါ စာအတူတက်ဖက် ရဟန်းတော်များက “နိဿယကို ကြည့်ထားသလား” ဟု မေးယူရလောက်အောင်ပင် မြင်ပင် မမြင်ဖူးခဲ့ပါ။ ထို့အပြင် ရှင်သောဘနသည် သာမဏေ ဘ၀ကပင် အခြား သာမဏေများအား သဒ္ဒါ သင်္ဂြိုဟ်စသော ကျမ်းများကို ပို့ချပေးနိုင်ခဲ့ပါသည်။
ရဟန်းဘဝ
၁၂၈၅-ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် (၄)ရက် (၂၆-၁၁-၂၀၀၉) ခုနှစ်၊ ဗုဒ္ဓဟူးနေ့ နံနက် (၈)နာရီခွဲ အချိန်တွင် ဦးလေးဖြစ်သူ ဦးအောင်ဘော်၊ ဒေါ်သစ်တို့၏ ပစ္စယာ နုဂ္ဂဟနှင့် ဥပဇ္ဈာယ် ဆရာတော် ထန်းစဉ်ရွာ သုမေဓာကျောင်း အရှင်နိမလမထေရ် အနုသာသကနှင့် ပထမ ကမ္မ၀ါဆရာတော် သူကြီးကျောင်းအရှင် ပရမမထေရ် စသော ဥပသမ္ပဒကံဆောင် သံဃာတော်တို့၏ ဓမ္မာနုဂ္ဂဟတို့ကို ခံယူလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။
ရဟန်း ဖြစ်ပြီးနောက် အရှင်သောဘနသည် ပရိယတ် စာပေများကို သင်ယူ ပို့ချနေရင်းပင် ပဋိပတ်ကို လိုလားသဖြင့် ရုက္ခမူဓုတင်၊ နိသဇ်ဓုတင်၊ ပဏ္ဍိပါတ်ဓုတင်များကို လေးလပတ်လုံး ဆောက်တည်ကျင့်သုံး နေခဲ့ပါသည်။
၁၂၈၆-ခုနှစ်တွင် အစိုးရ ပထမပြန်စာမေးပွဲ ပထမငယ်တန်း၌ ၀င်ရောက် ဖြေဆိုရာ အလွယ်တကူပင် အောင်မြင်ခဲ့ပါသည်။ ၁၂၈၂-ခုနှစ်တွင် ခရီးထွက်နေရသဖြင့် စာမေးပွဲ မ၀င်ခဲ့ရပါ။ ၁၂၈၈-ခုနှစ်၌ ပထမလတ်တန်းကို လည်းကောင်း၊ ၁၂၈၉-ခုနှစ်တွင် ပထမကြီးတန်းကို လည်းကောင်း ၀င်ရောက် ဖြေဆို၍ ချောမောစွာ အောင်မြင်တော် မူခဲ့ပါသည်။ ထိုနှစ်က ဆိပ်ခွန်ရွာ၌ ကျင်းပသော ၀ိနည်း အာဂုံပြန်ပွဲ၌လည်း ၀ိနည်းငယ် လေးစောင်ကို ပြန်ဆို၍ အမြင့်ဆုံး အောင်မြင်တော် မူခဲ့ပါသည်။
၁၂၉၀-ပြည့်နှစ်၌ မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ဖွားတော်ကျောင်းတွင် သီတင်းသုံးတော် မူလျက် ထိုခေတ်က ပရိယတ်စာပေအရာ၌ အကျော်အမော်ချည်း ဖြစ်တော်မူကြသော ချမ်းသာကြီးဆရာတော် ဦးလက္ခဏ၊ ခင်မကန်တိုက် တိုက်သစ်ဆရာတော် ဦးဣန္ဒ၀ံသာဘိဝံသ စသော ဆရာတော်များထံ၌ စာပေကျမ်းဂန် ဗဟုသုတများကို ဆက်လက်ဆည်းပူး လေ့လာခဲ့ပါသည်။ ထိုသို့ ဆည်းပူးလေ့လာနေစဉ် မော်လမြိုင်မြို့ တောင်ဝိုင်းကလေး ကျောင်းတိုက်မှ ဆရာတော်ဘုရားကြီး အရှင်အာဒိစ္စ မထေရ်မြတ်က ဖိတ်ခေါ်တော် မူသောကြောင့် ၁၂၉၁-ခုနှစ်၊ ၀ါဆိုလ၌ ထိုကျောင်းသို့ သွားရောက်ပြီးလျှင် ထို ဆရာတော် ဘုရားကြီး၏ အမိန့်အရ ထိုကျောင်းတိုက်ရှိ ရဟန်းသာမဏေတို့အား စာပေကျမ်းဂန်များကို ပို့ချ သင်ပြပေးနေခဲ့ပါသည်။
ထိုသို့ ပို့ချပေး၍ ပရိယတ္တိ သာသနာကို ပြုနေစဉ်မှာပင် သမထ ၀ိပဿနာ ပဋိပတ္တိအလုပ်များကို အားထုတ် ကျင့်သုံးလိုသောကြောင့် ၁၂၉၃-ခုနှစ် ပြာသိုလထဲတွင် အဖော်ဖြစ်သူ အရှင်တေဇိန္ဒနှင့်အတူ မော်လမြိုင် တောင်ဝိုင်းတိုက်ကျောင်းမှ ထွက်ခဲ့၍ ဇင်းကျိုက်၊ သထုံ၊ ကေလာသ မြသပိတ်တောင်၊ ကျိုက်ထီးရိုးတောင်၊ ရွှေရောင်ပြတောင်၊ ဦးအုန်းခိုင်တောကျောင်း စသည်တို့၌ နေရင်း ကမ္မဋ္ဌာန်း နည်းများကို စုံစမ်း လေ့လာပြီးနောက် သထုံမြို့၊ မင်းကွန်းဇေတ၀န် ဆရာတော်ဘုရားကြီး ထံတော်၌ သတိပဋ္ဌာန် ၀ိပဿနာ ရှုပုံကို နည်းခံကျင့်သုံးလျက် နေခဲ့ပါသည်။ နေ့ရောညဥ့်ပါ မအိပ်ဘဲ တင်းတင်းကြပ်ကြပ်လည်း အားထုတ်ခဲ့ပါသည်။ ထိုစဉ်က တစ်ရက်လုံး စကားမပြောဘဲ ကျင့်ခဲ့သော ရက်တွေသာ များခဲ့ပါသည်။
ထိုသို့ အားထုတ်နေစဉ် လေးလရှိသောအခါ မော်လမြိုင် တောင်ဝိုင်းတိုက်ကျောင်းမှ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး အသည်းအသန် ရောဂါဖြစ်နေကြောင်း ကြားသိရသဖြင့် ၁၂၉၄-ခုနှစ် ၀ါဆိုလဆန်း ၇-ရက်နေ့တွင် သထုံမှ မော်လမြိုင်သို့ ပြန်ခဲ့ရပါသည်။ ၀ါဆိုလဆန်း ၁၄-ရက် ညဉ့်၌ တိုက်ကျောင်း ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသဖြင့် အရှင် သောဘနသည် တောင်ဝိုင်းတိုက်ကျောင်းကို ထိန်းသိမ်း စောင့်ရှောက်နေခဲ့ရ ပါသည်။
ဇေတ၀န် ဆရာတော်ဘုရားကြီး ထံမှ သတိပဋ္ဌာန် ၀ိပဿနာ ရှုနည်းကို ပေါက်ရောက် ပိုင်နိုင်ခဲ့သော အရှင်သောဘနသည် ထိုစဉ်က ၉-၀ါမျှသာ ရှိသေးသည်ဖြစ်၍ အရွယ် ငယ်သေးသောကြောင့် ကမ္မဋ္ဌာန်းတရားကို သူတစ်ပါးတို့အား မဟောကြားသေးဘဲ မိမိကိုယ်တိုင်သာ စွမ်းနိုင်သမျှ အားထုတ် နေထိုင်ခဲ့ပါသည်။
ထိုအတောအတွင်း ဆိပ်ခွန်ရွာ၌ ညီဖြစ်သူတစ်ယောက် သေဆုံးသွားသဖြင့် သံဝေဂပွားကာ ၁၃၀၀-ပြည့်နှစ်၌ ဇာတိရပ်သို့ ခေတ္တကြွသွားရာ ခုနစ်လအထိ သီတင်းသုံးလျက် သတိပဋ္ဌာန် ၀ိပဿနာ အလုပ်တရားကို စတင်ဟောပြောခဲ့ပါသည်။ ထိုစဉ်က ဆွေမျိုးဖြစ်သူ သုံးဦး စတင် တရားအားထုတ်၍ အောင်မြင်ကြသဖြင့် အခြား လူများစွာလည်း အားထုတ်ကြ၍ ဉာဏ်ထူး၊ တရားထူးများကို ကိုယ်တွေ့ဖြစ်ကြသဖြင့် မဟာစည် သတိပဋ္ဌာန် ၀ိပဿနာ တရားတော် လုပ်ငန်းသည် စတင်၍ ထင်ရှားပေါ်လာခဲ့ပါသည်။
၁၃၀၃-ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပသော အစိုးရ ဓမ္မာစရိယ စာမေးပွဲ၌ ၀င်ရောက် ဖြေဆိုရာ ကျမ်းရင်း ၃-ကျမ်းနှင့် ဂုဏ်ထူး ငါးကျမ်းတို့ကို ချောမောစွာ ဖြေဆို အောင်မြင်တော် မူသဖြင့် သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ ဟူသော ဘွဲ့တံဆိပ်ကို ရရှိတော် မူခဲ့ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးဘေးကြောင့် ၁၃၀၃-ခုနှစ် နတ်တော်လမှစ၍ ဇာတိရပ် ဆိပ်ခွန်၌ ပြန်၍နေလျက် အခွင့်သင့်သော အခါတိုင်း ၀ိပဿနာ လုပ်ငန်းတရားကို ဆက်လက်၍ ဟောကြားညွှန်ကြားရာ တစ်နှစ်ထက်တစ်နှစ် တိုးတက် ထွန်းကားလာခဲ့ပါသည်။ ထိုအခါ သီတင်းသုံးရာ ဌာနဖြစ်သော မဟာစည်ကျောင်းကို စွဲမှီ၍ အရှင်သောဘနကို မဟာစည်ဆရာတော် ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။
ဝိပဿနာ ယောဂီ တပည့်တို့၏ တောင်းပန်ချက်အရ အရှင်သောဘနသည် ၁၃၀၅-ခုနှစ်က ယခုအခါ နာမည်ကျော်ဖြစ်သော ၀ိပဿနာ ရှုနည်းကျမ်း (ပ-ဒု နှစ်တွဲ) ကို ရေးသား ပြုစုတော် မူခဲ့ပေသည်။ စာမျက်နှာ ၉၅၀-ခန့်ရှိ ထိုကျမ်းကို ခုနစ်လ အတွင်းမှာ ရေးသားပြုစု၍ ပြီးခဲ့ပါသည်။ ယနေ့ထိ ထိုကျမ်းကို ရှစ်ကြိမ်တိုင်တိုင် ရိုက်နှိပ် ထုတ်ဝေပြီး ဖြစ်ပါသည်။
၁၃၁၁-ခုနှစ် တန်ဆောင်မုန်းလတွင် မဟာစည် ဆရာတော်ကို ရန်ကုန်မြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အဖွဲ့ချုပ်က ပင့်ဆောင်လာသဖြင့် ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ နတ်တော် လပြည့်မှစ၍ ၀ိပဿနာ လုပ်ငန်းတရားကို ဟောကြား ပြသတော်မူပါသည်။
မဟာစည် ဆရာတော် ဘုရား၏ စနစ်ကျသော ၀ိပဿနာ ရှုနည်းကို နှစ်ခြိုက် သဘောကျသူများ တစ်နေ့တခြား များပြားလာခဲ့ပါသည်။ စစ်ဘက်နယ်ဘက် အရာရှိများ၊ ပညာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကုန်သည် ပွဲစားများမှစ၍ လူတန်းစားမရွေး သာသနာ့ ရိပ်သာသို့ လာရောက်၍ သတိပဋ္ဌာန် ၀ိပဿနာ တရားကို အားထုတ်ခဲ့ရာ၌ ထိုသူတို့တွင် တရား၏အရသာကို ကိုင်တွယ် တွေ့ရှိသွားသူများ အမြောက်အမြား ပါဝင်ပါသည်။ ယခုအခါ အထက်အောက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာပင် မဟာစည် သြ၀ါဒခံ ရိပ်သာပေါင်း ၂၀၀-ကျော် ရှိနေသဖြင့် တစ်နိုင်ငံလုံးမှ ပုဂ္ဂိုလ်များသည် နီးစပ်ရာ မြို့ရွာတို့၌ ရှိသော သာသနာ့ ရိပ်သာများ၌ တရားအားထုတ်ခွင့် ရခဲ့ပါသည်။ မဟာစည် ဆရာတော်၏ နည်းအတိုင်း တရားအားထုတ်ဖူးသူ မရှိသော မြို့ဟူ၍ မြန်မာပြည်၌ မရှိသေးပါ။ ဤမျှအတိုင်း မဟာစည် ဆရာတော်၏ ကမ္မဋ္ဌာန်းနည်း ပျံ့နှံ့ခဲ့ပါသည်။ ယခုအချိန်ထိ ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ တရား အားထုတ်ပြီးသူပေါင်း သုံးသောင်း လေးထောင်ကျော်ရှိ၍ တစ်နိုင်ငံလုံး၌ အားထုတ်ပြီးသူပေါင်း လေးသိန်းကျော် ရှိပါသည်။ သီဟိုဠ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လော၊ အိန္ဒိယ၊ အင်္ဂလန်နှင့် အမေရိကန် နိုင်ငံတို့၌လည်း မဟာစည် သြ၀ါဒခံ ရိပ်သာပေါင်း များစွာနှင့် ယောဂီပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် မဟာစည် ဆရာတော်သည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓတရားတော်၏ တရားအရသာကို တိုက်ကျွေး ဝေငှနေသော ကျေးဇူးရှင် ပုဂ္ဂိုလ်ကြီးအဖြစ် မှတ်တမ်းတင်ရမည့် ဆရာတော် ဖြစ်ပါသည်။
မဟာစည်ဆရာတော် ဘုရားကြီး၏ သာသနာပြု လုပ်ဆောင်ချက်များ
၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက မဟာစည် ဆရာတော် ဘုရားကြီး၏ ပရိယတ္တိဂုဏ်၊ ပဋိပတ္တိ ဂုဏ်ကျေးဇူးတို့ကို အသိအမှတ် ပြုသည့်အနေဖြင့် ဆရာတော်အား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် ပူဇော်ခဲ့ပါသည်။
၁၃၁၄-ခုနှစ်မှ စ၍ မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာ ကိစ္စများ စတင်ဆောင်ရွက် ခဲ့ကြပါသည်။ ဆဋ္ဌသင်္ဂါယနာကို ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ်အထိ ပါဠိတော် သင်္ဂါယနာအဖြစ် လည်းကောင်း၊ ၁၃၁၈-ခုနှစ်မှစ၍ အဋ္ဌကထာ၊ ဋီကာသင်္ဂါယနာ အဖြစ်လည်းကောင်း ကျင်းပခဲ့ကြပါသည်။ မဟာစည် ဆရာတော်သည် ထိုသင်္ဂါယနာ လုပ်ငန်းကြီးတွင် ၁၃၁၄-ခုနှစ်မှ စ၍ ပဓာနကျသော နေရာများ၌ ပါဝင်ဆောင်ရွက်တော် မူခဲ့ပါသည်။ သင်္ဂါယနာတင်မည့် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ကို ရိုက်နှိပ်ရာတွင် နောက်ဆုံး ကြည့်ရှုသုတ်သင် ပြင်ဆင်ရသော တာဝန်ကို အခြား ဆရာတော်များနှင့်အတူ ဆောင်ရွက်တော် မူခဲ့ပါသည်။ သင်္ဂါယနာတင်ရာ၌ ထိုထိုသုတ် စသည်တို့ ဘုရားဟော အစစ်အမှန် ဟုတ်မဟုတ် မေးစိစစ်ရ၊ ဖြေရသည့်လုပ်ငန်းလည်း အရေးတကြီး ပါဝင်ခဲ့ရာ ပထမသင်္ဂါယနာ တင်စဉ်က အရှင်မဟာ ကဿပ မထေရ်မြတ်ကြီးသည် မေးစိစစ်သော တာဝန်ကို ယူခဲ့ရပါသည်။ ထို မထေရ်မြတ်ကြီးနည်းတူ မဟာစည် ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာ သဘင်ပွဲကြီး၌ မေးစိစစ်ရသော တာဝန်ကို ထမ်းဆောင်တော် မူခဲ့ရပါသည်။ ထို့နောက် အဋ္ဌကထာ ဋီကာတို့ကို သင်္ဂါယနာ တင်ရာ၌ စိစစ် လျှောက်ထားရသော တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ အဋ္ဌကထာ သင်္ဂါယနာ၌ မဟာစည် ဆရာတော်၏ စိစစ်လျှောက်ထားချက် တို့ကို နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့က “သင်္ဂါယနာ စိစစ်ခန်း” အမည်ဖြင့် စာအုပ် ရိုက်နှိပ်ထုတ်ဝေပြီး ဖြစ်ပါသည်။
မဟာစည် ဆရာတော်ဘုရားသည် ၁၃၁၁-ခုနှစ်၌ အဓိပ္ပါယ် ဖွင့်ဆိုချက်တို့ဖြင့် ဝေေ၀ဆာဆာ ရှိလှသော မဟာသတိပဋ္ဌာနသုတ် နိဿယကို ရေးသားတော် မူခဲ့ပါသည်။ ဆဋ္ဌသင်္ဂါယနာ တင်နေစဉ်အတွင်း ၀န်ဆောင်သံဃာအဖွဲ့၏ တာဝန်ပေးချက်အရ (ဆရာတော်သည် ၀န်ဆောင်သံဃာ အဖွဲ့ဝင်လည်း ဖြစ်ပါသည်) ၀ိသုဒ္ဓိမဂ်ကျမ်း၏ နိဒါန်းကျယ်ကြီးကို ပါဠိဘာသာဖြင့် ရေး၍ ဆဋ္ဌသင်္ဂါယနာ ၀န်ဆောင်သံဃာအဖွဲ့အား တင်ပြရာ ယင်းအဖွဲ့ကြီးက နုတ်ပယ် ဖြည့်စွက်ခြင်း မရှိဘဲ လက်ခံအတည်ပြု၍ ထုတ်ဝေဖြန့်ချိ စေခဲ့ပါသည်။ ၀ိသုဒ္ဓိမဂ္ဂ နိဒါနကထာဟု ခေါ်သော ထိုပါဠိနိဒါန်းကြီးကား မဟာစည် ဆရာတော်၏ ပါဠိအရေးအသား စွမ်းရည်နှင့် အထွေထွေဗဟုသုတ ကြွယ်ဝပုံကို ထင်ရှားစေသော ကျမ်းဖြစ်ပြီး တိုင်းတစ်ပါးသား ပါဠိစာပေ ပညာရှင်တို့ကပင် ချီးကျူးအပ်သော ကျမ်းကြီးဖြစ်သည်ဟု သိရပါသည်။
၁၃၂၂-ခုနှစ်မှ စ၍ မဟာစည် ဆရာတော်သည် ၀ိသုဒ္ဓိမဂ်ကျမ်းကို ပို့ချရင်း ၀ိသုဒ္ဓိမဂ် မဟာဋီကာ နိဿယကျမ်းကြီးကို ရေးသားပြုစုတော် မူခဲ့ပါသည်။ ၀ိသုဒ္ဓိ မဟာဋီကာ ကျမ်းကြီးကား သမယန္တရဟုခေါ်သော ဟိန္ဒူဒဿန ရေးရာများကို ထည့်သွင်းရည်ညွှန်း ဝေဖန်ထားသော ကျမ်းဖြစ်၍ အချို့နေရာတို့၌ အနက်သိရန်ပင် ခက်ခဲလှသော ဋီကာဖြစ်ပါသည်။ မဟာစည် ဆရာတော်သည် သက္ကတဘာသာ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားထားသော သက်ဆိုင်ရာ ဖီလိုဆိုဖီခေါ် ဒဿနကျမ်းများကို ပိုင်နိုင်အောင် ကြည့်ရှုလေ့လာပြီးမှ ၀ိသုဒ္ဓိမဂ် မဟာဋီကာ နိဿယကျမ်းကြီးကို ရေးသားတော် မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုနိဿယ ကျမ်းကြီးသည် စာမျက်နှာ ငါးရာခန့်ရှိ စာအုပ်ကြီး (၄)အုပ် ရှိသည်အထိ ကျယ်ဝန်းပါသည်။ ၀ိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းကိုလည်း ဆရာတော်သည် ၁၃၂၃-ခုနှစ်မှစ၍ ရေးသားခဲ့ပါသည်။ ထိုကျမ်းလည်း စာမျက်နှာ ငါးရာကျော်ရှိ စာအုပ်ကြီး (၄)အုပ်အထိ ကျယ်ဝန်းပါသည်။
ထို့အပြင် မဟာစည် ဆရာတော် ဟောကြား ပြုစုတော်မူသော ၀ိပဿနာ အခြေခံတရားတော်၊ အရိယာဝါတရားတော်၊ ပဋိစ္စသမုပ္ပါဒ် တရားတော်၊ ဓမ္မစကြာသုတ် တရားတော်၊ အနတ္တလက္ခဏသုတ် တရားတော် စသော ၀ိပဿနာဆိုင်ရာ တရားတော် စာအုပ်များလည်း ယခုအခါ များစွာပင် ထွက်ပေါ်လျက် ရှိနေပါသည်။
မဟာစည် ဆရာတော်ဘရားသည် ထိုင်း၊ ကမ္ဘောဒီးယား၊ သီဟိုဠ်၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှား နိုင်ငံများသို့ သာသနာရေး မစ်ရှင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ သာသနာပြု ဆရာတော် အဖြစ်ဖြင့် လည်းကောင်း ကြွရောက်၍ သာသနာပြုတော် မူခဲ့ပါသည်။ အင်ဒိုနီးရှား သာသနာပြုအကြောင်း ဆရာတော် ရေးသားသည့် “အင်ဒိုနီးရှား သာသနာပြုဆိုင်ရာ ခရီးသွားမှတ်တမ်း” လည်း ၁၃၂၁-ခုနှစ်က ပေါ်ထွက်ခဲ့ပါသည်။
ဆရာတော်ဘုရားကြီး ဟောကြား ပြသတော်မူခဲ့သော သတိပဋ္ဌာန် ၀ိပဿနာ ရှုမှတ်နည်းသည် အလွန်ပင် လွယ်ကူ ရှင်းလင်းခြင်း၊ လျှင်မြန်စွာ တရားထူး ရရှိခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများသို့ ပျံ့နှံ့ ကျော်ကြားလျက် ရှိပါသည်။ ထေရ၀ါဒ နိုင်ငံများ ဖြစ်သော သီဟိုဠ် (သီရိလင်္ကာ)၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လောနိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများ၊ အင်္ဂလန်နိုင်ငံ၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများသို့လည်း ပြန့်ပွားလျက် ဆရာတော် ဘုရားကြီး၏ ၀ိပဿနာ ရှုမှတ်နည်းဖြင့် တရားရိပ်သာ အမြောက်အမြား ရှိနေပြီ ဖြစ်ပါသည်။ မဟာစည် ဆရာတော် ဘုရားကြီးသည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓ၏ တရားအရသာများကို တိုက်ကျွေးတော် မူခဲ့သော ကျေးဇူးရှင် မထေရ်မြတ်ကြီးအဖြစ် မှတ်တမ်းတင်ထားသော ဆရာတော်ကြီး ဖြစ်ပါသည်။
ဤသို့လျှင် ကျမ်းဂန် အမျိုးမျိုးတို့ကို ရေးသားတော်မူခြင်း၊ ဆဋ္ဌသင်္ဂါယနာ၌ တစ်ရာကျော်သော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို အဆုံးသတ် သုတ်သင် ပြင်ဆင်တော် မူခြင်း၊ ဆဋ္ဌသင်္ဂါယနာ၌ ပုစ္ဆက (အမေး) ဆရာတော်၊ အဋ္ဌကထာ စိစစ်ခဏ်း ဆရာတော်အဖြစ် ဆောင်ရွက်တော် မူခြင်း၊ သာသနာတော် သန့်ရှင်း ပြန့်ပွားရေးအတွက် နိုင်ငံတော် သြ၀ါဒစရိယအဖြစ် ဆောင်ရွက်တော် မူခြင်းတို့ဖြင့် သာသနာ့တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်တော် မူခဲ့သော၊ ကမ္ဘာအနှံ့ သတိပဋ္ဌာန် ၀ိပဿနာ ပဋိပတ္တိသာသနာပြု မထေရ်မြတ် ဖြစ်တော်မူသည့် ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင်သောဘန မထေရ်မြတ်သည် သက်တော် (၇၈)နှစ်၊ သိက္ခာတော် (၅၈) ၀ါအရ (၁၃-၈-၁၉၈၂) ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာ၌ စံလွန်တော် မူခဲ့ပါသည်။
မူရင်းhttp://www.mahasidhamma.com
Posted by Mg Chan Nyein Win

ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ ရိပ်သာ ဆရာတော်ကြီး

 
ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ
ရွှေတောင်ကုန်းသာသနာ့ ရိပ်သာ ဆရာတော်ကြီး

သည် ကောဇာသက္ကရာဇ် ၁၂ဝ၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၉ ရက်(ခရစ်နှစ် ၁၉၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်) ကြာသပတေးနေ့တွင် ရန်ကုန်မြို့ တံတားကလေးကျေးရွာ ရွှေဘိုစု၌ ခမည်းတော် ဦးဖေ၊ မယ်တော် ဒေါ်ချစ်စုတို့မှ ဖွားမြင်ခဲ့သော နဝမ သားရတနာ ဖြစ်ပါသည်။

ခုနစ်နှစ်သားအရွယ်တွင် ပဲခူးကော့ချဲကျေးရွာ ကျောင်းဆရာတော် အရှင်ဇာဂရ ထံတွင် ပညာစတင် သင်ယူကာ ကျောင်းသားအရွယ်ကပင် ကဝမြို့နယ် အုန္နဲရွာ ဒက္ခိဏာရုံရွှေကျင်တိုက် ပရိယတ္တိအာဂုံစာပြန် ပွဲတွင် ပထမငယ်နှင့် ပထမလတ်
တို့ကို ပြန်ဆိုအောင်မြင် တော်မူခဲ့သည်။

(၁၂)နှစ်သားအရွယ်တွင် ဆရာတော်အရှင် ဇာဂရထံ၌ပင် ရှင်သာမဏေ အဖြစ်သို့ ရောက်တော်မူ သည်။ အသက်(၁၈)နှစ်အရွယ်တွင် ပဲခူးကျောက် တန်းရွာ မဟာဗောဓိတောရ ဆရာတော်ကြီး အရှင်ကေလာသ မဟာထေရ် ထံရောက်ရှိကာ နေ့ဝါ ညဝါဆိုင်ရာ ကျမ်းစာများ ဆက်လက် သင်ကြားရင်း
ကျောက်တန်း မဟာဗောဓိတောရတိုက် ပရိယတ္တိ အာဂုံစာပြန်ပွဲ တွင် ပထမကြီးတန်းကို ပြန်ဆိုအောင်မြင် တော်မူခဲ့သည်။

သက်တော်(၂ဝ)ပြည့်သောအခါ ၁၃ဝ၂ ခုနှစ် တပို့တွဲလဆန်း ၈ ရက်နေ့ တွင် ကျောက်တန်းရွာ ဦးဘိုဟန်-ဒေါ်သောင်းတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျက် မဟာဗောဓိတောရတိုက် ခဏ္ဍသိမ်တော်ကြီး၌ မဟာ ဗောဓိတောရ ဆရာတော် ကို ဥပဇ္ဈာယ်ပြု၍ ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။

ဒုတိယကမ္ဘာစစ်ပြီးကာလတွင် သင်္ဃန်းကျွန်း ကျိုက္ကစံ ရွှေကျင်တိုက်သစ်တွင် အကူစာချဆရာတော် အဖြစ် စာပေပို့ချရင်း ၁၃ဝ၈ ခုနှစ် သက်တော် (၂၆)နှစ်တွင် ရှေးဦးအစ ကျင်းပသော ပါဠိပထမပြန်စာမေး ပွဲတွင် ပထမလတ်တန်း ကို အောင်မြင်တော်မူခဲ့သည်။ ၁၃ဝ၉ ခုနှစ် သက်တော် (၂၇)နှစ်တွင် ပထမကြီးတန်း ကိုလည်းကောင်း၊ စေတိယင်္ဂဏ ပရိယတ္တိသီးခြား စာသင်တန်းကိုလည်းကောင်း အောင်မြင် တော်မူခဲ့ပါသည်။

၁၃၁ဝ ခုနှစ် သက်တော်(၂၈)နှစ်တွင် မန္တလေး မဟာ ဝိသုဒ္ဓါရုံတိုက်သစ်၌ ဇီးပင်ဆရာတော် အရှင်သုဇာတထေရ် ကို မှီခိုလျက် ဆရာမြတ်များထံမှ စာချတန်းဆိုင်ရာ အထက်တန်းပါဠိ အဋ္ဌကထာ ဋီကာတို့ကို လေ့လာဆည်းပူး ခဲ့သည်။ ရန်ကုန်မြို့ ဘုရားကြီးတိုက်မှ လည်းကောင်း၊ ဆရာ ဦးအောင်မြတ်ထွဋ် ထံမှ လည်းကောင်း၊ သံလျင်သပြေကန် ဓမ္မိကာရာမတိုက် အရှင်ဝါသေဋ္ဌာ ဘိဝံသထံမှ လည်းကောင်း စာချတန်းဆိုင်ရာ နည်းနာနိဿယ တို့ကို လေ့လာ ဆည်းပူး တော်မူခဲ့ပါသည်။

သက်တော် (၃ဝ)အရွယ် ၁၃၁၃ ခုနှစ်တွင် သိရီပဝရ ဓမ္မာစရိယတန်းနှင့် သာသနဓဇ သိရီပဝရ စာချတန်းကို ဖြေဆိုအောင်မြင်ခဲ့ပါသည်။
၁၃၁၄ ခုနှစ် သက်တော်(၃၁)နှစ်တွင် စေတိယင်္ဂဏ စာချတန်းကို ပထမဖြင့် ဖြေ ဆိုအောင်မြင်တော်မူခဲ့ပါသည်

၁၃၁၆ ခုနှစ် သက်တော်(၃၃)နှစ်တွင် စာချရင်း ဆဋ္ဌသင်္ဂါယနာတင်ကိစ္စ၊ ပါဠိဝိသောဓက ကိစ္စတို့ကိုလည်း ဆောင်ရွက်တော်မူခဲ့ပါသည်။ ၁၃၁၇ ခုနှစ်တွင် သတိ ပဋ္ဌာန်ဝိပဿနာလုပ်ငန်းကို ဆက်လက် လေ့လာ ဆည်းပူး ရန် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးထံသို့ရောက် လာပြီး ဆရာတော်ကြီးပေးအပ်သော တာဝန်တို့ကို ဆောင်ရွက်တော်မူခဲ့သည်။

၁၃၂ဝပြည့်နှစ် သက်တော် (၃၇) နှစ်တွင် သီဟိုဠ်နိုင်ငံ ကိုလံဘိုမြို့၌ ကမ္မဋ္ဌာန်းဌာနသစ်ဖွင့်ရန် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးသည် ဆရာတော်အား ခေါ်ဆောင် သွား၍ ဆရာတော်သည် မဟာစည် ဆရာတော် ဘုရားကြီး၏ သြဝါဒတော်အတိုင်း (၃)နှစ်နီးပါး ပဋိပတ္တိ သာသနာပြု လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကျန်းမာရေး မပြည့်စုံသဖြင့် မဟာစည်တော်ဘုရားကြီးထံ ပြန်လာခဲ့ပြီး ပရိယတ္တိ ပဋိပတ္တိ နည်းနာနိဿယများ ကို ဆက်လက် ဆည်းပူးရင်း တရားအားထုတ်ရန် လာရောက်သော ယောဂီ များကို ဟောကြားညွှန်ပြဆုံးမပေးခဲ့ပါသည်။

၁၃၄ဝ ခုနှစ် (ခရစ်နှစ် ၁၉၇၉ခုနှစ်)တွင် မဟာစည် သာသနာ့ရိပ်သာ၌ နာယကဆရာတော် တစ်ပါးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ် မဟာစည် ဆရာတော်ကြီး စံလွန်တော်မူသွားသောအခါ သြဝါဒါ စရိယ ဆရာတော်အဖြစ် (၈)နှစ်တာမျှ သာသနာ့ဝန်ကို ကြိုးပမ်းဆောင် ရွက်တော် မူခဲ့ပါသည်။

၁၃၅၂ခုနှစ် (၁၉၉ဝ ပြည့်နှစ်) သက်တော်(၆၈)နှစ် တွင် အမှတ်(၈ဝ-က) သံလွင်လမ်း ဗဟန်းမြို့နယ်တွင် တည်ရှိသော ပဏ္ဍိ တာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာကို စတင်တည်ထောင်တော်မူခဲ့ပြီး အနာဂတ် သာသနာရေး အတွက်ပါ အမြော်အမြင်ကြီးစွာဖြင့် ပရိယတ် မကင်းသော ပဋိပတ်၊ ပဋိပတ် မကောင်းသော ပရိယတ် သာသနာပြုလုပ်ငန်းကို ဗုဒ္ဓနည်းကျ မဟာစည် ဆရာတော် ကြီး၏ သြဝါဒတော်အတိုင်း စဉ်ဆက်မပြတ် ဆောင်ရွက် ခဲ့ပါသည်။

၁၃၆၉ ခုနှစ်(၂ဝဝ၇ခုနှစ်) သက်တော်(၈၆)နှစ်တွင် နှလုံးခွဲစိတ် ကုသမှု ခံယူပြီးနောက် ပြည်တွင်းသာမက ပြည်ပ နိုင်ငံများဖြစ်ကြသည့် အမေရိကန်၊ ထိုင်ဝမ်၊ နီပေါ၊ စင်ကာပူနိုင်ငံများသို့ပါ ကြွရောက်ကာ ဓမ္မဂုဏ် ရည်များ ပြသပေးခဲ့ပါသည် ။ ပြည်တွင်းတွင် ရန်ကုန်၊ ပဲခူး၊ ဆယ်မိုင်ကုန်း၊ သန်လျင်၊ ထောက်ကြန့်၊ လှည်းကူး၊ မော်လမြိုင်၊ ပြင်ဦးလွင် ရိပ်သာခွဲ များရှိလာပြီး ပြည်ပတွင် နီပေါ၊ သြစတြေးလျ၊ ကိုရီးယား၊ အင်္ဂလန်၊ အမေရိက၊ ကနေဒါ၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်ဝမ် ရိပ်သာခွဲများ ရှိလာကာ ဓမ္မအလင်းများ ဖြန့်ဝေပေးလျက်ရှိပါသည်။

ဆရာတော်ကြီးသည် အနာဂတ်မျိုးဆက်သစ်များ အတွက် တော်ဖို့ထက် လူကောင်း၊ လူမွန်လေးများ ဖြစ်လာကြစေရန် ဗုဒ္ဓအဆုံးအမ၊ ဗုဒ္ဓယဉ်ကျေးမှုတို့ ကိန်းအောင်းကျင့်သုံးလာစေရန်အတွက် နွေရာသီ တစ်လတာ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းကိုလည်း ယခုနှစ်တွင် (၂၆)ကြိမ်တိုင်တိုင် စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြားပြသဆုံးမပေးခဲ့ပါသည်။ ၁၃၆၄ခုနှစ် (၂ဝဝ၂ ခုနှစ်)မှစ၍ ဝါတွင်းကာလများတွင်လည်း အပတ်စဉ် ဥပုသ်နေ့တိုင်း ကျောင်းသား လူငယ်များအတွက် ဗုဒ္ဓယဉ်ကျေးမှုများ သင်ကြားပြသပေးတော်မူခဲ့ပါ သည်။

ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော်ကြီးသည် ပရိယတ်မကင်းသော ပဋိပတ်၊ ပဋိပတ်မကင်းသော ပရိယတ်သာသနာကို အားသွန် ခွန်စိုက်ပြုရင်း သက်တော်(၉၅)နှစ် ဝါတော်(၇၅)ဝါ အရွယ် ကောဇာ သက္ကရာဇ် ၁၃၇၇ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ သင်္ကြန်အတက်နေ့၊ စနေနေ့ (ခရစ်နှစ် ၂ဝ၁၆ ခုနှစ် ဧပြီလ ၁၆ ရက်)တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဘာမွန် ဂတ် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး (Burmungard International Hospital) တွင် ဗန်ကောက်မြို့ စံတော်ချိန် နံနက် ၈ နာရီ ဝ၅ မိနစ် (မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၃၅ မိနစ်)၌ ဘုရားရှင်ပင် မလွန်ဆန် နိုင်သော အနိစ္စ သဘောနှင့်တွေ့ ရ၍ ခန္ဓာဝန် ချုပ်ငြိမ်းကာ စံလွန်တော်မူခဲ့ပါသည်။

thithtoolwin.com

ဝေဘူဆရာတော်ဘုရားကြီး

 
ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး၏ ထေရုပတ္တိ အကျဉ်း
ဆရာတော်လောင်းလျာမှာအင်းကြင်ပင်ရွာ-ဦးလူဖေ၊ဒေါ်ကြင်နုတို့ မှ ၁၂၅၇ ခုနှစ်တပေါင်းလဆန်း၆ရက် တနင်လာနေ. နံနက် လေးချက်တီးကျော်မွေးဖွားခဲ.သည်။ ကျေးလက်တောရွာတွင်ကံက ပစ်ချခဲ.သော်လည်း ဆရာတော်ကားမင်းဆွေစိုးမျိုးဖြစ်ဧ။်။ ဆရာတော်ဧ။် အဘွား(ဦးလူဖေဧ။်မိခင်)ကား အိမ်ရှေ့စံမိဖုရား တစ်ပါးဖြစ်ဧ။်။ ခင်ခင်ဟုခေါ်သည်။
ဆရာတော်ဧ။် အဘိုးဦးကူးကားဘဏ္ဍ၀န်ဖြစ်သည်။ယခုအင်းကြင်ပင်မြောက်ဘက် ကျောင်းကြီးဒကာဖြစ်သည်။ ၁၂၇၇ ခုနှစ်တွင်ရဟန်းဖြစ်၍ ၁၂၈၀-၈၁ ခုနှစ်များ မန်းတလေးမစိုးရိမ်ဆရာတော် အဘိစဇ မဟာရဠဂုရု ထံပညာသင်ကြားခဲ.ဧ။်။ ၁၂၈၅ ခုနှစ်အထိ အင်ကြင်ပင်ကျောင်းတွင်ပင် နေပြီး ထိုနှစ်နယုန်လ တောထွက်တော်မူသည်။
မယ်တော်ကြီးဒေါ်ကြင်နုမှာ ကျောင်းပွဲဘုရားပွဲရှိတိုင်း တောင်ဝှေးတစ်ချောင်းဖြစ် ကျောင်းသို.လာရာ လာတိုင်းပင် ငို၍ပြန်ရဧ။်။ သတင်းအစအနမျှ စုံစမ်းမရသဖြင်. တစ်နှစ်အကြာ သားသောကဖြင်.ပင် ကွယ်လွန်ရရှာဧ။်။
၁၂၈၅ ခုနှစ်တစ်ဝါ ရွှေဘိုမြို. ပုသိမ်တောရ ဆရာတော်ထံနေ၍ ၀ါကျွတ်လျှင် မင်းဘူး ရွှေစက်တော်မှစ၍ တောတောင်အနှံ. ကြွရောက်တော်မူသည်။ ထိုနှစ်ကုန်ခါနီးမှာပင် ကျောက်ဆည်ဝေဘူလတောင်ဝှမ်း အင်္ဂလိပ်သင်္ချိုင်းအနီးရှိ လျှိုမြောင်အကြားတွင် သီတင်းသုံးဧ။်။ ကျောက်ဂူတစ်ခုလည်းရှိသည်။ တစ်နေ.သောအခါ ဟင်းရွက်ခူး ထင်းခွေသူများက ဂူထဲတွင် မကျန်းမာ၍ လဲနေသည်ကို တွေ.ရမှာအစ ဆေးဝါးကုသကာ ဆန်စက်သူဌေးဦးပျော.က နေ.ချင်းပြီး
ကျောင်းငယ်တစ်ဆောင် ဆောက်လှူကိုးကွယ်သည်။
ကျောင်းဆောက်လှူရန် လျှောက်သော်လည်း ခုနှစ်ရက်တိုင်တိုင်ခွင်.မပြု ကပ်မိုးကပ်ကာနှစ်ခန်းကျောင်းကလေးဆောက်လှူပြီးသော်လည်း အရက်နှစ်ဆယ်ခန်. ကျောင်းဒကာအား စကားမပြော။ တို.များကိစ္စမပြီးခင် လူတွေက ၀ိုင်းအုံလိုက်နေလို. ပုန်းစရာတောင် မရှိတော.ဘူးဟု မိန်.တော်မူဧ။်။
ထိုတောထွက်သော နှစ်၊လ၊ပိုင်း အတွင်းတွင်ပင် တတိယအဆင်.အထိပြီးစီးတော်မူဟန်ရှိသည်။အဲဒါတော. မကြာဘူးဟဲ. ဟူ၍သာ မိန်.တော်မူဧ။်။အနာဂမ်အဖြစ်နှင်.ကား နှစ်ပေါင်းမျာစွာ ကြာလွန်နေရဟန် တူလေသည်။ အဘိညာဉ် ကိစ္စများလည်းတစ်ပါးတည်း ပြီးပြည်.စုံမူကြောင်း အထောက်အထားများစွာရှိဧ။်။ ထိုအချိန်မှစ၍ကျိန်းစက်သည်ကိုလည်းမတွေ.ရ။ရာသီဥတုကြောင်.နှာစေးခြင်းမရှိဟုဆိုကြသည်
ဦပျော.ကားဘုန်းကြီး ထွက်သွားမည်စိုးသဖြင်. အထူးဂရုစိုက်နေဧ။်။ ၁၂၈၉ ခုနှစ် သတင်းစကားအရ ခမည်းတော်ရောက်လာဧ။်။ ရဟန်းပြုပေးပြီးနောက်ခမည်းတော် ဦးပဥွင်းကြီးနှင်.အတူအင်ကြင်းပင်သို.ပြန်ကြွရသည်၊ ထိုအချိန်မှစ၍ ကျောက်ဆည်နှင်.အင်ကြင်းပင်ခြောက်လစီ သီတင်းသုံးသည်။ ၁၃၁၂ ခုနှစ်မှစ၍ ရွှေဘိုတွင် အောင်မြေရိပ်သာ ဖွင်၍ နှစ်လခန်. သီတင်းသုံးသည်။
ဆရာတော်ကား ဓုတင် တစ်ဆယ်.သုံးပါးကို အခါအားလျော်စွာ ဆောင်တော်မူဧ။်။ အာနာပါနကမ္မဋ္ဌာန်းကို ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရှုပွားတော်မူပါသည်။ ကျောက်ဆည်ပတ်ဝန်းကျုင်၌် ရဟန်းဆယ်.နှစ်ဝါလောက်မှစ၍ ဆရာတော်ဧ။် သတင်းမှာ သင်းပျံ.စပြုလျက်ရှိပါသည်။ ကျောက်ဆည်မြို. ဖောင်ရွာဆန်စက်ပိုင်ရှင် သူဌေးဦးပျော. ဇနီးဒေါ်မြင်. ခဲအိုဦးချက်နှင်. သားမက်တော်သူ ဦးကြောင်နှင်. ဦးလှကျော်တို့ မှစ၍ ကျောက်ဆည်မြို.သူမြိုသားများ ပူဇော်ခွင်.ရခဲ.ကြပါသည်။ ဦးပျော.က ကျောင်းဆောက်လှူခွင်.ပြုရန် အတန်တန်လျှောက်၍ လက်ခံတော်မူရကာ ကျောင်းပြီးသောအခါ -ဒကာကျောင်းကတယ်ကျယ်ဝန်းသကိုး၊ကျုပ်က ခပ်ကျဉ်းကျဉ်း လိုတာပါ ဟုမိန်.တော်မူဧ။်။
စင်စစ်ကျောင်းမှာ လေးတိုင်စင်သာသာမျှသာ ရှိပါသည်။
ဆရာတော်သည် ဓုတင်တစ်ဆယ်.သုံးပါးလုံးကို ဆောင်တော်မူရာ ကမ္မဋ္ဌာန်းအလုပ်ခွင်အတွက်တွန်းအားအကောင်ဆုံးဖြစ်သော နေသဇ်ဇိကင်္ဂဓုတင်ကိုမူ အထူးရှေ.တန်းတင်၍ ဆောင်တော်မူသည်။နည်းခံတပည်.များကိုလည်း အထူးတိုက်တွန်း ပြညွှန်တော်မူ လေ.ရှိပါဧ။်။
ထိုဓုတင်အကျင်.မှာ လူသာမန်အမြင်၌် ပြင်းထန်လွန်းသည်၊ကျန်းမာရေးချို.တဲ.လေမည်လားစသည်ဖြင်.ထင်ဖွယ်တွေးဖွယ်ရှိသော်လည်း ဆရာတော်ကမူ အရှင်မဟာကဿပ အရှင်ဗာကုလ စသည်တို့ ကိုထောက်ပြကာ ပို၍ပင် ကျန်းမာသက်ရှည်နိုင်ကြောင်း ရဲရဲကြီးတိုက် တွန်းတော်မူပါသည်။ အာမခံချက်ပေးတော်မူပါသည်။ စံနမူနာလည်းပြတော်မူပါသည်။ “ဘုရားဆုံးမတာက ဆင်းရဲအောင် မဆုံးမဘူး၊ ချမ်းသာအောင်ချည်းပဲ၊ကိုယ်ကသာထင်ချင်သလို ထင်နေတာ။” တစ်ရက် (၂၄-နာရီ) ပြည်.သွားပြီဆိုတော. ကောင်ကောင်းလှလှကြီးသိပါလိမ်.မယ်၊ တချို.အားထုတ်တာ အနှစ်လေးငါးဆယ်ရှိပြီလို.ပြောကြတယ်၊ သေသေချာချာစိစစ်ပြီး ကြည်.ပါ၊ တစ်ရက်ပြည်. ရက်လား။ နေ.တိုင်းအိပ်နေတယ်၊ ဘာဖြစ်လို့ အိပ်ရေးမ၀ကြတာလဲ။ အိပ် ရေးဝအောင် လုပ်တာမှမဟုတ်ပဲ။ အိပ်ချင်ရင် မအိပ်ချင်တဲ.နေရာ ရှိတယ်။ အဲဒီနေရာကို ရောက်အောင်သွား ၊အိပ်ရေးဝသွားလိမ်.မယ်။အဲဒါ” (နေသဇ်ဓုတင်) ရန်သူ(ထိနမိဒွ)ကို နိုင်တဲ. လက်နက်ဗျာ.။ စစ်တိုက်မယ်နဲ. ခေါင်းအုံးကြီးတွေနဲ. ဆိုတော. မနိုင်တာဟာ ဒါကြောင်.ဗျာ။”
ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ နှစ်ပေါင်းအတော်ကြာကပင် တစ်နှစ်ပြီးတစ်နှစ် အံ့သြကြည်.ညိုဖွယ် သတင်းထူများက ဖုံးကွယ်၍ မရအောင် ဖြစ်လာတော၏။ နွားကျောင်းသား ကုလာလူမျိုး “အလီ” ဖောင်ရွာ နွားနို.ရောင်းကုလား “ဒေ၀ဒတ်” ကျောက်ဆည်မြို. မင်းရပ်”ဦးခ” စသောမျက်မြင်ကိုယ်.တွေ. ပုဂ္ဂိုလ်များတနေ.တခြား များပြားလာသည်နှင်.အမျှ နည်းခံပွားများသောယောဂီများပင် တနေ.တခြား တိုးပွားခဲ.ပါသည်။ ကုလားမျာကမူ –
“ဒီတောင်ပေါ်မှာ ဗမာဘုန်းကြီး လူစွမ်းကောင်းရှိတယ်” ဟုတအံ.တသြပြောဆိုကာ ကုလားလူမျိုးများပင် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလာကြပါသည်။ ဝေဘူလ ဝေဘာရ တောင်စဉ်တစ်ကြောရှိ စေတီငယ်များအား ကောင်းကင်ယံမှ ပျံကြွကာ ဘုရားမီး ပူဇော် သည်ကိုလည်း အကြိမ်ကြိမ်ဖူးတွေ.ရသူများ ယခုတိုင် ရှိကြပေသေးသည်။
ကျောက်ဆည်မြို၏အရှေ့ တောင်အရပ် တောင်စဉ်တောင်ဝှမ်းများတွင် “တောင်ပေါင်းချောင်”ခေါ်သော အရပ်ဌာန တစ်ခုရှိ၏။ လွန်ခဲ.သော နှစ်ပေါင်း ခုနှစ်ဆယ်ခန်.က ထို ၌်သီတင်းသုံးသောတောင်ပေါင်းချောင်ဆရာတော် ခေါ်ရှေ.မြင်နောက်မြင်ဆရာတော် တပါးရှိခဲ.ဖူးရာ ၄င်းဆရာတော်ကြီးကလည်း “ဝေဘူလချောင်နေရာ၌် အာဇာနည် ပုဂ္ဂိုလ်မြတ်တစ်ပါး ထွန်းပေါက်မည်” ကို ကြိုတင်
ပြောထားခဲ.ဖူးကြောင်း ကျောက်ဆည်ပတ်ဝန်းကျင်၌်ရှေ့ မီ နောက်မီ လူကြီးသူမများ ပြောဆိုကြပါသည်။
https://thenobleeightfoldpath.wordpress.com/