လယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ အကျဉ်း
ဒီပဲယင်းမြို့ မဟာလယ်တီဆရာတော်ဘုရားကြီး၏
စိုင်ပြင်ကြီးရွာလယ်တီင်္ဒီပန
(တည်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေ
လယ်တီလောင်းလျာ ဖွားမြင်ရာ စိုင်ပြင်ရွာ၏ မြောက်ပိုင်း အိမ်ခြေ ၁၂ အိမ်မျှသာရှိသော ကတိုးရပ်ကွက်ရှိ ဦးထွန်းသာ ဒေါ်ကြုံးတို့နေအိမ်ဝင်း၌ ထူးဆန်းအံ့သြဖွယ်ရာ ကောင်းသော အဖြစ်ဆန်းတစ်ခုကို နီးစပ်ရာ ရွာသူရွာသားများ
မျက်မြင်ဒိဌ တွေ့ကြရသည်။
ဒေါ်ကြုံးသည် နံနက်ခင်းအချိန်၌ ဘုရားဆွမ်းတော်ကပ်ရန် ဘုရားခန်းသို့ ရောက်ရှိနေသည်။ဒေါ်ကျုံးသည် ကိုးလကျော် ဆယ်လတွင်းသို့ ရောက်သည့်တိုင် လွယ်ထားရသော ကိုယ်ဝန်ဖြင့် ရင်ထဲမှအောင့်လျှက် မူးဝေတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။
ထိုနေ့ ညချမ်းအချိန်တွင် အချိန်အခါမဲ့ မိုးရွာခြင်း၊ လျှပ်စီးရောင်များ တောက်ပ၀င်းလျက် မိုးထက်ချုန်းသံများ ဆက်တိုက်မြည်ဟည်းနေခြင်း၊ ဦးထွန်းသာ ဒေါ်ကြုံးတို့ နေအိမ် ဥပစာအတွင်း ပုဆိုးတစ်ပတ်ခန့်ရှိ မန်ကျီးပင်၌ စုရုံးထောင်ထားသော ၀ါးလုံးများကြားမှ စို့တံတိုင်း (သက်တန့်) ကြီး၏
အရောင်မျိုးစုံတို့သည် အိမ်တစ်အိမ်လုံး ရစ်ပတ်ထားသကဲ့သို့ဖြစ်ပြီး စို့တံတိုင်းကြီးသည် အိမ်အတွင်းသို့ဝင်လျှက် အိမ်ခေါင်မိုးသို့ ဖေါက်ထွက်သွားခြင်း၊ ဒေါ်ကျုံးသည် ဘုရားခန်း၌ပင်လျှင် လွယ်ဆောင်သောပဋိသန္ဓေကိုယ်ဝန
လူသူတော် တစ်ဦးသည် အိမ်ဦးဘုရားခန်း၌ တွေ့မြင်ရ၍ မိခင်နှင့် ကလေးကို ပြုစုစောင့်ရှောက်နေခြင်းစသ
ထိုနေ့သည်ကား ၁၂၀၈ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ အင်္ဂါနေ့ ညဥ့်တစ်ချက်တီးကျော်အချိန် မဟာလယ်တီလောင်းလျာကို ဖွားမြင်တော်မူသည့် နေ့ထူးနေ့မြတ် အခါသမယပင် ဖြစ်သည်။
ဤသို့ အတိတ်နိမိတ် ထူးခြားစွာ ဖွားမြင်လာရာ အညစ်အကြေးများ ကင်းစင်၍ ဖြူဖွေးခန့်ညားသည့် ကိုယ်ခန္ဓာရှိသော လယ်တီလောင်းလျာလေး သူငယ်သည် ငိုကြွေးခြင်းလုံးဝ မရှိသည်မှာ အံသြဖွယ်ကောင်း၍ ကလေးငယ်တို့သဘာဝကို ရှေးဦးစွာ တော်လှန်လိုက်ခြင်းဖြစ်သည်။
လယ်တီလောင်းလျာ ကလေးငယ်အား ထူးဆန်းသော နိမိတ်များကို အစွဲပြု၍ မိဘဆွေမျိုးတို့သည် “မောင်တက်ခေါင်” ဟု မှည့်ခေါ်ကြသည်။
ဦးထွန်းသာ ဒေါ်ကြုံးတို့တွင် သားသမီး ၆ ယောက်ထွန်းကားခဲ့ပြီး အကြီးဆုံးသားမှာ ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့ပါတယ်။ လယ်တီဆရာတော် လောင်းလျာ မောင်တက်ခေါင်မှာ ဒုတိယမြောက်သားဖြစ်ပြီး ၎င်းအောက်တွင် မောင်တက်စွာ၊ မောင်တက်ပွား၊ မောင်တက်ထွား နှင့် ညီမထွေး မမြလေးတို့ရှိကြပါတယ်။
မိဘဆွေမျိုးများသည် လယ်တီလောင်းလျာ ၁၀ နှစ်သားအရွယ် မောင်တက်ခေါင်ကို စိုင်ပြင်ရွာကျောင်းမတိုက် ဆရာတော် ဦးနန္ဒအထံ ပညာသင်ကြားရန် အပ်နှံကြသည်။ ၁၅ နှစ်သားအရွယ်တွင် ထိုကျောင်းမတိုက် ဆရာတော် ဦးနန္ဒ အထံသို့ ရှင်သာမဏေအဖြစ်ဖြင့် ပညာဆက်လက် သင်ကြားသည်။
လယ်တီလောင်းလျာ ရှင်သာမဏေအား ပညာတံခွန် ထွန်းပြောင်စိုးနိုင်မည့် အရည်အချင်းကိုသိသဖြင့်ရှင်ဥ
(၁၅) နှစ်သားအရွယ် သာမဏေငယ် အရွယ်ကပင်လျှင် ကစ္စည်း၊ သဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟ၊၀ီထိလက်ရိုး၊ ဓာတုကထာ၊ ယမိုက်၊ ပဌာန်း စသော နေ့ဝါ ည၀ါကျမ်းများကို သင်ကြားတတ်မြောက်ခဲ့ပေသည်။
၁၈ နှစ်အရွယ် သာမဏေ ရှင်ဥာဏဓဇသည် ရဲထွက်ရွာ အရှေ့ဘက် ဝေဒပါရဂူ ဆရာတော်ဦးဂန္ဓမာအထံတော်တွင်
မဟာကျေးစေခန်းရတု၊ သျှိုးလိုက်ရတု၊ ကဗျာ၊ လင်္ကာ စသည်တို့ကို ရေးသားနိုင်ခဲ့သည်။လယ်တီလော
၁၂၃၀ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော် မြောက်ပြင် မင်္ဂလာစံကျောင်းတိုက်သုဒဿန၀ရ
ထိုအချိန်မှာ ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီး ခြေတော်ရင်း၌ -
(၁) အလုံမြို့နယ် ဇာတိ မိုင်းခိုင်းဆရာတော် ဦးပဏ္ဍိတ
(၂) စလင်းမြို့ ဇာတိ ဆရာတော် ဦးပဏ္ဍိစ္စ ဟု စာချတပည့်ကြီး နှစ်ပါးတို့ ရှိကြပေသည်။
ယင်းတပည့်ကြီး နှစ်ပါး တို့တွင် လယ်တီဆရာတော်သည် စလင်းဆရာတော် ဦးပဏ္ဍိစ္စ၏တပည့်ရင်း ဖြစ်တော်မူသည်။ ၀ိနည်းအဌကထာ၊ အဘိဓမ္မာအဌကထာစသည်တို့ကို အာစရိယမုဌီဆုပ်မိကိုင်မိအော
ထိုအခါက မန္တလေး ရတနာပုံနေပြည်တော်တွင် ရွှေပြည်ဝန်ကြီးခေါ် ယောအတွင်းဝန်ဦးဖိုးလှိုင်သ
ဦးဖိုးလှိုင်ထံ ကြွရောက်ကာ တွေးခေါ် ယူဆ ပြောဆိုရေးသားပုံတို့ကိုလေ့
မင်းတုန်းမင်းတရားကြီး ပဉ္စမသင်္ဂါယနာ တင်ရာတွင် ဗြဲတိုက်တော် ရာဇပလ္လင်ထက်၌ကထာဝတ္ထု ပါဠိတော်ကိုကြောက်ရွံ့မဲ့ကင
မူခဲ့သည်။ မန္တလေး စံကျောင်းတိုက်မှာပင် ပထမ စာချ ဖြစ်လာသောအခါ၌ စံကျောင်း ဆရာတော်ဘုရားကြီးက ပါဠိဘာသာဖြင့် မေးတော်မူသော ပါရမီတော်ဆိုင်ရာ ပုစ္ဆာ (၂၀) ကိုဖြေကြားတော်မူသည့်ပါရမီ ဒီပနီကျမ်းကို ရေးသားခဲ့သည်။ ထို့ကြောင့် “ဒီပနီအစ ပါရမီက” ဟု ဆိုထုံးပြုခဲ့ကြပေသည်။
မန္တလေးမြို့ကြီး မီးဘေးသင့်သောအခါ တပည့်ရင်းဖြစ်သည့် မုံရွာမြို့၊ ရွှေစည်းခံဘုရား အရှေ့ဘက်ရှိ ပြဿဒ်ကျောင်းဆရာတော်ဦးဉာဏဝ
၁၂၄၈ - ၁၂၄၉ ခုနှစ်မှစ၍ မုံရွာလယ်တီ တောရတွင် သီတင်းသုံးလျှက် အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ အဖွင့်ဖြစ်သောပရမတ္ထဒီပနီဋီက
ထိုအခါမှစ၍ ဒီပနီကျမ်းပေါင်း (၁၂၀) ကျော် ကိုသီတင်းသုံးရာ ဌာနတိုင်းမှာ ရေးသားတော်မူခဲ့သည်။ထို့ပြင
စံကျောင်း၌ သီတင်းသုံးတော်မူစဉ် နိုင်ငံခြား ဗုဒ္ဓသာသနာပြု အသင်းကြီးကို ကြီးမှူးတည်ထောင်ကာလန်ဒန်မြ
သို့ဖြစ်၍ ၁၂၇၇ ခုနှစ်၊ မန္တလေးမြို့ လယ်တီစံကျောင်း၌ သီတင်းသုံးတော်မူစဉ်ပင် တန်ဆောင်မုန်းလဆန်း (၁) ရက်၊ (၇ - ၁၁ - ၁၉၁၅)တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံတော် အစိုးရ၏ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခြင်းကို ခံယူ ရရှိတော်မူသည်။
၁၂၈၃ ခုနှစ်၊ နတ်တော်လတွင် စစ်ကိုင်းမြို့၊ ဇေတ၀န်ကျောင်း၌သီတင်းသုံးတေ
သန်းဇော်
No comments:
Post a Comment